Monday, August 19, 2013

အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ပြိုင်ပွဲဝင် မြန်မာအသင်း နောက်ဆုံး လူစာရင်း ထုတ်ပြန်






အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် မြန်မာအသင်း ပွဲစဉ်များ မြ၀တီရုပ်သံမှ Live ပြသမည်

သြစတြေးလျ ယူ-၁၆ လက်ရွေးစင် အသင်း ၀ဏ္ဏသိဒ္ဓိ ကွင်းတွင် လေ့ကျင့်စဉ် (Photo: Tun Tun Aung)

နေပြည်တော် ၀ဏ္ဏသိဒ္ဓိ ကွင်းတွင် သြဂုတ်လ ၂၀ ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့အထိ ကျင်းပမည့် အာဆီယံ အသက် ၁၆ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ (AFF U-16 AYA BANK Championship 2013) ပွဲစဉ်များမှ မြန်မာ့ လက်ရွေးစင် ယူ-၁၆ အသင်း ကစားမည့် ပွဲစဉ်များနှင့် အကြိုဗိုလ်လုပွဲ ၊ ဗိုလ်လုပွဲ ပွဲစဉ်များကို မြ၀တီ ရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။

မြန်မာ ယူ-၁၆ အသင်း အနေဖြင့် အုပ်စု(က)တွင် ဗီယက်နမ်၊ သြစတြေးလျ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား အသင်းများနှင့် အတူ ကျရောက်နေပြီး ဆီမီးဖိုင်နယ် တက်ရောက်ခွင့် အတွက် သြစတြေးလျနှင့် ဒေသတွင်း ပြိုင်ဘက် ဗီယက်နမ်ကို အဓိက ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ အခြား အုပ်စုတွင် အင်ဒိုနီးရှား၊ မလေးရှား၊လာအို၊ စင်ကာပူနှင့် ဖိလစ်ပိုင် အသင်းတို့ ပါဝင်နေပြီး အုပ်စု(ပ)(ဒု)နှစ်သင်းစီ ဆီမီးဖိုင်နယ် ပွဲစဉ်များ ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ ပြိုင်ပွဲအား ဧရာဝတီ ဘဏ်မှ Title Sponsor အဖြစ် ပံ့ပိုး ကူညီထားခြင်း ဖြစ်ပြီး အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ပြိုင်ပွဲတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် Title Sponsor ရရှိခြင်း ဖြစ်သည်။

(ပွဲစဉ်များ အားလုံး ၀ဏ္ဏသိဒ္ဓိ ကွင်းတွင် ယှဉ်ပြိုင် ကစားမည် ဖြစ်သည်)

မြန်မာ ယူ-၁၆ အသင်း ပွဲစဉ်များ

၂၀-၈-၂၀၁၃ (၆း၄၅) မြန်မာ - ဗီယက်နမ်
၂၂-၈-၂၀၁၃ (၆း၄၅) မြန်မာ - သြစတြေးလျ
၂၆-၈-၂၀၁၃ (၆း၄၅) မြန်မာ - ဘရူနိုင်း
၂၈-၈-၂၀၁၃ (၆း၄၅) မြန်မာ - ကမ္ဘောဒီးယား

၃၁-၈-၂၀၁၃ (၄း၀၀) အကြို ဗိုလ်လုပွဲစဉ် (၁)
၃၁-၈-၂၀၁၃ (၆း၄၅) အကြို ဗိုလ်လုပွဲစဉ် (၂)

၂-၉-၂၀၁၃ (၄း၀၀) တတိယ နေရာလုပွဲ
၂-၉-၂၀၁၃ (၆း၄၅) ဗိုလ်လုပွဲ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...