Monday, September 2, 2013

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မောင်တောမြို့ ရခိုင်တိုင်းရင်းသား ဒေသခံနေရာသို့ ရောက်ရှိစဉ် တိုင်းရင်းသား ဒေသခံနေရာ ဖြစ်သည့်အတွက် အခြားဒေသသို့ စွန့်ခွာမသွားဘဲ ဆက်လက်နေထိုင်ကြရန် တိုက်တွန်း

Y-2-9
မစ္စတာနမ်ဘီးယား ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း မောင်တောမြို့နယ်၊ မောရ၀တီကျေးရွာမှ ဒုက္ခသည်များနှင့် တွေ့ဆုံစဉ်
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယား မောင်တောသို့ ရောက်ရှိစဉ် ဤနေရာ ဤဒေသမှာ တိုင်းရင်းသား ဒေသခံများ၏ နေရာဖြစ်သည့်အတွက် အခြားဒေသသို့ စွန့်ခွာမသွားဘဲ ဆက်လက်နေထိုင်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယားနှင့် အဖွဲ့မှာ မောင်တောနယ်စပ်ရှိ မောရ၀တီကျေးရွာသို့ စက်တင်ဘာ ၁ ရက် မွန်းလွှဲ ၁၂ နာရီခွဲ အချိန်တွင် ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာပြီး မောရ၀တီကျေးရွာမှ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့စဉ် ယင်းသို့တိုက်တွန်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နှင့်အတူ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့်အဖွဲ့ လိုက်ပါခဲ့ကြောင်း သိရသည်။
"ပဋိပက္ခများ ဖြစ်ပွားပြီးနောက် ခုအချိန်မှာ တစ်ဖက်နှင့်တစ်ဖက် ပြန်လည်အဆင်ပြေ လာတာကို ဒီမှာတွေ့ရပါတယ်။ ဒီဒေသဟာ တိုင်းရင်းသား ဒေသခံတွေရဲ့ နေရာဖြစ်လို့ ဒီဒေသကို စွန့်ခွာပြီး တခြားဒေသကို မသွားဘဲ ဆက်လက်နေထိုင်ဖို့ လိုပါတယ်" ဟု မစ္စတာနမ်ဘီးယားက ပြောကြားသည်။
၂၀၁၂ ဇွန်လ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယားသည် ရခိုင်သို့ ပထမအကြိမ် ရောက်ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုခရီးစဉ်သည် ၎င်း၏ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။ မောင်တောနယ်စပ်သို့ အောက်တိုဘာလတွင် တစ်ကြိမ်ရောက်ရှိခဲ့ပြီး ယခုတစ်ကြိမ်မှာ ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။
"ကင်တားနား လာတုန်းကတော့ ကျွန်တော်တို့ဆီကို မရောက်ခဲ့ဘူး။ ကျွန်တော်တို့ကို မေ့ထားသလို ခံစားရတယ်။ အခု မစ္စတာနမ်ဘီးယားကတော့ ကျွန်တော်တို့ကိုလာပြီး အားပေးစကားပြောလို့ ၀မ်းသာမိပါတယ်။ ပြောရမယ်ဆိုရင် ရခိုင်ပဋိပက္ခမှာ ဘင်္ဂလီတွေ လူမျိုးသုဉ်း သတ်ဖြတ်ခံရတယ်လို့ နိုင်ငံတကာက လုပ်ကြံပြောကြပေမယ့် တကယ့်အဖြစ်မှန် မဟုတ်ပါဘူး။ မောင်တောက တိုင်းရင်းသားတွေရဲ့ အခြေအနေကို အမှန်သိဖို့ လိုပါတယ်" ဟု မောရ၀တီကျေးရွာသား တစ်ဦးက ပြောသည်။

Eleven

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...