Wednesday, August 14, 2013

ဘဏ်လုပ်ငန်းဆိုင်ရာ စာရင်း ထိန်းသိမ်းရေး သင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲကျင်းပ


မန္တလေး ၊ ၁၄-၈-၂၀၁၃

ဘဏ္ဍာရေး ၀န်ကြီးဌာန ၊ မြန်မာ့ စီးပွားရေးဘဏ် ( မန္တလေးတိုင်း ဒေသကြီး) ၊ ဘဏ်လုပ်ငန်း ဆိုင်ရာ စာရင်း ထိန်းသိမ်းရေး သင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲ အခမ်းအနား ကို သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီက မန္တလေးမြို့ ၊ ချမ်းအေးသာစံ မြို့နယ် ၊ ၂၉ လမ်း ၊ ၇၀x၇၁ လမ်းကြားရှိ ဘဏ်လုပ်ငန်း သင်တန်းကျောင်း တွင် ကျင်းပရာ မြန်မာ့ စီးပွားရေးဘဏ် ၊ မန္တလေးတိုင်း ဒေသကြီး မန်နေဂျာ ဦးသိန်းထွန်း တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားကာ သင်တန်းအား ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနား သို့ ဒုတိယ တိုင်းဒေသကြိး မန်နေဂျာများ ၊ တိုင်းဒေသကြီးရုံး မှ အရာထမ်းများ ၊ မန္တလေး မြို့ပေါ်ရှိ မြန်မာ့ စီးပွားရေး ဘဏ်ခွဲများမှ ဘဏ်ခွဲ မန်နေဂျာများ ၊ လက်ထောက် မန်နေဂျာများ ၊ သင်တန်း နည်းပြများ နှင့် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မြန်မာ့ စီးပွားရေးဘဏ် များမှ ဘဏ်ဝန်ထမ်း ၃၀ ဦး တက်ရောက် ကြပြီး သင်တန်း ကာလမှာ သြဂုတ်လ ၂၇ ရက်နေ့ အထိ ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...