Monday, August 19, 2013

အကြမ်းဖက်မှုတွေကို ရပ်ကြည့်မှာမဟုတ်ဟု အီဂျစ်စစ်တပ်သတိပေး


Monday, August 19, 2013

အီဂျစ်နိုင်ငံမှာ သမ္မတဟောင်း မိုဟာမက် မော်ဆီကို ထောက်ခံသူတွေက ဆက်လက်ဆန္ဒပြနေကြပြီးနောက် အီဂျစ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Abdul Fatah Al-Sisi က စစ်တပ်အနေနဲ့ ဒီအတိုင်း ရပ်ကြည့်နေမှာ မဟုတ်ဘူးလို့ ဆန္ဒပြသူတွေကို သတိပေး ပြောကြားလိုက်ပါတယ်။

အီဂျစ်နိုင်ငံရေးအတွင်း လူတိုင်းပါဝင်ဖို့ အ ခွင့် အ ရေး ပေးထားတဲ့ အတွက် နိုင်ငံရေးမှာ ပါဝင်ကြဖို့အကြောင်း၊ အီဂျစ်နိုင်ငံကို ဘယ်သူ အုပ်ချုပ်သင့်သလဲလို့ ရွေးချယ်ရာမှာ ပြည်သူတွေရဲ့ လက်ထဲမှာရှိပြီး ဒီလို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရှိဖို့ ပြည်သူတွေနဲ့ စစ်တပ်က ကာကွယ် လုပ်ဆောင်သွားရမှာ ဖြစ်ပြီး အကြမ်းဖက်တဲ့ လုပ်ရပ်ကိုတော့ စစ်တပ်အနေနဲ့ လုံးဝသီးခံမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး Abdul Fatah Al-Sisi ဟာ ပြီးခဲ့တဲ့တပတ်က ဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်း ဆန္ဒပြသူ အယောက် ၈၀၀ လောက် သေဆုံးရတာနဲ့ ပတ်သက်ပြီး စွပ်စွဲခံနေရသူ ဖြစ်ပါတယ်။

အီဂျစ်စစ်တပ်ကြောင့် ဆန္ဒပြသူ အယောက် ၈၀၀ ကျော် သေဆုံးရတယ်လို့ ပြောဆိုနေကြချိန်မှာပဲ သမ္မတမိုဟာမက် မော်ဆီကို ထောက်ခံတဲ့အတွက် ထိန်းချုပ်ခံထားရတဲ့ ဆန္ဒပြသူ ၃၈ ယောက် ထောင်ကနေ ခိုးထွက်ဖို့ ကြိုးစားချိန်မှာ ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အီဂျစ်အစိုးရရဲ့အဆိုအရ ထောင်သားတွေက ထောင်အရာရှိတစ်ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပြီး ထောင်အရာရှိ လွှတ်မြောက်ဖို့အတွက် ရဲတွေက မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး ဖြိုးခွင်းခဲ့ရတယ်လို့သာ ပြောဆိုထားပါတယ်။

ABC Radio Australia

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...