Friday, September 20, 2013

အင်တာနက် Bandwidth ကို 40 Gbps အထိ ချဲ့မည်




From : ..dvb



မြန်မာ့ဆက်သွယ်ရေးဟာ လက်ရှိ ပြည်တွင်းသုံးစွဲဖို့အတွက် အင်တာနက် Bandwidth 13 Gbps ရှိရာကနေ လာမယ့် အရှေ့တောင်အာရှ အားကစားပွဲ မတိုင်ခင် အင်တာနက် Bandwidth ကို 20 Gbps အထိ တိုးချဲ့မယ်၊ ဒါတင်မက ၂၀၁၄ ခုနှစ်ရောက်ရင်တော့ အင်တာနက် သုံးစွဲသူ ၁၀၀ မှာ ၇ ယောက်ရှိလာရေး ရည်ရွယ်ပြီး Bandwidth ကို 40 Gbps အထိ တိုးချဲ့ သွားမယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အထွေထွေမန်နေဂျာ ဦးကျော်စိုးဝင်းက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အင်တာနက်ကို မိုဘိုင်းဖုန်းနဲ့ သုံးစွဲသူ ၁ သန်း ၂ သိန်းကျော်၊ ADSLလိုင်း တပ်ဆင်ထားသူ ၇၀၀၀ ကျော်ရှိတယ်လို့ ညွှန်ကြားရေးမှူး ဦးအောင်မော်ကလည်း ပြောပါတယ်။
မြန်မာနိုင်ငံက အင်တာနက်လိုင်းတွေဟာ နှေးကွေးလွန်းတဲ့အတွက် စီးပွားရေး လုပ်ငန်း တွေ လုပ်ဆောင်ရာမှာ အဆင်မပြေဘူးလို့ အိုင်တီကုမ္ပဏီတာဝန်ရှိသူတဦးဖြစ်တဲ့ မဖြူဖြူက ဒီဗွီဘီကို ပြောပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...