Monday, August 26, 2013

ဇူးရစ်ခ်ျမြို့မှ ပြည့်တန်ဆာတို့အတွက် ကားဂိုးဒေါင်ငယ်လေးများ


ဇူးရစ်ခ်ျတွင် ရောင်စုံ ကားဂိုဒေါင်ငယ်လေးများကို ထားရှိပေးသွား မည် ဖြစ်ပြီး ပြည့်တန်ဆာ ကိစ္စအတွက် အလိုရှိသူ တစ်ဦးသည် ၎င်း၏ ကားကို ယင်းဂိုဒေါင်ထဲ ဝင်ရောက် ရပ်နားထားရမည်ဟု ဆိုသည်။

ဆွစ်ဇာလန် နိုင်ငံ၊ ဇူးရစ်ခ်ျမြို့တွင် လိင်လုပ်သား (ပြည့်တန်ဆာ)များကို အကာအကွယ်ပေးရန် ထူးထူးခြားခြား အစီအစဉ် တစ်ခုကို စတင် အကောင် အထည် ဖော်လျှက် ရှိသည်။ ဇူးရစ်ခ်ျတွင် ရောင်စုံ ကား ဂိုဒေါင်ငယ်လေးများ ကို ထားရှိပေးသွားမည် ဖြစ်ပြီး ပြည့်တန်ဆာ ကိစ္စအတွက် အလိုရှိသူ တစ်ဦးသည် ၎င်း၏ ကားကို ယင်းဂိုဒေါင်ထဲ ဝင်ရောက် ရပ်နားထားရမည်ဟု ဆိုသည်။ Drive-in Sex Boxesဟု ခေါ်ဝေါ် သည့် အဆိုပါ ဂိုဒေါင်ငယ်လေး များကို ပြည့်တန်ဆာများ အတွက် ဖောက်သည်စောင့်မျှော်ရန် သီးခြား ခွင့်ပြုထားသည့် နေရာများတွင် ထားရှိသွားမည်ဟု သိရသည်။

ယင်းအစီအစဉ်ကို အကောင်အထည်ဖော်သည့် မိုက်ကယ်ဟာဇစ်က ယင်းဂိုဒေါင်လေးများက လိင်လုပ်သားများ၏ လုံခြုံရေး ကဏ္ဍကို တိုးတက် ကောင်းမွန်စေမည် ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ပြီးခဲ့ တဲ့ နှစ်တွေက ရောမက အမျိုးသမီးတွေ (ပြည့်တန်ဆာများကို ရည်ညွှန်းသည်)နဲ့ ပတ်သက်ပြီး ဆိုးရွားတဲ့ အခြေအနေတွေ ကြုံလာ
ရတယ်။ တချို့က ဒီအလုပ်အတွက် အတင်းအဓမ္မ စေခိုင်းခံရတယ်။ ကျွန်တော်တို့ကတော့ ဒီအနေအထားတွေကို လျှော့ချဖို့၊ ရပ်ဆိုင်း
သွားစေဖို့ ကြိုးစားမှာပါဟု ဟာဇစ်က ဆိုသည်။

၎င်းက ယခုလို သီးခြားနေရာများ ခိုင်ခိုင်မာမာ သတ်မှတ်ခြင်းဖြင့် ပြည့် တန်ဆာများသည် လူနေရပ်ကွက်များထိ သွားရောက်၍ လုပ်ငန်းခွင် ချဲ့ထွင်စရာ မလိုတော့ဘဲ လုံခြုံမှုရှိသော နေရာဌာန တစ်ခုတွင် အရောင်းအဝယ် ကိစ္စ စကားပြောခွင့် ရရှိစေမည်ဟု ပြောဆိုသွားသည်။ အဆိုပါ ကားဂိုဒေါင်များတွင် အရေးကြုံပါက အကူအညီ တောင်းခံနိုင်ရန် အချက်ပေး ခေါင်းလောင်းများပါ တပ်ဆင်ပေးထားသည်။

ဒီဖြေရှင်းနည်းကနည်း ကောင်းတဲ့ အချက်တွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ အမျိုးသမီး ဘဝကို အထောက်အပံ့ ပေးတာက ပိုကောင်းလာမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုယ်တိုင်က အလုပ်အတွက် နေ ရာသတ်မှတ်ချက် ရလာပြီ။ အဲဒီ ကားဂိုဒေါင်မှာ ရေချိုးခန်းရှိတယ်။ အိမ်သာရှိတယ်။ အမျိုးသမီးတွေ ကောင်းကောင်း အသုံးပြုနိုင်တယ်။ တခြားလူတွေ နားမထောင်နဲ့ဘဲ သူတို့က ကျွန်မတို့ကို ဆက်သွယ် လို့ရတယ်။ ပြီးတော့ အဲဒီနေရာက သီးခြားဖြစ်နေတယ်။ စနစ်တ ကျ စောင့်ကြည့်မှုကို ခံနေရတယ်ဟု Flora Dora အမျိုးသ မီး စောင့်ရှောက်ရေး စင်တာမှ အာဆူလာ ကိုချာက ပြောကြားခဲ့သည်။

ယူရိုငွေ သန်းနှင့်ချီ ကုန်ကျသော အဆိုပါ ပရောဂျက်ကို ပြီးခဲ့သည့်နှစ်က ဆွစ်ဇာလန် လွှတ်တော်တွင် လူမှုဘဝ ပြုပြင်ရေး အစီအစဉ်အတွင်း ထည့်သွင်းဆွေးနွေးကာ သဘောတူညီမှု ရရှိခဲ့သည်။ အဆိုပါ နေရာများ သည် ကားဖြင့် လာရောက်သူများအတွက်သာ ဖွင့်လှစ်ပေးထားပြီး ညနေခင်း အစောပိုင်းမှ မနက်(၅)နာရီထိ အသုံးပြုခွင့် ရနိုင်ကြောင်း သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...