Thursday, August 22, 2013

ဖုန်း Sim Card Lock ကျသွားရင်ဖြေရှင်းနည်း


သိပြီးသားလူတွေလည်း ရှိသလို မသိသေးသူတွေ ထပ်သိရအောင်လို့
ဖော်ပြလိုက်တာပါ။

အဓိကအချက်ကတော့ ဖုန်းဝယ်ပြီးလို့ Sim Card ကိုချိုးလိုက်ပြီးရင် ဘေးက Cover card လေးကို လွှင့်မပစ်လိုက်ဖို့ပါဘဲနော်

အကြောင်းအမျိုးမျိုးကြောင့် ကိုယ့် Sim Card က lock ကျသွားပြီဆိုရင် ဖုန်းလိုင်းပျောက်ပြီး unlock ပြန်လုပ်ဖို့ ဖုန်းက PUK Code တောင်းပါလိမ့်မယ်

PUK ဆိုတာ ဘာမှန်းမသိတာနဲ့တင် MPT ရုံးဆီရောက်ရောက်သွားရတယ် တကယ်တော့ ဖုန်းဝယ်ကတည်းက PUK code ကပါပြီးသားပါ (ပုံမှာပြထားသလို)unlock ပြန်လုပ်ပုံကတော့ အဲ့ဒီ code ၈ လုံးကို ရိုက်ထည့်ပေးလိုက်ပါ ပြီးရင် ok နှိပ်ပါ။

PIN number အသစ်ပြန်လုပ်ခိုင်းပါလိမ့်မယ်။ 12345 လို့သာ ရိုက်ပြီး ok နှိပ်ပါ နောက်တစ်ခေါက် PIN number ကို confirm လုပ်ခိုင်းပါလိမ့်မယ်။ 12345 လို့ထပ်ရိုက်ပေးပြီး ok နှိပ်လိုက်ပါ။ ဒါဆိုပြီးပါပြီ Sim Lock, ပြုတ်ပြီး ဖုန်းလိုင်းပြန်တက်လာပါလိမ့်မယ်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...