Monday, August 26, 2013

တရားမ၀င် အလုပ်သွားလုပ်ကြမည့် မိန်းကလေးများအား မိဘထံပြန်အပ်










တောင်ငူမြို့နယ် ဇီးဖြူပင် ကျေးရွာနေ မစောမြသန္တာ ၃၂ နှစ်(ဘ)ဦးမွှေးကို၊ မဝါဝါအေး ၂၂ နှစ် (ဘ)ဦးကြည်အေး ဇီးဖြူပင် ကျေးရွာ၊ မဥမ္မာနွယ် ၂၃ နှစ်(ဘ) ဦးတင်ထွန်း ပြသောင်ရွာ၊ မသင်းသင်းနွယ် ၂၇ နှစ် (ဘ)ဦးအေးလှိုင် ပြသောင်ရွာ၊ မသူဇာ ၂၅ နှစ်(ဘ)ဦးကြည်အေး ဇီးဖြူပင် ကျေးရွာနေသူတို့ ငါးဦးသည်

ထိုင်းနိုင်ငံတွင် စက်ချုပ်လုပ်ငန်း သွားရောက် အလုပ် လုပ်ကိုင်ရန် အတွက် ဇီးဖြူပင် ကျေးရွာထိပ်ရှိ ကွမ်းယာဆိုင်၌ ရောက်ရှိနေကြောင်း တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက် အရ တောင်ငူမြို့မ ရဲစခန်းမှ နယ်ထိန်း အရာရှိ ဒုတိယ ရဲအုပ် ဝင်းကိုကိုနှင့် အဖွဲ့၊လူကုန်ကူးမှု တားဆီး ကာကွယ်ရေး တပ်ဖွဲ့မှ ရဲအုပ် ဇော်ဝင်း ဦးစီးသည့် အဖွဲ့တို့သည် ဇီးဖြူပင်ကျေးရွာသို့ သွားရောက်၍ မဝါဝါအေးပါ ငါးဦးအား တောင်ငူမြို့မ ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ပြီး အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့တို့မှ တာဝန်ရှိသူများ၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့နှင့် မြို့မ စခန်းမှူး ဒုတိယရဲမှူး တင်ဝင်းတို့က လူမှောင်ခို/လူကုန်ကူး အသိပညာပေး ဟောပြောမှုများ ပြုလုပ် ပေးခဲ့ပြီးနောက် အဆိုပါ မိန်းကလေး ငါးဦးအား မိဘဆွေမျိုးများထံ ပြန်လည် အပ်နှံပေး ခဲ့ကြောင်း သိရသည်။
By မြ၀တီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...