Monday, August 19, 2013

အစားအစာမှ ရယူနိုင်သော နှလုံးကျန်းမာစေသည်များ



အစားအစာမှ ရယူနိုင်သော နှလုံးကျန်းမာစေသည်များ ခန္ဓာကိုယ် ကျန်းမာဖို့ နေ့စဉ်စား သောက်နေတဲ့ အစားအသောက် တွေကနေ ကစီဓာတ်၊ အသားဓာတ်၊ ရေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ရယူရပါတယ်။ နေ့စဉ်စားသောက်နေတဲ့ အစားအ သောက်တွေကနေ ခန္ဓာကိုယ်အတွက် တစ်နေ့တာ လိုအပ်တဲ့ ဗီတာ မင်နဲ့ သတ္တု ဓာတ်တွေ အပြည့်အဝ ရရှိပါရဲ့လား။ နှလုံးကျန်းမာ ဖို့အတွက် ဆိုရင်တော့ ရွေးချယ်စားဖို့ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ရှိနေပါတယ်။


ဗာဒံစေ့

ဗာဒံစေ့ ကနေ ရရှိနိုင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက နှလုံးနဲ့ စိတ်နေ စိတ်ထားကို ကောင်းမွန်စေ ပါတယ်။ ဗီတာ မင်ဘီနဲ့ မဂ္ဂနီဆီယမ်က စိတ်ခံစားမှု ကောင်းစေတဲ့ ဆီရိုတိုနင်ဟော်မုန်းကို ထုတ်ပေးပါ တယ်။ ဇင့်က စိတ်ဖိစီးမှုတွေ ကို လျှော့ချပေးတာကြောင့် နှလုံးကျန်း မာရေးကို အထောက်အကူဖြစ်စေပါ တယ်။ ဗီတာမင်အီးရဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်က နှလုံးရောဂါ မဖြစ်အောင် ကာကွယ် ပေးပါတယ်။

ကညွတ်

ကညွတ်မှာ ပါဝင်တဲ့ ဗီတာမင်တွေက ရောင်ရမ်းမှုကို လျော့နည်းစေပြီး နှလုံး ကျန်းမာရေးကို အထောက် အကူ ဖြစ်စေပါတယ်။ အပူပေးပြီးချက်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် အချိန်ကြာကြာ ချက်ပြုတ် တာကို ရှောင်ပါ။

ပဲအမျိုးမျိုး

ပဲအမျိုးမျိုးကနေ ပရိုတင်းဓာတ်ကို များစွာရရှိနိုင်ပြီး နှလုံးကျန်းမာစေဖို့ စိတ် ဖိစီးမှုကို လျှော့ချပေးတဲ့ ဗီတာမင်ဘီအုပ် စု၊ သံဓာတ်နဲ့ ကယ်လ်စီယမ်များစွာ ပါဝင်ပါတယ်။ အမျှင်ဓာတ် များစွာပါဝင်ပါတယ်။ သွေး တွင်း မကောင်းတဲ့ ကိုလက်စ ထရောအဆီတွေကို လျှော့ချပေးပြီး နှလုံးကျန်းမာသန်စွမ်းစေပါတယ်။

စတော်ဘယ်ရီသီး

စတော်ဘယ်ရီးသီးမှာ အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဗီတာမင် စီများစွာ ပါဝင်တာကြောင့် နှလုံးရောဂါ မဖြစ်ပွား အောင် ကာကွယ်ပေးပါတယ်။ အမျှင် ဓာတ်များစွာပါဝင်ပြီး ဝမ်းချုပ်တာမဖြစ် အောင်လည်း ကာ ကွယ်နိုင်ပါတယ်။

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွ့က်

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် တွေကနေ ရရှိနိုင်တဲ့ ဗီတာမင်စီက အရိုး၊ သွားနဲ့ ဆံပင်တွေကို သန်မာစေပါတယ်။ ဗီတာမင်အေနဲ့ မဂ္ဂနီဆီယမ်စိတ်တည် ငြိမ်အေးချမ်းစေပါတယ်။

အဆီထုတ်ထားသော အသား

အဆီထုတ်ထားတဲ့ အသားတွေ စားသုံးတာက ဇင့်၊ သံဓာတ်၊ ဗီတာမင်ဘီ အုပ်စုတွေ ရရှိနိုင်ပါတယ်။ စိတ် ဖိစီးမှုကို လျော့နည်းစေပြီး စိတ်တည်ငြိမ်အေး ချမ်းမှုကို ရရှိစေပါတယ်။ စိုးရိမ်သောက ကင်းဝေးတဲ့ ခံစားမှုတွေ ဖြစ်ပေါ်စေပြီး နှလုံးကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။ အဆီများသောငါး

အဆီများတဲ့ ဆယ်လ်မွန်ငါး၊ ဆာ ဒင်းငါးတွေ စားသုံးတဲ့အခါ ခန္ဓာကိုယ်အ တွက် လိုအပ်တဲ့ အိုမီဂါ-၃၊ ဗီတာမင် ဘီ-၆၊ ဘီ-၁၂ ကို ရရှိစေပါတယ်။ အိုမီ ဂါ-၃ က နှလုံးကျန်းမာရေးကောင်းမွန် စေတဲ့ အဆီပါ။ ဗီတာမင် ဘီ-၁၂ က စိတ်ခံစားမှုကောင်းစေတဲ့ ဆီရိုတိုနင် ဟော်မုန်းကို ထုတ်ပေးပါတယ်။

စပျစ်သီး

စပျစ်သီးမှာ အင်တီအောက်ဆီးဒင့် တွေ များစွာပါဝင်ပါတယ်။ သွေးကြောအ တွင်း နိုက်ထရစ်အောက် ဆိုက်တွေများ စေပြီး သွေးခဲမှုကို မဖြစ်အောင် တားဆီး ပေးတာကြောင့် နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပြီး သား ဖြစ်စေပါတယ်။

ထောပတ်သီး

ထောပတ်သီးက နှလုံးကို ကျန်းမာ စေတဲ့ အစားအစာတစ်ခုပါ။ မပြည့်ဝဆီတွေ များစွာပါဝင်တာကြောင့် သွေးတွင်း မကောင်းတဲ့အဆီတွေ လျော့နည်းစေပြီး ကောင်းတဲ့အဆီတွေ များစေပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ လိုင်ကိုပင်းက နှလုံးကျန်းမာရေးအတွက် မရှိမဖြစ်လို အပ်ပါတယ်။

သစ်ကြားသီး

သစ်ကြားသီးကို သရေစာ အဖြစ် စားသုံးပါက နှလုံးကျန်းမာရေးကိုကောင်း မွန်စေတဲ့ အိုမီဂါ - ၃၊ အယ်လ်ဖာ လိုင်နို လစ်အက်စစ် စတာတွေကို ရရှိနိုင်ပါ တယ်။ သစ်ကြားသီးကို နေ့စဉ် သရေ စာအဖြစ် စားသုံးပေးပါက မကောင်းတဲ့ အဆီတွေကို လျှော့ချပေးပြီး နှလုံးကျန်း မာရေးကို ကောင်းမွန်စေပါတယ်။ ဆာ လောင်မှုမရှိဘဲ ကျေနပ်မှုဖြစ်စေတာ ကြောင့် ကိုယ်အလေး ချိန်လျှော့ချလိုသူ တွေအနေနဲ့ စားသုံးသင့်ပါတယ်။

အုတ်ဂျုံ

သင့်မနက်စာမှာ အုတ်ဂျုံစားပေး တာကြောင့် အမျှင်ဓာတ်များစွာ ရရှိစေ ပါတယ်။ အုတ်ဂျုံက နှလုံးကျန်း မာစေဖို့ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော အဆီတွေကို လျှော့ချပေးပြီး ကောင်းတဲ့ အဆီတွေကို များစေပါတယ်။

ပန်းသီး

ပန်းသီးတစ်လုံး နေ့စဉ်စားပါက ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ပန်းသီးမှာ ဗီတာမင် စီ၊ ပက်ပ်တင်တွေ ပါဝင်ပြီး မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို ကျဆင်းစေပြီး နှလုံးကို ကျန်း မာစေပါ တယ်။

ကန်စွန်းဥ

ကန်စွန်းဥမှာ အင်တီအောက်ဆီး ဒင့်များစွာပါဝင်ပြီး ခန္ဓာကိုယ်တွင်းရှိ ဓာတ်တိုးမှုဖြစ်စဉ်တွေကို ဟန့် တားပေး ပါတယ်။ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေကို လျော့နည်းစေပြီး နှလုံးကျန်းမာရေးကို များစွာအထောက် အကူဖြစ်စေပါ တယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ ပေါင်းစပ်ပါဝင်နေ တဲ့ ဒြပ်ပေါင်းတွေက နှလုံးကျန်းမာရေးကို များစွာ အထောက် အကူဖြစ်စေ ပါတယ်။ ခရမ်းချဉ်သီးကို ချက်စားပါက ဗီတာမင် စီဓာတ် လျော့နည်းသွားပေမယ့် လိုင်ကို ပင်းတွေ ပိုမို များလာပြီး အင်တီအောက် ဆီးဒင့်အာနိသင်တွေ ပိုမိုရရှိနိုင်ပါတယ်။

Good Health

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...