Monday, August 26, 2013

မိုဘိုင်းလ်ဖုန်း သုံးစွဲသူ များပြားလာသော်လည်း ဆက်သွယ်ရေး PCO ဖုန်းများမှာ မရှိမဖြစ် လိုအပ်လျက်ရှိ




မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကြီး လျင်မြန်စွာ တိုးတက်လာသည့် အလျောက် မိုဘိုင်းလ်ဖုန်း သုံးစွဲသူ များမှာလည်း များပြားလျက် ရှိကြောင်း တွေ့ရသည်။ ပြည်သူများ အနေဖြင့် ကိုယ်ပိုင် မိုဘိုင်းလ်ဖုန်းများ သုံးစွဲလာကြသော်လည်း တစ်ဖက်တွင်ရှိသော မြန်မာ့ ဆက်သွယ်ရေး ဖုန်းများမှာ မရှိမဖြစ် လိုအပ်လျက် ရှိကြောင်း သိရသည်။


''အန်ကယ်တို့ အနေနဲ့ကတော့ ဆက်သွယ်ရေး ဖုန်းတွေ ရှိနေသေး တာကိုလည်း ကျေးဇူးတင် ရမှာပါ။ ပြည်သူ အကုန်လုံးတော့ မဟုတ်ပေမဲ့ တချို့အခြေခံ လူတန်းစားတွေ အတွက်က ဘယ်လောက်ပဲ ဈေးပေါတဲ့ ဆင်းကတ်တွေ ရှိနေပါစေ PCO ဖုန်းတွေကို အသုံးပြုနေ ရဆဲပါပဲ။ အဲဒီလို အသုံးပြုနေရ တာကလည်း ဆင်းကတ်တွေ ကတော့ ဈေးပေါတယ်။ ဒါပေမဲ့ ဘီလ်က အကုန်မြန်တယ်။ အပြောမခံဘူး။ ကျပ်၅ဝဝဝ တန် တစ်ကတ်ဆို တစ်ပတ်၊ နှစ်ပတ်လောက်ပဲ ခံတယ်လေ။ ဒါတွေက ရှိသေးတာပေါ့။ အခြေခံ လူတန်းစားတွေ အတွက်ကတော့ တစ်ခါ တစ်ခါ ဖုန်း ဘီလ် ကျပ် ၅ဝဝဝ၊ ၁ဝဝဝဝ ထည့်ဖို့ကျတော့ အဆင် မပြေဘူးလေ။ ဒီတော့ PCO ဆီပဲ ပြေးရတာပေါ့'' ဟု ပြည်သူတစ်ဦးက ပြောပြခဲ့သည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တန်ဖိုးနည်း ဖုန်းကတ်များကို ချပေးထားသဖြင့် ပြည်တွင်းရှိ လူဦးရေ ထက်ဝက်နီးပါး ကိုယ်ပိုင် ဖုန်းများဖြင့် အသုံးပြု နေကြသော်လည်း ဖုန်းသုံးစွဲရာ၌ အကြောင်း အမျိုးမျိုးကြောင့် မြန်မာ့ ဆက်သွယ်ရေး PCO ဖုန်းများကို ယနေ့ထက်တိုင် အစဉ်အလာမပြတ် သုံးစွဲနေ ရကြောင်း သိရသည်။

ကောင်းကင်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...