Wednesday, August 14, 2013

ဗုဒ္ဓကို မိတ်ဆက်ခြင်း(၂)

ဗုဒ္ဓဆိုသည့် စကားလုံးကိုက နိုးကြားသော အသိဥာဏ်ကို ရည်ညွန်းသည်။ ဗုဒ္ဓိ (အသိဥာဏ်)ဆိုသော ဝေါဟာရသည်လည်း တူညီသောစကားအရင်းအမြစ်(ဓါတ်)ကပင် လာသည်။

စကားအရင်းအမြစ် ဗုဓ(ဓါတ်)တွင် ဒိုင်းမင်းရှင်းများစွာ ရှိနေသည်။
ထိုဗုဓနှင့် တစ်လုံးချင်း အလဲအထပ်ပြုနိုင်သော အင်္ဂလိပ်ဝေါဟာရမရှိပေ။
ဗုဓသည် ကောက်ချက်များစွာကို ပေးသည်။
စီးဆင်းမှုငြင်သာသကဲ့သို့ ကဗျာလည်း ဆန်လှသည်။
အခြားမည်သည့်ဘာသာစကားမှာမှ ဤဗုဓကဲ့သို့ အဓိပ္ဗါယ်အမျိုးမျိုးဖြင့် တည်ရှိသော ဝေါဟာရမျိုးမတွေ့နိုင်။ ဗုဓက အနည်းဆုံး အဓိပ္ဗါယ်ငါးမျိုးကို ရည်ညွန်းသည်။

ပထမအဓိပ္ဗါယ်က နိုထမှု ၊ နိုးထစေမှုဖြစ်သည်
ကိုယ်တိုင်နိုးထမှုနှင့်
သူတစ်ပါးကို နိုးထစေမှုပင် ဖြစ်ပါသည်။
အ၀ိဇ္ဇာအိပ်ပျော်ရာမှ အိပ်မက်က နိုထလာသလိုမျိုး အသိဥာဏ်က နိုးထရမြဲဖြစ်၍ အိပ်မောကျခြင်းကို ဆန့်ကျင်သည်။
ဤသည်ပင် ဗုဓ အသိဥာဏ်၏ ပထမအဓိပ္ဗါယ်ဖြစ်၍ သင့်အဇ္ဈတ္တတွင် နိုးကြားမှုကို ဖန်တီးယူရပေလိမ်မည်။

သာမန်အားဖြင့် လူတို့သည် အိပ်မောကျနေကြ၏။ သင့်ကိုယ်သင် နိုးထနေသည်ဟု ထင်သည့်တိုင် အမှန်တကယ်နိုးထနေခြင်းမဟုတ်။
လမ်းလျှောက်နေစဉ် သင်စိတ်တွင် သင်သည် အပြည့်အ၀နိုးကြားနေသလိုမျိုးပါပဲ..။သို့သော် ဗုဒ္ဓအရှင်၏ ရှုထောင့်မှကြည့်လျင်တော့ သင်သည် မြန်ဆန်စွာ အိပ်ပျော်နေခြင်းဖြစ်သည်။ ဆိုရလျင် မဆုံးနိုင်သော အတွေးများ အိပ်မက်များက သင့်ကို လွှမ်းမိုးနေသည် မဟုတ်ပါလား..။

သင်အဇ္ဈတ္တအလင်းက အိပ်စက်ခြင်းတစ်မျိုးတွင် တိမ်ညိုမှိုင်းနေသည်။
တကယ်ပင် သင့်မျက်လုံးများ သိသာစွာ ဖွင့်ထားသော်လည်း သင်ကတော့ အိပ်မက်ထဲမှာ လမ်းလျှောက်နေသည်။ မျက်လုံးဖွင့်ပြီး အိပ်နေခြင်းပါပဲလေ..။ ဗုဒ္ဓအရှင်က သင်ဟာ မျက်လုံးဖွင့်ပြီး အိပ်စက်ခြင်းထဲ လမ်းလျှောက်ပါသည် တဲ့လေ..။

အကယ်တန္တု သင့်အဇ္ဈတ္တမျက်လုံးများက မပွင့်လင်းကြ..။ သင် မည်သူဆိုသည်ကိုပင် သင်မသိ..။ သင့်အစစ်အမှန်ဘ၀ကို သင်မကြည့်မိ..။ သင် တကယ်မနိုးကြားပါလား..။ အတွေးစိတ်အစဉ်က မနိုးကြား..။ နိုးကြားစေမှုလည်း မရှိနိုင်ခဲ့ပြီ..။

ဓမ္မဂင်္ဂါ
Dhamma Ganga

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...