Thursday, August 22, 2013

မြန်မာသံရုံးဗုံးခွဲဖို့ သံသယရှိသူ ၄ဦး ထပ်မံဖမ်းဆီးခံရ

22 August 2013,

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲဖို့ကြံစည်မှုနဲ့ သံသယဖြစ်နေတဲ့ အမျိုးသားလေးဦးကို အင်ဒိုနီးရှားရဲတွေဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

သံသယဖြစ်ဖွယ်ရာ လူလေးဦးကို စနေနေ့ကနေ အင်္ဂါနေ့အထိ လိုက်လံဖမ်းဆီးမိခဲ့တာဖြစ်ပြီး အင်္ဂါနေ့မှာ ဖမ်းမိတဲ့ အမျိုးသားနှစ်ဦးဟာ အကြမ်းဖက်မှုနဲ့ ထောင်ဒဏ်ရှစ်နှစ် ကျခံရဖူးသူတွေဖြစ်ပြီးတော့ ၂၀၀၈ခုနှစ်ကမှ ပြန်လွတ်လာတာဖြစ်တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ronny Sompie က ပြောပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေနဲ့ မွတ်စလင်တွေကြားက ပဋိပက္ခတွေဟာ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ မွတ်စလင်လူမျိုးတွေကို အမျက်ဒေါသ ပိုမိုတိုးပွားစေခဲ့ပြီး အခုဖမ်းဆီးမိတဲ့ အမျိုးသားလေးဦးဟာ မြန်မာသံရုံးကိုဗုံးခွဲဖို့ကြံစည်မှုမှာ ပါဝင်တယ်လို့ သံသယဖြစ်ခံထားရသူတွေ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် က ပြောပါတယ်။

မေလ ၂ရက်နေ့တုန်းက မြန်မာသံရုံးကို ဗုံးခွဲဖို့အတွက် ကျောပိုးအိတ်ထဲမှာ လက်လုပ်ဗုံး ငါးလုံးသယ်ဆောင်လာတဲ့ အမျိုးသား ၂နှစ်ဦးကို အင်ဒိုနီးရှားရဲတွေကဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အကြာသေးခင်ကပဲ ဂျာကာတာမှာရှိတဲ့ အက္ကယာန ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကို မွတ်စလင် စစ်သွေးကြွအဖွဲ့တဖွဲ့ကနေ ဗုံးခွဲတိုက်ခဲ့ပြီး လူတဦးအနည်းငယ် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ABC Radio

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...