Thursday, August 22, 2013

ပျောက်ဆုံးသွားသော လက်ထပ်လက်စွပ်ကို ၁၆ နှစ်ကြာပြီးမှ မုန်လာဥနီအတွင်း ပြန်လည်တွေ့ရ


ဆွီဒင်နိုင်ငံမှ အမျိုးသမီးတစ်ဦးသည် သူ၏ လက်ထပ်လက်စွပ်ကို မီးဖိုခန်းအတွင်း ပျောက်ဆုံးခဲ့ပြီး ၁၆ နှစ်ကြာမှ သူ၏ဥယျာဉ်အတွင်း စိုက်ပျိုးထားသော မုန်လာဥနီ၌ စွပ်လျက်သား ပြန်လည်တွေ့ရှိရကြောင်း Metro သတင်းဌာနက ဇန်နဝါရီလ ၁ ရက်နေ့တွင် ဖော်ပြသည်။ လီနာပါဆန် အမည်ရှိ အမျိုးသမီးသည် ရွှေဖြူဖြင့် ပြုလုပ်ထားပြီး စိန်ပွင့်ခုနစ်ပွင့် ပါဝင်သော လက်ထပ်လက်စွပ်ကို ၁၉၉၅ခုနှစ်က ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။သူသည် ဥယျာဉ်အတွင်း မုန်လာဥများကို နုတ်ယူစဉ် လက်စွပ်ကို ပြန်လည်တွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

By Swesone Media

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...