Thursday, August 22, 2013

ကောလာဟလသတင်းများကြောင့် ဒေသခံများစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများလာ

 
  ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်နတ်မြစ်ကမ်းခြေတစ်လျှောက်တွင် ရေလုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်းပြုနေကြသော ဒေသခံရေလုပ်သား တံငါသည်များမှာ ကောလာဟလ သတင်း များကြောင့် နေရပ်ပြန်နေထိုင်ကြကြောင်း ဒေသခံရေလုပ်သားများ၏ပြောပြချက်များအရသိရသည်။
မောင်တောနယ်စပ်နတ်မြစ်ကမ်းခြေတစ်လျောက်၌ ယာယီတဲအိမ်များဆောက်လုပ်ပြီးရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် တံငါသည်အိမ်ထောင်စု(၅၀)ခန့် နှင့်ရေလုပ်သားအရေ အတွက်(၂၅၀)ခန့်ရှိပြီး ၄င်းတို့အနေဖြင့်အတည်မပြုနိုင်သော ကောလဟသ သတင်းများကြောင့် စိတ်ပူပင်ကြောင့်ကျလျက်ရှိကြောင်း သိရှိရသည်။
 “ RSO(ရိုဟင်ဂျာလွတ်မြောက်ရေးတပ်ဦး)ကဒီကနေ့လာ၊ မနက်ဖြန်လားဆိုပြီး ကျွန်တော်တို့ေ ဒသခံရေလုပ် သားတွေ ကို လက်စသတ် သုတ်သင်ရှင်းလင်းသွားမယ် ဆိုတဲ့သတင်းကြားလို့ ရေလုပ်သားတော်တော်များများ နီးစပ်ရာဒေသခံကျေးရွာတွေ ကိုနေရပ်ပြန် သွားကြပါပြီ” ဟုတောင်ပြိုလက်ဝဲနတလကျေးရွာမှရေလုပ်သားတစ်ဦးကဆိုသည်။
   အဆိုပါသတင်းစကားများမှာ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ထွက်ပေါ်လာခဲ့ပြီး ဒေသခံများအပေါ်တွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဖြစ်ပေါ် စေရန် ခြိမ်းခြောက်မှုများအသွင်ဖြစ်လာကြောင်း ဒေသခံတို့က သုံးသပ်ပြောဆိုသည်။
 `ဒီလိုသတင်းတွေအဆက်မပြတ်ကြားနေရတော့ ဘယ်သူကလုံခြုံရေးကင်းမဲ့တဲ့နယ်စပ်ဒေသတွေမှာ ဆက်ပြီးနေရဲမှာလဲဗျာ။ စိတ်ခြိမ်းခြောက်မှု လွတ်ကင်းတဲ့ နေရပ်တွေကိုပြန်သွားကြတာပေါ့ ဟု တောင်ပြိုလက်ဝဲနတလကျေးရွာမှ ရေလုပ်သားတစ်ဦးကဆိုသည်။
အဆိုပါရေလုပ်သားများမှဖမ်းဆီးရရှိလာသည့်ရေထွက်ပစ္စည်းများကိုတစ်ဆင့်ခံဝယ်ယူပြီးဘင်္ဂလာဒေ့ရှ်သို့ တင်ပို့နေသည့်ဒေသခံငါး၊ပုစွန်၊ ကဏန်းအ၀ယ်ဒိုင်အရေအတွက်(၁၈)ဒိုင် ရှိကြောင်းနံ့သာတောင်ကျေးရွာ အနီး ငြိမ်းချမ်းရေကဏန်းအ၀ယ်ဒိုင်မှကိုမောင်ကျန်ကပြောကြားသည်။
ယခုလသြဂုတ်လ ပထမပတ်အတွင်းမှစပြီးနတ်မြစ်ကမ်းခြေတစ်လျှောက်ရှိ ရခိုင်ဗုဒ္ဒဘာသာဝင်ရေလုပ်သား တံငါသည် စခန်းများနှင့်ရေလုပ်သားများ အားလုံးကို အာအက်(စ်)အို(ရိုဟင်ဂျာလွတ်မြောက်ရေးတပ်ဦး) အကြမ်းဖက်စစ် သွေးကြွအဖွဲ့ကသုပ်သင်ရှင်းလင်းသွားမည်ဟုဆိုသည့် သတင်းထွက်ပေါ်လာ ခဲ့ခြင်းဖြစ်သည်။
မည်သူမည်ဝါဖြစ်ကြောင်းအတည်ပြုရန်ခက်ခဲသည့်ဒေသဧည့်နေဘဂါင်္လီတစ်ချို့၏ထပ်ဆင့်ပုံကြီးချဲ့သတင်းခြောက် လှန်မှု့ကြောင့်ဒေသခံရေလုပ်သား များမှာ ဆက်လက်နေထိုင် မလုပ်ကိုင်ရဲကြဘဲနေရပ်ပြန် သွားကြရခြင်း ဖြစ်ကြောင်းနတ်မြစ်ကမ်းခြေအောက်ပြုံးမကျေးရွာမှရေလုပ်ငန်းရှင်တစ်ဦးကပြောသည်။
`ဒီလိုသတင်းတွေထွက်လာတဲ့အပေါ်မှာ သက်ဆိုင်ရာကလည်း စစ်ဆေးပြီးတာဝန်ယူ ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်၊ နို့မို့ရင် လုပ်သားခက်ခဲမှုနဲ့ ဒေသစီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေနိုင်ပါတယ်`ဟု နတ်မြစ်ကမ်းအောက်ပြုံးမ ကျေးရွာသားတစ်ဦးက ပြောသည်။
မြစ်မခ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...