Monday, September 2, 2013

အသားအရေထိန်းနည်းရှစ်မျိုး၏လျှို့ဝှက်ချက်



ဘယ်အသက်အရွယ်ပဲရောက်ရောက် အသားအရေ ကျန်းမာပြီးကြည့်ကောင်းနေစေဖို့ အောက်ပါ မြန်ဆန် ထိရောက်တဲ့အလွယ်နည်းတွေရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ပြလိုက်ပါတယ်။



အသားအရေထိန်းနည်း (၁)

အသားအရေ ထိခိုက်စေသော အမူအကျင့်များ ရှောင်ရှားခြင်း
လျှို့ဝှက်ချက် - အသားအရေ ထိခိုက်စေတဲ့ ဆေးလိပ်သောက်တာ၊ နေပူဆာ လှုံတာနဲ့ အရက်သောက် တာတို့လို အသားအရေထိခိုက်စေတဲ့ အမူအကျင့်သုံးရပ်ကို ရှောင်သင့်ပါတယ်။ နေပူထဲကို မဖြစ်မနေသွား ရတဲ့အခါ SPF ပါတဲ့ နေကာခရင်မ်ကို လိမ်းပေးသင့်ပါတယ်။ ဆေးလိပ်သောက်တာနဲ့ အရက်ကို အလွန် အမင်းသောက်တာတွေက အသားအရေကို ထိခိုက်စေတဲ့အပြင် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နေ ပါတယ်။

အသားအရေထိန်းနည်း (၂)

မျက်နှာကိုတစ်နေ့ နှစ်ကြိမ် သန့်စင်ခြင်း
လျှို့ဝှက်ချက် - မျက်နှာနဲ့ လည်ပင်းကိုပုံမှန်ဆေးကြောသန့်စင်ပေးတာကြောင့်အရေပြားထိခိုက်စေတဲ့ အညစ်အကြေး၊ ဖုန်မှုန့်တွေကို ကင်းစင်စေရုံသာမက အရေပြားကို ကြည်လင်ဝင်းပလာစေပါတယ်။

အသားအရေထိန်းနည်း (၃)

မျက်နှာကို လက်ဖြင့် ထိတွေ့မှု မရှိခြင်း
လျှို့ဝှက်ချက် - လက်ဆိုတာ မျက်နှာပြင်အမျိုးမျိုးကို ထိတွေ့ကိုင်တွယ်တဲ့ အရာဖြစ်လို့ လူ့ခန္ဓာကိုယ်မှာ အညစ်ပတ်ဆုံးအင်္ဂါအစိတ်အပိုင်းလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ ဒီလို ညစ်ပတ်နေတဲ့လက်နဲ့ မျက် စိကို ပွတ်တဲ့အခါ၊ မေးစေ့ကို ထိတွေ့တဲ့အခါ၊ ပါးပြင်ကို အုပ်မိုးပြီးကိုင်တဲ့အခါ သင့်လက်က ပိုးတွေကို မျက် နှာပြင်ဆီရောက်အောင် ပို့ဆောင်သလိုဖြစ်စေပါတယ်။


အသားအရေထိန်းနည်း (၄)

အယ်လ်ကိုဟောကို ရှောင်ခြင်း
လျှို့ဝှက်ချက် - အရက်ကို မသောက်တာ အကောင်းဆုံးပါ။ မနေနိုင်ပါက သင့်အသားအရေ ကျန်းမာလှပ
ရေးအတွက်အယ်လ်ကိုဟောကို အနည်းဆုံး ပမာဏသောက်ပါ။ အရက်ကို အလွန်အမင်းသောက်သုံးတာ
ကြောင့် မျက်နှာအရေပြားအပေါ်ယံလွှာနဲ့ ကပ်နေတဲ့ သွေးကြောတွေကို ကျယ်စေနိုင်ပါတယ်။

အသားအရေထိန်းနည်း (၅)

အဆီပိုများ ကင်းစင်စေခြင်း
လျှို့ဝှက်ချက် - မျက်နှာပေါ်က အဆီပိုတွေ ကင်းစင်စေဖို့ရာအတွက် ပေါင်ဒါမှုန့် လိမ်းပေးပါ။ ဒါမှမဟုတ် အဆီစုပ်တဲ့ စက္ကူနဲ့ သုတ်ပေးပါ။ အဆီပြန်တဲ့ အသားအရေအတွက် အဆီပါဝင်တဲ့ ပေါင်ဒါကို ရှောင်ပါ။

အသားအရေထိန်းနည်း (၆)

နူးညံ့သော မျက်ဝန်းတစ်ဝိုက်ကို ပွတ်သပ်မှုမပြုခြင်း
လျှို့ဝှက်ချက် - မျက်နှာအသားအရေအထူးသဖြင့် မျက်ဝန်းတစ်ဝိုက် အရေပြားနေရာက အလွန့်အလွန်
နူး ညံ့သိမ်မွေ့လွန်းပါတယ်။ ဒါကြောင့် မျက်ဝန်းတစ်ဝိုက် မိတ်ကပ်လိမ်းရင်လည်း ညင်ညင်သာသာပွတ်သပ်ပြီး လိမ်းသင့်ပါတယ်။ မျက်စိယားယံနေရင် မျက်ဝန်းတစ်ဝိုက်ကိုအေးမြတဲ့ ပိတ်စ ဒါမှမဟုတ် ရေခဲဝတ်ကပ်ပေး ပါ။


အသားအရေထိန်းနည်း (၇)

အသားအရေထိန်းပစ္စည်း အမျိုးအစားတစ်မျိုးကိုသာ သုံးခြင်း
လျှို့ဝှက်ချက် - အသားအရေထိန်းပစ္စည်းအမျိုးမျိုးကို ဝယ်ပြီးသုံးရင် ပါဝင်ပစ္စည်းတွေက တစ်ခုနဲ့ တစ်ခု အဟန့်အတားဖြစ်စေတာ၊ ဓာတ်မတည့်မှုဖြစ်စေတာနဲ့ အာနိသင်ကို ယုတ်လျော့စေတာတို့ဖြစ်စေနိုင်ပါ တယ်။ အကောင်းဆုံးရလဒ်လိုချင်ရင် အတူပေါင်းစပ်သုံးနိုင်အောင်ဖော်စပ်ထုတ်လုပ်ထားတဲ့ အသားအရေ ထိန်းပစ္စည်းတွေကို သုံးသင့်ပါတယ်။ ဒါမှမဟုတ် ကျွမ်းကျင်သူရဲ့ ညွှန်ကြားချက်အရ သုံးပါ။


အသားအရေထိန်းနည်း (၈)

စပျစ်ဆီသုံးခြင်း
လျှို့ဝှက်ချက် - အသားအရေထိန်းသိမ်းရေးအတွက် ချွေးပေါက်ကျဉ်းဆေးရည်(Toner)ထဲမှာ စပျစ်ဆီ လက်ဖက်စားဇွန်းတစ်ဇွန်းထည့်သုံးပါ။ စပျစ်ဆီဟာအရေပြားဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးတာနဲ့ အား
ဖြည့်တာတွေကို လုပ်ဆောင်ပေးတဲ့အတွက် အိုမင်းမှုတားဆီကြည်အနေနဲ့ အသုံးဝင်ပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...