Monday, September 2, 2013

Breaking News:


ပေါ်တို အသင်းမှ ဘရာဇီးလ် ကွင်းလယ်လူ ဖာနန်ဒိုကို ခေါ်ယူရန် အဲဗာတန်အသင်းက ပေါင်စတာလင် (၁၅)သန်းတန် ပြောင်းရွှေ့ကြေးဖြင့် သဘောတူညီသွားပြီ ဖြစ်သည်။

ပေါ်တိုသည် ဖာနန်ဒို၏ ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း(၃၀)ထိ သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် အဲဗာတန်၏ ကမ်းလှမ်းမှုကို လျှော့ပေါ့ညှိနှိုင်း လက်ခံခဲ့သည်။ အဲဗာတန်သည် ဖာနန်ဒို၏ အလုပ်လုပ်ခွင့် ပါမစ်ကိစ္စကို နာရီပိုင်းမျှ စောင့်ဆိုင်းခဲ့ပြီးနောက် ယခုအခါ အဆိုပါ ကိစ္စပါ အာမခံချက် ရရှိခဲ့ပြီ ဖြစ်သည့်အတွက် ဖာနန်ဒိုကို ဈေးကွက် မပိတ်မီ နာရီပိုင်းအတွင်း စာချုပ်သွားမည် ဖြစ်သည်။

ဖာနန်ဒို အပြောင်းအရွှေ့သည် အဲဗာတန်၏ ဘယ်လ်ဂျီယံ လက်ရွေးစင် မော်ရိုဖယ်လိုင်နီ မန်ချက်စတာ ယူနိုက်တက်သို့ ရောက် ရှိရေးအတွက် အဓိက တွန်းအားလည်း ဖြစ်လာနိုင်ကြောင်း Daily Mailက ဖော်ပြသွားသည်။ ယခုအခါ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းသည် ဖယ်လိုင်နီကို အပြောင်းအရွှေ့ ကိစ္စအတွက် ဆွေးနွေးရန် ခွင့်ရက် သတ်မှတ် ပေးခဲ့ကြောင်းလည်း Independent သတင်းစာ က ရေးသားထားသည်။

Planet Myanmar Network

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...