Wednesday, August 14, 2013

ဗုဒ္ဓကို မိတ်ဆက်ခြင်း-၁

ဂေါတမဗုဒ္ဓ၏ ကိုယ်ပိုင်အမည်တော်ရင်းက သိဒ္ဓတ္ထဖြစ်သည်။ ဂေါတမဆိုသည်က မိသားစုအနွယ်တော်အမည်ဖြစ်၍ ဗုဒ္ဓအရှင်၏ အမည့်တော်အပြည့်အစုံက ဂေါတမသိဒ္ဓတ္ထဖြစ်လာရသည်။ ဗုဒ္ဓဆိုသည်မှာ အမည်မဟုတ်ဘဲ ကိုယ်တော်မြတ်၏ နိုးကြားသိမြင်တော်မူခြင်းဖြစ်သည်။ ဗုဒ္ဓဟူသည် နိုးကြားသိမြင်သူဟု အဓိပ္ဗါယ်ရသည်။ ဂေါတမဗုဒ္ဓသည် အကျော်ကြားဆုံးနိုးကြားသိမြင်သူပုဂ္ဂိုလ်မြတ်ဖြစ်သည့်တိုင် ကိုယ်တော်မြတ်တစ်ပါးတည်းသာ နိုးကြားသိမြင်သူ မဟုတ်ပါလေ။

သိဒ္ဓတ္ထဂေါတမမတိုင်မီ ဗုဒ္ဓအရှင်များစွာ ပွင့်ထွန်းတော်မူခဲ့ပြီး ပွင့်တော်မူလတံ့ဗုဒ္ဓဘုရားအဆူဆူလည်း ကိုယ်တော်မြတ်နောက်တွင် အသင့်ရှိနေခဲ့ပါသည်။

လူသူမြတ်တိုင်း ဗုဒ္ဓအဖြစ်ကို ရရှိနိုင်သမျှ အသစ်သစ်သောအနာဂတ်ဗုဒ္ဓအရှင်မြတ်အဆူဆူ ဆက်ဆက်ပွင့်ထွန်းပေါ်ပေါက်နေဦးတော့မည်သာ။
လူတိုင်းလူတိုင်း ဗုဒ္ဓဖြစ်ခွင့်ရှိနေပါလေသည်။ ပါရမီအခွင့်အလမ်းကောင်းကို
စောင့်မျှော်ကြရုံသာဖြစ်ပါသည်။

တစ်နေ့နေ့ ဗဟိဒ္ဓလောကအမှန်တရား၏ နှိပ်စက်မှု၊ အရာရာသည် အနှစ်မဲ့အသာရကဟု သိမြင်ရွံရွာမှုဖြစ်ပေါ်လာသောအခါ သင်သည် အဇ္ဈတ္တကို ဦးတည်ပေတော့မည်။

ဓမ္မဂင်္ဂါ
(၁၃-၈-၂၀၁၃)

--------------------------
မဇ္ဈိမ၏ ဒဿနပညာကျော် အိုရှိုး၏ “ဗုဒ္ဓ၏ ဘ၀၊ ဒေသနာနှင့် လူသားမျိုးနွယ်စုအပေါ် သြဇာ” ဟူသော စာအုပ်ကို ဘာသာပြန်ဆိုရန် လယ်ကွင်းပြင်ကျောင်းလေးတွင် စဉ်းစားမိပါသတည်း။
(ဘာသာပြန်ဆိုသူ)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...