Wednesday, August 14, 2013

အမိုက်စား ဇာတ်ကား ၁၆ ရက်နေ့မှစ၍ ရုံတင်ပါပြီ

ရန်ကုန်မြို့ရှိလူဂုဏ်တန်ရပ်ကွက်တွင် ဦးလင်းခေါင်နှင့် ဒေါ်ခင်ခင်ကျော့တို့နေထိုင်ကြပြီး သမီးနှစ်ယောက်မှာ မီမီကျော့နှင့်သီသီကျော့တို့ဖြစ်သည်။ 


ဦးလင်းခေါင်က ကုမ္ပဏီများတည်ထောင်ထားသူဖြစ်ပြီး ဒေါ်ခင်ခင်ကျော့၏ မိဘနှစ်ပါးဖြစ်သော ဦးဘထွားနှင့် ဒေါ်စိနကျော့တို့အပြင် တူမနှစ်ယောက်ဖြစ်သော အိစိမ့်နှင့် ယုန်မတို့သည်လည်း ၄င်းတို့နှင့် အတူတူနေထိုင်ကြသည်။
ဦးလင်းခေါင်နှင့် သမီးဖြစ်သူ သီသီကျော့၊ တူမဖြစ်သူအိစိမ့်တို့က ရောခ့်ဂီတကိုဝါသနာပါပြီး ဒေါ်ခင်ခင်ကျော့ သမီးဖြစ်သူ မီမီကျော့နှင့် တူမဖြစ်သူယုန်မတို့က ရောခ့်ဂီတကို ၀ါသနာပါပြီး ခေါ်ခင်ခင်ကျော့ သမီးဖြစ်သူ မီမီကျော့နှင့်တူမဖြစ်သူယုန်မတို့က ရက်ပ်ဂီတကိုဝါသနာပါသူများဖြစ်ကြသည်။အိမ်တွင် အမြဲတမ်းလိုလိုတေးဂီတ၀ါသနာပါတာချင်းမတူသဖြင့် မကြာခဏစကားများကြရသည်။
တစ်နေ့တွင် ဦးလင်းခေါနှင့် ဒေါ်ခင်ခင်ကျော့က သမီးနှစ်ယောက်ရှေ့ရေးအတွက် နယ်မှာရှိသော၎င်းတို့နှင့် အလွန်တရာရင်းနှီးသော မိတ်ဆွေနှစ်ဦး၏သားနှစ်ယောက်ကို ရန်ကုန်သို့ခေါ်ပြီးသမီးနှစ်ယောက်နှင့်နေရာချထား ပေးဖို့အတွက်စီစဉ်ကြသည်။



0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...