Thursday, August 22, 2013

စူပါ ဖလားတွင် အက်သလက်တီကိုနှင့် သရေသာ ကစားနိုင်ခဲ့သည့် ဘာစီလိုနာ


စပိန်စူပါ ဖလား ပထမ အကျော့ ပွဲစဉ်ကို မက်ဒရစ်တွင် ယမန်နေ့ညက ယှဉ်ပြိုင် ကစားခဲ့ရာ အက်သလက်တီကို မက်ဒရစ်နှင့် ဘာစီလိုနာတို့ သရေ ရလဒ်ဖြင့်သာ ပွဲပြီး သွားခဲ့သည်။


အိမ်ရှင် အက်သလက်တီကို အသင်းသည် ဒေးဗစ်ဗီလာ၊ အာဒါတူရန်၊ ဒီယေဂို ကော်စတာ၊ ဂါဘီဖာနန်ဒက်ဇ်၊ မာရီယိုဆွာရက်ဇ်၊ ဂျော့ဂ်ျကိုကီ၊ ဖိလစ်ပီ၊ ဒီယေဂို ဂေါ်ဒင်၊ မီရန်ဒါ၊ ဟွမ်ဖရန်တို့ဖြင့် ပွဲထွက်လာခဲ့သည်။ ဘာစီလိုနာဘက်တွင်မူ ပက်ဒရို ရိုဒရီဂွတ်ဇ်၊ လီယွန်နယ်လ်မက်ဆီ၊ အလက်ဆစ် ဆန်းချက်ဇ်၊ အန်းဒရက်စ် အင်နီယေစတာ၊ ရှာဗီဟာနန်ဒက်ဇ်၊ ယော်ဒီအယ်လ်ဘာ၊ ဟာဗီးယား မာရှေယာနို၊ ဂျရတ်ပီကေး၊ ဒန်နီအဲလ်ဗက်စ်တို့ ပါဝင်ကစားခဲ့ကြသည်။



ဗင်းဆင့်ကယ်လ်ဒါရွန် ကွင်းကြီးအတွင်း ကစားသော ပွဲစဉ်၌ ပွဲချိန် (၁၂)မိနစ်တွင် အိမ်ရှင် အက်သလက်တီကို ဂိုးစတင် သွင်းယူခဲ့သည်။ တန်ပြန်တိုက်စစ်မှတစ်ဆင့် အချိတ်အဆက်မိမိ ထိုးဖောက်လာပြီးနောက် ဘယ်ခြမ်းမှ တူရန် ဖြတ်ပို့လိုက်သော ဘောလုံးကို ဘာစီလိုနာ တိုက်စစ်မှူးဟောင်း ဗီလာက ဧရိယာထဲတွင် ချိုးကန်သွားခြင်း ဖြစ်သည်။ ဘာစီလိုနာတို့ ချေပဂိုးရရန် ပိုမိုရုန်းကန်လာပြီး ဒုတိယပိုင်း (၅၉)မိနစ်တွင် နေမာ ဝင်ကစားခဲ့သည်။ (၆၆)မိနစ်တွင် လူစားဝင် တိုက်စစ်မှူး နေမာက ဘာစီလိုနာအတွက် လိုအပ်သော ချေပဂိုးကို သွင်းယူပေးခဲ့သည်။ ညာခြမ်းမှ အဲလ်ဗက်စ် အမြောက်ကန်တင်ပေးလိုက်သော ဘောလုံးကို နေမာက ဂိုးသမား သီဘောက်ကော့ထရစ် ပိတ်ထားသည့် ထောင့်ကျဉ်းထဲ ခေါင်းတိုက်ထည့်သွားခြင်း ဖြစ်သည်။ ယခုပွဲ သရေရလဒ်ကြောင့် ဘာစီလိုနာအတွက် နောက်တစ်ကျော့ အိမ်ကွင်းပွဲစဉ်တွင် အခြေအနေ ပိုကောင်းလာဖွယ် ရှိနေသည်။ နူးကမ့်တွင် ဒုတိယအကျော့ ပွဲစဉ်ကို ဗုဒ္ဓဟူးနေ့၌ ကစားမည် ဖြစ်သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...