Monday, August 19, 2013

အလှတရား၏နောက်ကွယ်မှာ







အတ္တတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝ
မာနတွေနဲ့ မွန်းကြပ်နေတဲ့ ခန္ဓ္ဓာ
ပကာသနတွေနဲ့ တန်ဆာဆင်တဲ့ အလှ
သကာလိုချိုမြတဲ့ အပြော
ရွှန်းလဲ့တောက်ပတဲ့ မျက်ဝန်းတစုံ
ကောင်းခြင်းများစွာနဲ့ ပြည့်စုံတဲ့မင်းရဲ့ ဘဝ
လူတကာပြောနေကြတယ်
အမရာ ကိန္ဒရီ
မဒီ သမ္ဗူလ
တော်လေး၀၀င်တဲ့ မိန်းမလှမျိုးတဲ့လေ
ဟုတ်မှာပါလေ...........
မင်းကသိပ်လှပါတယ်.....
ဒါပေမယ့် မိန်းကလေးရေ
ငါမြင်နေတဲ့ မင်းရဲ့ အသွင်
သိပ်ကိုအကျည်းတန်နေပါလား
ဘ၀ကို အတ္တစိတ်နဲ့ ရှင်သန်
မာနခြေ လှမ်းတွေနဲ့ ဖြတ်သန်း
ပကာသနတွေ အပေါ်ယံဆင်မြန်း
ချိုသာတဲ့ အပြောလေးတွေနဲ့ ဖျားယောင်း
တောက်ပ ရွှန်းလဲ့တဲ့မင်းအကြည့် တချက်အောက်
ကျရှုံးခဲ့ရတဲ့ လူပေါင်းများစွာအတွက်
ဝင့်ကြွားစွာ အောင်ပွဲခံ
ဟာ............ဟ.......ဟား...........
ဘယ်မှာလည်း စစ်မှန်တဲ့ မင်းအလှ
နှလုံးသွေးများစွာကို သောက်သုံး
မင်းအလှအတွက် ...
ချစ်တတ်တဲ့ နှလုံးသွေးတွေ
သောက်သုံးနေရတာ မင်းအလှတဲ့လား
တကယ်တော့ မိန်းကလေး
မင်းရဲ့ အမူအကျင့်တွေကို ဖယ်ခွါ
ကြင်နာတဲ့ စိတ်ကလေးထားလိုက်မယ်ဆို
လူတွေပြောတဲ့ မင်းအလှ
ကမ္ဘာမှာတောင် စံတင်လောက်ပါရဲ့
ခုတော့ မိန်းကလေးရေ..........
ငါပြောတဲ့ အကျည်းတန်မှုတွေဟာ
မင်းအလှတရားရဲ့....... နောက်ကွယ်မှာပါ.............
အလှတရားရဲ့.......................
နောက်ကွယ်မှာ.....။............။..................။



ဒီပဲယင်းသားလေး

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...