Monday, August 19, 2013

ညောင်ဦးတွင် ကမ္ဘာလှည့်ခရီးသည်အမျိုးသမီးထံမှ လုယက်ခဲ့သူအား ဖမ်းမိ


ညောင်ဦးမြို့၊ အမှတ်(၇)၀က်ကြီးအင်းရပ်ကွက်၊ ညောင်ဦး-ပုဂံမြို့သစ်ကားလမ်းတောင်ဘက်ခြမ်းရှိ
ဆူးလေကုန်းဘုရားအနီးတွင်၃-၈-၂၀၁၃ ရက်နေ့ ၁၈၅၀ အချိန်က ပြင်သစ်နိုင်ငံသူ Miss,Amilic Schaitt (၂၃)နှစ်ထံမှ
အမျိုးသားတစ်ဦးက ခါးပတ်အိတ်အားလုယူစဉ် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ ပြင်သစ်နိုင်ငံသူတွင်
ဝဲမျက်လုံးဖူးရောင်ညိုမဲ၊ လည်ပင်း၊ ၀ဲလက်တို့၌ ပွန်းခြစ်ဒဏ်ရာများရရှိခဲ့ပြီး
ပတ်စ်ပို့(၁)အုပ်၊ အမေရိကန်ဒေါ်လာနှင့်မြန်မာငွေများ၊ Credit Card (၁)ခုနှင့်လေယာဉ်လက်မှတ်တို့
ပါသွားခဲ့ကြောင်းကို ၎င်းတည်းခိုနေသည့် View Point တည်းခိုခန်းပိုင်ရှင်က တိုင်တန်းခဲ့သောကြောင့်
ညောင်ဦးမြို့မရဲစခန်း(ပ)၉၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။
ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့်
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေး ရဲတပ်ဖွဲ့စု(ပုဂံ)မှတပ်ဖွဲ့ဝင်များ ပူးပေါင်းစုံစမ်းဖော်ထုတ်ခဲ့ရာ
ပုဂံမြို့ဟောင်းမှချောက်သို့သွားသော လမ်းဆုံတွင် ပြစ်မှု ကျူးလွန်ခဲ့သူ မြောက်ဦးမြို့နယ်၊ မီးလောင်းဖျားမြောက်ရွာနေ ကို----အား ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးချက်အရ ကို--သည် အခင်းဖြစ်နေ့က ဆူးလေကုန်းဘုရားအနီးတွင် နိုင်ငံခြားသူတစ်ဦးအား တွေ့ရှိရ၍ အနီးရှိတုတ်တစ်ချောင်းဖြင့်(၃)ချက်ရိုက်ပြီး
အိတ်အားလုယူ ထွက်ပြေးခဲ့ကြောင်း၊ အိတ်အတွင်းမှ အမေရိကန်ဒေါ်လာ(၂၃၄)ဒေါ်လာတွေ့ရှိသဖြင့်
(၁၃၄)ဒေါ်လာအား မိတ်ဆွေဖြစ်သူ မ--၏အကူအညီဖြင့် ညောင်ဦးမြို့၊ ဈေးအတွင်းရှိ ဒေါ်--ထံ
လဲလှယ်ခိုင်းခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် လဲလှယ်ခဲ့သည့်ဒေါ်လာငွေအား
လိုက်လံသိမ်းဆည်းခဲ့သည်။
ထို့ပြင် အခင်းဖြစ်ရပ်တောင်ဘက်(၁)မိုင်ခန့်အကွာတွင် မှုခင်းဖြစ်စဉ်က ပါဆုံးသွားသော Credit Card အား
ထပ်မံရှာဖွေသိမ်းဆည်းရမိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူ ကို--အား ထိုက်သင့်သည့်ပြစ်ဒဏ် ရရှိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

Express

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...