Monday, August 26, 2013

ရှစ်လေးလုံးငွေရတုကြေညာစာတမ်းပါ အချက်သုံးချက်ကို အကောင်အထည်ဖော်ရန် လုပ်ငန်းကော်မတီတစ်ရပ် ဖွဲ့စည်းမည်

Monday, August 26, 2013

ရှစ်လေး လုံး ငွေရတုအခမ်းအနားမှ ထုတ် ပြန်ခဲ့သည့် ကြေညာစာတမ်းပါ အချက်သုံးချက်ကို ဆက်လက် အကောင်အထည်ဖော်ရန် လုပ် ငန်းကော်မတီတစ်ရပ် ဖွဲ့စည်း ဆောင်ရွက်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း)မှ သိရသည်။
ယင်းလုပ်ငန်းကော်မတီ ဖွဲ့ စည်းနိုင်ရေးအတွက် ငွေရတုပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်း ဝန်းလုပ်ဆောင်ခဲ့သည့် အဖွဲ့များ အားလုံးနှင့် တစ်သီးပုဂ္ဂလတို့အား ဖိတ်ကြား၍ စုံညီကော်မတီအ စည်းအဝေးခေါ်ယူကျင်းပရန် ဩဂုတ် ၂၄ရက်က ၈၈မျိုးဆက် (ငြိမ်း/ပွင့်) ရုံးခန်းတွင်ပြုလုပ် သည့် ငွေရတုအခမ်းအနားကျင်းပ ရေးဆပ်ကော်မတီအသီးသီး၏ ဒုတိယအကြိမ် စုံညီအစည်းအ ဝေးမှ သဘောတူခဲ့ကြောင်းလည်း သိရသည်။

ရှစ်လေးလုံးငွေရတုအခမ်း အနားကျင်းပရေးလုပ်ငန်းကော် မတီဝင် ၈၈မျိုးဆက် ဦးမြအေး က ''ဖွဲ့စည်းထားတဲ့အဖွဲ့အစည်း ၂၂ဖွဲ့က ရှိပြီးသားပါ။ ဒီအဖွဲ့တွေ ပြန်စုပြီး ဆွေးနွေးသွားဖို့ပါ။ အရင် ဆုံး ငွေရတုလုပ်ငန်းကော်မတီ တွေ ဆပ်ကော်မတီကို ဖျက်သိမ်း ရမယ်။ ငွေရတုကလဲ ပြီးသွားပြီ ဆိုတော့။ ပြီးသွားရင် ကြေညာ ချက်သုံးချက်ကို အကောင်အ ထည်ဖော်ဖို့ လုပ်ငန်းကော်မတီ ကို သတ်သတ်ဖွဲ့ရမယ်။ ဩဂုတ် ၃၁ရက်မှာ အဖွဲ့တွေ စုံညီအစည်း ဝေးခေါ်ပြီး အကောင်အထည် ဖော်မယ့်လုပ်ငန်းကော်မတီဖွဲ့ဖို့ ဆွေးနွေးသွားမယ့်သဘောပါ''ဟု ရန်ကုန်တိုင်းမ်သတင်းစာသို့ ပြောသည်။

ဩဂုတ် ၆၊ ၇၊ ၈ ရက်များ တွင်ကျင်းပသည့် ရှစ်လေးလုံးငွေ ရတုအခမ်းအနားမှ ကိုယ့်ကြမ္မာ ကို ပြဋ္ဌာန်းခွင့်ရှိပြီး တန်းတူညီမျှ မှုရှိသည့် ဒီမိုကရက်တစ် ဖက်ဒ ရယ်ပြည်ထောင်စု နိုင်ငံတော်သစ် ထူထောင်ရန်အပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမို ကရက်တစ် ဖက်ဒရယ်ပြည်ထောင် စုနိုင်ငံတော်သစ် ဖော်ဆောင်ပေး နိုင်ခြင်းမရှိ၍ ပြောင်းလဲရေးဆွဲ ရန် သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရန်နှင့် အထက်ပါအချက် များကို ဖော်ဆောင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေးဦးတည်သော အမျိုးသားအင်အားစုအားလုံး ပါဝင်သည့်ညီလာခံတစ်ရပ် ကျင်းပ ရန်လိုအပ်သည်ဟုခံယူကြောင်း အစရှိသည့် ကြေညာချက်သုံး ချက်ကို တိုင်းရင်းသားအင်အားစု များ၊ ဒီမိုကရေစီအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်း ညီညွတ် စွာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

Yangon Media Group

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...