Wednesday, August 14, 2013

ဝက်ချိုပေါင်း

အိုးကြီးချက်
..................................
ဝက်ချိုပေါင်း (ဗမာနည်း)
..................................
ဒီနည်းလေးက အိသက်မမလေးရဲ့ နည်းလေးပါ။
သူချက်တိုင်းအလွန်စားကောင်းပါတယ်။
နူးအိနေတဲ့ ကြက်သွန်ဖြူလေးတွေက ချိုလွန်းလို့ သူချက်တိုင်း
အများကြီးထည့်ပါမမလေးရယ်လို့ ပြောရတယ်။
အဲဒီ ၀က်ချိုပေါင်းလေးရဲ့ ထူးခြားချက်က ဒီကြက်သွန်ဖြူ လေးပါ။
ကျန်တာက အမေ့ဆိုင်ကပေါင်းသလို ဗမာနည်းရိုးရိုးလေးပါ။

ပါဝင်ပစ္စည်းများ( ၁၀၀ စာ)
....................................
• ၀က်သား၃ထပ်သား - ၁၅ ကီလို( ၉ ပိသာခန့်)
• ပဲငံပြာရည်အနောက် - ဟင်းချက်ဇွန်း ၆ ဇွန်း
• တရုတ်မဆလာ - ဟင်းချက်ဇွန်း ၂ ဇွန်း
• သကြား - ဟင်းချက်ဇွန်း ၂ ဇွန်း
• ရှလကာရည် - ဟင်းချက်ဇွန်း ၃ ဇွန်း
• ချင်းထောင်းပြီးသား - ဟင်းချက်ဇွန်း ၅ ဇွန်း
• ကြက်သားမှုန့် - ဟင်းချက်ဇွန်း ၅ ဇွန်း
• ကြက်သွန်နီနှင့်ဖြူ ထောင်းပြီးသား - ၅၀၀ ကျပ်သားခန့်
• ကြက်သွန်ဖြူ ဥ - ၃၀ ခန့်( ဥလုံးလေးများအတိုင်း)
( မထည့်လည်းရ)

ချက်ပြုတ်နည်း
....................
၁။ ၀က်သား ၃ ထပ်သားများကို ရေစင်စင်ဆေးပြီး ပဲငံပြာရည်အနောက်၊
တရုတ်မဆလာ၊ ရှလကာရည်၊ ကြက်သားမှုန့်တို့ဖြင့် နယ်ထားပါ။
၁နာရီခန့် နှပ်ထားပါ။

၂။ အိုးထဲတွင် နယ်ထားသောဝက်သားများနှင့် သကြားများထည့်ပြီး
အပူပေးရင်းလှိမ့်ပေးပါ။ ဆီလုံးဝ ထည့်စရာမလိုပါ။
ဝက်ဆီက သူ့ဘာသာထွက်လာပါတယ်နော်။

၃။ သကြားများအရေပျော်ပြီး ၀က်သားများနီရဲလာသည်အထိ လှိမ့်ပေးပါ။
နီရဲလာပြီဆိုရင် ကြက်သွန်ထောင်းထားတာများထည့်ပြီး
၁၀ မိနစ်ခန့်လုံးပြီး ရေကိုဝက်သားနဲ့အညီထည့်ပြီး တည်ထားပါ။

၎။ ၀က်သားအခေါက်နူးအိလာပြီဆိုရင် ကြက်သွန်ဖြူဥလေးများထည့်ကာ
၅ မိနစ်ခန့် အဖုံးအုပ်ဆက်တည်ထားပါ။ ဒီထပ်ကြာကြာထားရင်
ကြက်သွန်ဖြူပျော်သွားမှာစိုးလို့ပါ။ သူ့အပူအတိုင်း မီးပိတ်ပြီးထားလိုက်ပါ။

၅။ ခုဆိုရင် အလုံးလိုက်လေး နူးအိနေသော ကြက်သွန်ဖြူလေးများ
မွမ်းမံထားသော ၀က်ချိုပေါင်းအိအိလေးရပါပြီ။


Htet Family's Creation

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...