Thursday, August 22, 2013

ပြန်ခါနီးတွင် ငိုယိုပြီး ပြောဆိုသွားသော ကင်တားနား၏ပြောကြားချက်အား သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်မှ ပြန်လည်ဖြေရှင်း

ဆန္ဒပြမှုများကို အစိုးရဘက်မှ အကာအကွယ်မပေးခဲ့ ကြောင်းကင်တားနား၏
ပြောကြားချက်မှာအဖြစ်မှန်နှင့်ကွဲလွဲနေကြောင်းနိုင်ငံတော်သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်မှ ပြောဆိုလိုက်ပါတယ်။

မစ္စတာ ကင်တားနားက “မိတ္တီလာမြို့ က ဖြစ်ရပ်ဟာ ကျနော့် အတွက် အနီးအနားမှာရဲတွေ ရှိပေမယ့် အကာအကွယ်မဲ့နေပီလို့ ခံစားရပါတယ်။ အဲဒီအချိန်မှာ ကျနော်တွေးမိတာက ပြီးခဲ့တဲ့ မတ်လတုန်းက ဖြစ်ခဲ့ တဲ့မိတ္ထီလာပဋိပက္ခမှာ လူ၄၃ဦးအသတ်ခံနေရတုန်းက ရဲတွေဟာဒီလိုပဲကာကွယ်မှု မပေးဘဲ ရပ်ကြည့်နေမယ် ဆိုတာကိုတွေးမိပါတယ်” လို့ ပြောပါတယ်။
    ဒီပြောကြားချက်အပေါ်ဦးရဲထွဋ်က “မစ္စတာ ကင်တားနားရဲ့ပြောကြားချက်ဟာတကယ်ဖြစ်တဲ့ အဖြစ်မှန် နဲ့ကွဲလွဲမှုတွေရှိနေတယ်။တကယ်တော့အဲဒီနေ့က ကင်တားနားရဲ့ ယာဉ်တန်းနဲ့အတူ ရဲတပ်ဖွဲ့က ကားတစီး၊ လုံးခြုံရေး ယာဉ်တစီးလည်း အတူတူလိုက်ပါလာတယ်။ နောက် မစ္စတာ ကင်တားနားကို ဆန္ဒပြမယ် ဆိုတဲ့ လူတွေ ရှိနေတဲ့အတွက်ကြောင့် အဲဒီလူတွေကို ထိန်းဖို့အတွက် ရဲအင်အား ၃၀ ကျော်ကိုလည်း အဲဒီ လူတွေ စောင့်ဆိုင်းတဲ့နေရာမှာ ကျေန်ာတို့ ချထားခဲ့တယ်။ ယာဉ်ထိန်းတပ်ဖွဲ့တွေကိုလည်း ချထားခဲ့တယ်။

“ည ၁၀ နာရီရောက်တဲ့အချိန်မှာတော့ ကာဖျူး အချိန်ရောက်တဲ့ အတွက်ကြောင့်မို့လို့ အဲဒီလူအုပ်စုတွေကို လူစုခွဲဖို့ ရဲက ပြောတယ်။အဲဒီအချိန်မှာလူကကျနော်တို့သတင်းအရ၃၀၀၊ ၄၀၀ လောက်ရှိတယ်။ အဲဒီလို လူစုတဖြည်းဖြည်းနဲ့ ခွဲနေတဲ့အချိန်မှာ မစ္စတာကင်တားနားရဲ့ ကားယာဉ်တန်းက အဲဒီနေရာကို ည ၁၀နာရီ ခွဲလောက်မှာရောက်လာတယ်။ ရောက်လာတဲ့အချိန် အဲဒီပတ်ဝန်းကျင်မှာ လူ၁၀၀လောက် ဆက်ပြီးတော့ ကျန်နေသးတယ်။ အဲဒီလူတွေက မစ္စတာ ကင်တားနားကို ဆိုင်းဘုတ် ၁၆ ခုလောက် ထောင်ပြီးတော့မှ မစ္စတာ ကင်တားနားကို အလိုမရှိကြောင်း အော်တာတော့ရှိတယ်။နောက်တချို့လူအနည်းငယ်တော့ သူကား တခါးမှန်ကို သွားခေါက်ပြီးတော့ စာတစ်စောင်နဲ့ ကင်တားနားပုံ ရိုက်ထားတဲ့ တီရှပ်တစ်ထည်ပေးဖို့ ကြိုးစားခဲ့ တယ်။ကင်တားနား ကားတံခါးကို ဖွင့်မပေးတဲ့ အတွက်ကြောင့်မို့ အဲဒီစာပေးဖို့ကြိုးစားတဲ့လူတွကို ရဲကဖယ်ရှားပြီးတော့မှ ယာဉ်တန်းဆက်သွားနိုင်အောင် လမ်းရှင်းပေးခဲ့တယ်။

“နံပါတ် ၁ ရဲလုံခြုံရေးအစောင့်ရှောက် မရှိဘူးဆိုတာ မဟုတ်ဘူး။ ရဲက အတူတူပါတဲ့အပြင် သွားနိုင်ဖို့ အတွက် လမ်းရှင်းပေးခဲ့တယ်။ဆန္ဒပြနေတဲ့ လူတွေက သူကို အန္တရာယ်ပြုဖို့ အကြမ်းဖက်ဖို့အတွက် ကားကြီးကို ၀ိုင်းအုံပြီးတော့မှ ထုနှက်တယ်ဆိုတာ မဟုတ်ပါဘူး။ စာပေးဖို့အတွက် မှန်တံခါးကို ခေါက်ပြီးတော့ မှတီရှပ်နဲ့စာထောင်ပြတာပဲရှိတယ်လို့ကျနော်တို့ ရဲတပ်ဖွဲ့တွေရဲ့ အစီအရင်ခံစာတွေ အရ သိရပါတယ်။”

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံ ခရီးစဉ် ၁၁ ရက်တာအတွင်းရခိုင်၊ကချင်၊ချင်းနဲ့ ရှမ်း ပြည်နယ်တွေ က လူ့အခွင့်အရေးအခြေအနေတွေသွားရောက် လေ့လာခဲ့ရာမှာရခိုင်ပြည်နယ်နဲ့ မိတ္ထီလာမြို့မှာ ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။မစ္စတာ ကင်တားနားက ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ဒေသခံတွေ ဆန္ဒပြမယ်လို့ သူ့အနေနဲ့ မမျှော်မှန်းထားကြောင်း၊ ပြည်သူတွေ အနေနဲ့ သူတို့ရဲ့ ခံစားချက်တွေကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရတာကို ကြိုဆိုတယ်လို့ ပြောဆိုပါတယ်။

ဒီအစီရင်ခံစာ တင်သွင်းတဲ့အချိန်မှာ အခုအကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့ အခြေအနေကို မစ္စတာ ကင်တားနားက ထည့်သွင်းရေးသားမယ်ဆိုရင် အစိုးရအနေနဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတာနဲ့
ပတ်သက်ပြီး ဦးရဲထွဋ်က အခုလိုပြောပါတယ်။

“ကျနော်တို့ဘက်ကလည်း ဒါကို မဖြစ်ခဲ့တဲ့အကြောင်း ပြန်ရှင်းပြရမှာပေါ့။ သူနဲ့အတူ အဲတုန်းက မန္တလေးတိုင်း ဒေသကြီးအစိုးရ တာဝန်ရှိသူတချို့လည်းပါလာသေးတယ်။ ရဲကားလည်း ပါတယ်။
ဒါတွေကိုသူကထုတ်ဖော်မပြောဘဲနဲ့ရုတ်တရက်နားထောင်လိုက်ရင်မိတ္ထီလာမြို့ကပြည်သူတွေ
ကသူ့ကိုဝိုင်းအုံပြီးအသက်အန္တရာယ် ပြုတဲ့ပုံမျိုးထိဖြစ်အောင် ပြောတာမျိုးကျနော်တို့လည်းစိတ်
မကောင်းဘူး။ဒါကအဖြစ်မှန်နဲ့ လွဲနေတဲ့အတွက်ကြောင့်မို့။”ပါဟု သမ္မတပြောရေးဆိုခွင့်ရှိသူ
ဦးရဲထွဋ်မှ ရှင်းလင်းပြောကြားခဲ့ပါသည်။

dvb

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...