Thursday, August 22, 2013

မြန်မာ့ မြန်မာ့ ရုပ်ရှင်

 

တောကြိုအုံကြားမှ လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်နေရသဖြင့် ပေတိပေစုတ် ထွက်လာသော သီဟတင်စိုးတစ်ယောက် တော်လှန်ရေး အတွက် အသုံးပြုရန် မြို့ပေါ်တက်၍ ယမ်းစိမ်း၊ ယမ်းခြောက်၊ ယမ်းစို၊ နှင့် သီတင်းကျွတ်ဖောက်သည့် ဗျောက်အိုးများကို လာဝယ်လေရာ မြို့ပေါ်တွင် မျက်စိ သူငယ်နားသူငယ် ဖြစ်နေရှာလေ၏။
 
ထိုစဉ် ပေတိပေကြောင်နှင့် ကားလမ်းဖြတ်ကူးရာ ကားတစ်စီးနှင့် တိုက်မိမလို ဖြစ်သွားလေ၏။ ကားမှာ ကျွီ ခနဲ ရပ်သွားပြီး ကားပေါ်မှ ငယ်ငယ်ရွယ်ရွယ်နှင့် မြန်မာနိုင်ငံ၏ Top ten စာရင်းဝင် က...ုမ္ပဏီ ကြီးတစ်ခုတွင် အမြဲတမ်း MD ဖြစ်နေသော ဟိန်းဝေယံ ဆင်းချလာလေသည်။ ဆင်းဆင်းလာချင်း နေကာမျက်မှန်ကို ချွတ်ကာ အလိုမကျသလို ပုံစံဖြင့် ကားပတ်လည်ကို သေသေချာချာ ကြည့်၏။ ကားနောက်ခန်းမှ သူ၏ အမြဲတမ်း သူငယ်ချင်းများ ဖြစ်ကြကုန်သော ဇော်ဇော်အောင်နှင့် ဇင်မျိုး တို့မှာ ပြာပြာသလဲ ဖြစ်ကာ ဆင်းလာကြပြန်လေလျှင် တောသားကြီး သီဟတင်စိုး မှာ နေမထိ ထိုင်မသာ ဖြစ်နေလေသည်။ ဟိန်းဝေယံ မှ တောက်တစ်ချက်ခေါက်ကာ နေကာမျက်မှန် ပြန်တပ်ပြီး ကားပေါ် ပြန်တက်သွားသည်။ 
 
ထိုအချိန်တွင် ကားလမ်းဟိုဘက်တွင် အကြော်ရောင်းနေသော အမြဲတမ်းမုဆိုးမ မို့မို့မြင့်အောင်မှာ ထိုအဖြစ်အပျက် အကုန်လုံးအား တွေ့မြင်လိုက်ရလေသည်။ သူမသည် ရပ်ကွက်ထဲ အမြန်ပြန်ကာ ထိုအကြောင်းအား ဒေါ်ထားအဖွဲ့ အက်စတာ အဖွဲ့တို့အား အတင်းတုတ်လေသည်။ ဒေါ်ထားနှင့် အဖွဲ့မှာ နားမထောင်အား။ သူတို့အနေဖြင့် မင်္ဂလာဆောင် တစ်ခုအားသွားစရာရှိသေးသည်။ ထိုပွဲအား သူမတို့ အဖွဲ့လိုက် သွားထိုင်နေမှ ဖြစ်မည်။ ထိုမင်္ဂလာပွဲမှာ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ဆောင်သောပွဲ ဟုဆိုသော်လည်း ဂိုဒေါင်ခန်းမ တစ်ခုထဲတွင်သာ ဖြစ်၏။ 
 Photo: အနုပညာရှင် ဆိုတာ ပြည်သူနဲ့ တစ်သားတည်း ဆိုတဲ့ ဦးအောင်လွင်
Thursday, August 22, 2013

 ခေတ် အဆက်ဆက် လူထု လှုပ်ရှားမှုတွေမှာ အနုပညာရှင်တွေ ပါဝင်ခဲ့တဲ့ အတွက် အများပြည်သူ က အားပေးရုံ မကဘဲ ပါဝင် လှုပ်ရှားခဲ့ကြ ပါတယ်။ အနုပညာ အတတ် နဲ့ အသက် မွေးဝမ်းကျောင်းပြုနေ သူများကပြည် သူက ကျွေးတဲ့ ထမင်းကို စားနေရပြီး ပြည်သူရဲ့ ကျေးဇူး တရားကို မမေ့ အပ်ပါဘူးလို့ ဆိုသူ ဝါရင့် အနုပညာ ရှင် ဦးအောင်လွင်က..
“ကျွန်တော်တို့ အားလုံးထက် ရှေ့တန်းကျတဲ့ ရဟန်း သံဃာတွေက လည်း အနုပညာရှင်တွေ နည်းတူ လူ တွေက တရားဘာဝနာ ကျင့်ကြံ အား ထုတ်နိုင်အောင် ဆွမ်းကပ် ကြတယ်။ ဒီနေ့ ဒီရက် ပြည်သူလူထု ဒုက္ခရောက် ပြီဆိုတာနဲ့ နောက်နေ့ ရဟန်းတွေကို ဆွမ်း မလောင်းနိုင်ပါဘူး။ 

ဒီလိုပဲ ပြည်သူဒုက္ခ ရောက်ရင် အနုပညာ ရှင်တွေ ဖန်တီးထားတဲ့ ရုပ်ရှင် ဇာတ်ကားတွေ ကို လာမကြည့်နိုင်ပါဘူး။ ဒါကြောင့် ကျွန်တော် တို့သည် ပြည်သူလူထုက မေတ္တာနဲ့ ကျွေးမွေး ထားတဲ့ သူများ ဖြစ်တဲ့ အတွက် ပြည်သူ လူထု ထိခိုက် လာစေနိုင်သော အကြောင်း တရား တွေက ကျွန်တော် တို့နဲ့ သက်ဆိုင် တယ်လို့ ယူဆပါတယ်။ ဒါကြောင့် ပြည်သူ နဲ့အတူ တိုင်းပြည်မှာ လိုအပ် လာတဲ့ ကိစ္စမှာ ဝင်ပါရခြင်း ဖြစ်ပါ တယ်။ ဒီလို ကိစ္စမျိုးမှာမှ ပါဝင်ခြင်း မျိုး မဟုတ်ဘဲ သမိုင်းကို ပြန်ကြည့်ရင် ဗြိတိသျှ အစိုးရကို ဖယ်ရှားဖို့၊ တွန်း လှန်ဖို့ အတွက် ကို အနုပညာရှင်တွေ ပါဝင်ခဲ့ပါတယ်။ စစ်ကြိုခေတ် အတွင်း ထုတ်ဝေခဲ့တဲ့ ဇာတ်ကားပေါင်း ၁ဝဝ မှာ ကား ၈ဝ လောက်က ဗြိတိသျှကို တော်လှန်တဲ့ ဇာတ်ကားတွေ ပါပဲ။ နောက်ပြီး “ကမ္ဘာမကျေ” သီချင်း စပ်ခဲ့တာလည်း အနုပညာ ရှင် တွေပါပဲ။ ရုပ်ရှင် ဂီတ သဘင်အကုန်လုံးက တိုက်တွန်းနှိုးဆော်ပြီး လုပ်လာခဲ့တာ က ပြည်သူ လွတ်မြောက်ရေး အတွက် လုပ်ခဲ့ကြတာပါ”လို့ အနုပညာရှင် များဟာ အမျိုးသားရေး လှုံ့ဆော်မှုတွေ မှာ ပါ ဝင် ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံမှာ အနုပညာရှင်တွေ ဟာပြည်သူ နဲ့ တစ်သား တည်း ပါဝင်ခဲ့တာနဲ့ ပတ်သတ်ပြီး..“ကျွန်တော် တို့က အဲဒီ့အချိန်မှာ ရုပ် ရှင်နဲ့ ပတ်သက်ပြီး စားဝတ်နေ ရေး တော်တော်လေး ခက်ခဲလာတယ်။ သားသမီးတွေ ကျွေးမွေးဖို့ တော် တော် ခက်ခဲလာခဲ့တယ်။ အဲဒီလို ဘဝ တစ်ခုကို ရောက်ရှိခဲ့ချိန်မှာ ကျွန်တော် တင်မကဘဲ ကျန်တဲ့လောက အသီးသီး မှာလည်း ဖြစ်ခဲ့တယ်။ စိတ် ထဲမှာ မကျေမနပ်တွေ ဖြစ်နေချိန်ပါ။ ပထမဦးဆုံး ရန်ကုန်ဆေးရုံကြီး ထဲမှာ ပစ်ကြ ၊ခတ်ကြတဲ့ အချိန်မှာ သေကျေ ကြတယ်။ အဲဒါကို ရှေ့နေတွေ ပေါင်းပြီး ဒါက အရေးအခင်း နှိမ်နင်းတာ မဟုတ်ဘူး။ လူသတ် တာဖြစ်တယ် ဆိုပြီး လက်မှတ် ထိုးကြပါတယ်။ အဲဒါနဲ့ ကျွန် တော်က “ကိုးတောင်ကျား” ဇာတ် ကားကို ဖလင် တည်းဖြတ်ဖို့ လုပ်နေ ချိန်မှာ ဦးမိုးသူ ရောက်ရှိလာပြီး ငါတို့ ဦးဝင်းတင် တို့တော့ လက် မှတ် ထိုးပြီးနေပြီ။ မင်းကော ပါမလား ဆိုပြောတယ်။ 

အဲ ဒီမှာ ကိုယ့်ခံစားချက် နဲ့ ကိုယ် ဖြစ်နေတယ်။ အဲဒီဆေး ရုံကြီးကို ပုန်းလျှိုး ကွယ်လျှိုးနဲ့ တစ် ယောက် တစ်မျိုးဆီသွား ခဲ့ကြတယ်။ ဟိုရောက်တော့ မသုံးတော့တဲ့ ရေတိုင်ကီပုံး ကို နိုင်ငံရေး စင်မြင့်လို့ ခေါ် ကြတယ်။ အဲဒီ့ပေါ်မှာ ကိုအံ့ ကျော်၊ ဆရာဝင်းတင်၊ ဦးမိုးသူ၊ မင်းသိင်္ခ၊ ဦးထွန်းဝေ၊ ဆရာမောင်သောက စတဲ့ သူတွေက ဟောပြောခဲ့ကြ တယ်။ သြဂုတ်လ ၂၄ရက်နေ့ မှာ စစ်သား တွေ ရုတ်သိမ်းသွားတဲ့ အတွက် ကျယ် ကျယ်ပြန့်ပြန့် ဆန္ဒပြခဲ့တယ်။ အဲဒီ့ အချိန်မှာ BBC က နာမည်နဲ့ တကွ ကြေညာလိုက်တဲ့ အတွက် ရှေ့ဘက် မတိုးရင် မရတဲ့ အခြေ အနေကြောင့် ဒီအရေးတော်ပုံ မှာ ပါဝင်ဖြစ်ခဲ့ကြတယ်” လို့ ရှင်းပြပါတယ်။

၁၉၈၈ ခုနှစ်မှာ ကိုယ့်တတ်စွမ်းတဲ့ အနုပညာနဲ့ ပြည်သူကို အလုပ် အကျွေးပြုဖို့ အတွက် လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်တဲ့ သူတွေကို ဘယ်လို အတားအဆီး မျိုးတွေ ရှိ လဲမေး ကြည့်တော့..
“ဒါကတော့ လူအမျိုးမျိုး ရှိလိမ့်မယ်လို့ ထင်တယ်။ ဒီအရေးတော် ပုံမှာ ပါဝင်ခဲ့တယ် ဆိုတာလည်း နဂို စိတ်ကိုက ခံယူချက် ပြင်းထန်ပြီး ငါ့တို့ ဆင်းရဲနေတာ ဒီ လူတွေကြောင့် ကွဆိုပြီး သတ်မှတ်ထားတဲ့ သူတွေက တော့ ဘယ်လို တားဆီးပါစေ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒီအရေး တော်ပုံမှာ ပါဝင်ခဲ့ရင် ပေါ်ပြူလာ ဖြစ်မှာ ပဲလို့ ထင်တဲ့သူတွေ ကတော့ ပြောင်းသွားမှာပါ။ ဘာဖြစ်လို့လဲ ဆို ရင် ကျွန်တော်တို့ အနုပညာ အလုပ် ကို မပြောနဲ့။ လက်နက် ကိုင်ပြီး တိုက် ပွဲဝင်နေတဲ့ သူတောင် ငြိမ်းချမ်းရေး ယူပြီး လုပ်ငန်း လုပ်ကွက်တွေပေး လိုက်ရင် ငြိမ်သွားကြတာပဲလေ။ ကျွန်တော်တို့ အနုပညာလောက က နဂိုကတည်းကမှ ကြောက်တတ်တယ် လူတွေ များတယ်။ 

အဲဒီလိုမျိုး ဖိနှိပ် လိုက်တဲ့အခါ တကယ်တမ်း ကြောက် သွားတဲ့ သူတွေလည်း ရှိတယ်။ တကယ်တမ်း ပေးဆပ်လိုက် ရတဲ့သူ တွေလည်း ရှိတယ်။ မိသားစုနဲ့ ပြန် မဆုံနိုင်တော့တဲ့ သူတွေလည်း ရှိခဲ့ တယ်။ ခံယူချက် အင်မတန် ပြင်းတဲ့ သူတွေကတော့ ပြောင်းလဲစရာ အကြောင်း မရှိဘဲ ငြိမ်သက်စွာ ရပ် တည်နေခဲ့ ကြတယ်” လို့ ပြောပါတယ်။
အခုဆိုရင် ရှစ်လေးလုံး အရေး တော်ပုံနောက်ခံ ဇာတ်လမ်းတွေ ရိုက်ကူး ဖန်တီးသူတွေကိုလည်း..“သူတို့ကို အကြံဥာဏ်တော့ မပေးချင်ဘူး။ 

ဘာဖြစ်လို့လဲ ဆိုရင် ကိုယ့်ထက်တတ်လို့ ရိုက်နေကြ တာလေ။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်ကို ကိုယ်စားပြုရင်၊ တိုင်းပြည် သွေးမြေ ကျအောင် တိုက်ပွဲဝင်ခဲ့ကြ သူတွေ၊ သားတစ်ကွဲ မယားတစ်ကွဲ ဖြစ်ခဲ့သူတွေ၊ ဖမ်းဆီး ချုပ်နှောင်ခံခဲ့ သူတွေ စတဲ့ သူတွေကိုတော့ အားနာ ဖို့ကောင်း တယ်။ ဘာမှန်းညာမှန်း မသိဘဲ ရိုက်ကူးနေကြတဲ့ သူတွေက သမိုင်းကို သေချာ လေ့လာပြီး လုပ် သင့်တယ်။ ကိုကိုကြီး၊ မင်းကိုနိုင်၊ ဇာဂနာ စတဲ့ တကယ် လှုပ်ရှားနေတဲ့ သူတွေ ရှိနေသရွေ့ကတော့ ပြည်သူ ပရိသတ် အနေနဲ့ အမှားကို အမှန် မြင်စရာ အကြောင်း မရှိဘူး။ လုပ်တဲ့ သူတွေကသာ နားမလည်ဘဲ လုပ်တဲ့ အတွက် ပြည်သူ သစ္စာဖောက်တွေပဲ” လို့ ဦးအောင်လွင်က ပြောပြခဲ့ပါ တယ်။

ထွဋ်မြတ်
Popular Journal
မင်္ဂလာပွဲသို့ ရောက်သွားသော် သတို့သား ဖခင် ဦးအောင်လွင်မှ ကြိုဆိုပြီး အမြဲတမ်းရှေ့နေဖြစ်သော ကြည်စိုး( IC) နှင့် မိတ်ဆက်ပေးလေသည်။ သတို့သားမှာ အမြဲတမ်းလူပျိုကြီး ကျော်ရဲအောင် ဖြစ်ပြီး သတို့သမီးမှာ အမြဲတမ်း အပျိုကြီး စိုးမြတ်သူဇာတို့ ဖြစ်သည်။ သတို့သားနှင့် သတို့သမီးမှာ ၀အောင်စားနော် အားမနာနဲ့ ဟုြေ့ပာနေသော်ငြား စားပွဲပေါ်တွင်မူ အချိုရည်ပုလင်း တစ်ပုလင်းစီသာ ရှိလေသည်။ 
 
ထိုအချိန် တက္ကသိုလ်သွားတက်သည် ဆိုသော်လည်း MICT မှ ကျောင်းတက်ပြီး ပြန်လာသော ၀တ်မှုန်ရွှေရည်နှင့် သူမ၏ အမြဲတမ်း သူငယ်ချင်း အိဖြိုးချယ်ရီ နှင့် ယွန်းရွှေရည် တို့သည်မင်္ဂလာဆောင် သို့ လာလေလျှင် လမ်းတွင် အမူးသမားသုံးဦးမှ နေ့ခင်းကြောင်တောင် လိုက်နှောင့် ယှက်လေ ၏။ နှောင့်ယှက်မှာပေါ့ သူမတို့ လာတာက ဘယ်အိမ်ယာထဲက လျှောက်လမ်းကြီးမှ မသိတာ။ အမူးသမားများမှာလည်း အိမ်ယာ လမ်းထဲ ဘယ်လိုရောက်နေသည် မသိ။ 
 
သူမတို့ ဘ၀ပျက်တော့မည့်ဆဲဆဲ ဘယ်နားမှ ရောက်လာမှန်း မသိသော နေတိုးမှ သုံးယောက် တစ်ယောက် ဖိုက်တင်ချလေလျှင် ထိုသုံးဦးမှာ လိုသည်ထက်ပို၍ မြေကြီးပေါ် ဂျွမ်းထိုးပြကာ မှုန်နေအောင် ထွက်ပြေးကြလေတော့သည်။ ၀တ်မှုန်ရွှေရည်မှ ကျေးဇူးတင်စကားပြောကြားပြီး ပြန်ထွက်သွားလေလျှင် သူမ၏ Visiting card မှာ အလိုက်သတိပင် ကျကျန်ခဲ့လေ၏။ ထိုကတ်အားနေတိုးမှ ကောက်ယူကာ သူ၏ သူငယ်ချင်း ဖြစ်သော Kညီ အားပြသကာ နှစ်ယောက်သား ရယ်မောလိုက်ကြသည်။ 
 
အမှန်တကယ်က ၀တ်မှုန်ရွှေရည်မှာ သူလက်စားချေရန် လိုက်လံရှာဖွေနေသော အောင်ခိုင်၏ သမီး ဖြစ်ပြီး အတင်းပင်တိုက်တိုက်ဆိုင်ဆိုင် လာတွေ့ကြခြင်းပင်။ သူတို့နှစ်ဦး ထိုမှ အပြန် လမ်းပေါ်တွင် ရှောက်သီးေ ဆးပြား ရောင်းနေသော သူထူးစံနှင့် ဒိန်းဒေါင် တို့အားတွေ့လေလျှင် မျက်စ ပစ်ပြလိုက်လေရာ ဒိန်းဒေါင်မှာ အသည်းဘ၀င်ခိုက်ကာ ဟိုဘက်လမ်းမှ လျှောက်လာသည့်ယခုမှ နယ်က တက်လာသော တောသူဌေး နေမျိုးအောင်အား သွားတိုက်မိလေသည်။ နေမျိုးအောင်မှာ ပြာပြာသလဲ ထွက်ပြေးလေရာ ကြော်ငြာရိုက်ကွင်း တစ်ခုအား ဖြတ်ပြေးမိလေသည်။ ဒါရိုက်တာမှာ အမျက်ချောင်းချောင်းထွက်ကာ နေမျိုးအောင်အား ကြိမ်းမောင်းလေလျှင် နေမျိုးအောင်မှ
“ သိဘူးလေဗျာ သီချင်းတွေပဲ လှိမ့်ဆိုနေကြတော့ ကြော်ငြာရိုက်နေတာလို့ ဘယ်ထင်မလဲဗျနေပါအုံး ခင်ဗျားတို့ကြော်ငြာ က သီချင်းဆိုတဲ့ပုံရိုက်ရင် ပြီးပြီလား”

ဟု ဘွင်းဘွင်းကြီး ပြောချလိုက်လေရာ ဒါရိုက်တာမှာ နေမျိုးအောင်အား အနောက်မှ လိုက်ကာ ဆောင့် ကန်လေတော့ သည်။ ထိုအချိန်တွင် ခုနက တောမှ တက်လာသော သီဟတင်စိုးသည် ထိုနေရာသို့ မယောင်မလည်ရောက်လာပြီး ကြော်ငြာမင်းသမီးအား ကြည့်ကာ သားရေယိုနေစဉ် လမ်းမပေါ်ရှိ ဘေလ်ဘုတ်ပေါ်မှ နေရဲမာန်မှ

“ ကောင်လေး မတူရင် မတုနဲ့”

ဟုဆိုကာ တဟားဟားရယ်လေသည်။ ထိုအချိန်တွင် မြောက်ကိုရီးယား ခေါင်းဆောင်ကြီးမှာ မျက်မှောင်ကျုံ့၍ စိတ်ရှုပ်နေဟန်ရှိသည်။ ခနအကြာ ..သူရှိရာသို့ လက်ထောက် ဗိုလ်ချုပ်ဖြစ်ဟန်တူသူ တစ်ဦးရောက်လာသည်။ ထိုအခါခေါင်းဆောင်ကြီးက အားရ၀မ်းသာဖြင့် ထလိုက်ပြီး'' ဘယ်လိုလည်း ဗိုလ်ချုပ်ကြီး..မြန်မာနိုင်ငံမှာ ယမ်းဝယ်လို့ ရခဲ့ရဲ့လား'' ဟုမေးလိုက်သည်။ ဗိုလ်ချုပ်ကြီးမှ '' ယမ်းဝယ်လို့မရခဲ့ပါ။ သီဟတင်စိုးတို့ အဖွဲ့ က တော်လှန်ရေးအတွက်ဆိုပြီး အကုန်ဝယ်သွားလို့ ပါ'' ဟုပြောလိုက်ရာ..ခေါင်းဆောင်ကြီးခဗျာ စိတ်ပျက်လက်ပျက်နှင့် ငိုင်ကျသွားလေတော့သည်။
 

1 comments:

ရွှေသတင်းသစ်ဆိုတဲ့ နာမည်ပိုင်ရှင်ရေ .. ကိုယ်ရေးတာမဟုတ်ရင် (မူရင်းရေးတာဘယ်သူမှန်းမသိဘူးဆိုရင်တောင်) ဘယ်က ကူးယူဖော်ပြတယ်ဆိုတာလေးလောက်တော့ စည်းလေး ရှိသင့်ပါတယ်နော် ..
ဒီစာကိုမူရင်းရေးသူက ကိုပွ ပါ ... ကိုပွရဲ့ Facebook Account အခုလောလောဆယ် Deactivate လုပ်ထားလို့ သူ့ရဲ့ ပေ့ခ်ျကို https://www.facebook.com/pages/%E1%80%90%E1%80%AD%E1%80%AF%E1%80%9C%E1%80%AE%E1%80%99%E1%80%AD%E1%80%AF%E1%80%9C%E1%80%AE/428386600612094 ဒီမှာ တွေ့နိုင်ပါတယ်။

Post a Comment

Related Posts Plugin for WordPress, Blogger...