Monday, September 2, 2013

ဆန္ဒပြ ပြည်သူများကို သတ်ဖြတ်ရန် လှုံ့ဆော်မှုဖြင့် မော်စီကို စွဲချက် တင်မည်


Monday, September 2, 2013

အီဂျစ်အစိုးရသည် သမ္မတဟောင်း မိုဟာမက် မော်စီအား ဆန္ဒပြ
ပြည်သူများကို သတ်ဖြတ်ရန် လှုံ့ဆော် စေခိုင်းမှုဖြင့် စွဲချက်တင်ရန် စီစဉ်နေကြောင်း သိရှိရသည်။ အီဂျစ် အစိုးရ ရှေ့နေများက ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလတွင် ကိုင်ရိုမြို့တော်ရှိ သမ္မတနန်းတော် အပြင်ဘက်တွင်
ဖြစ်ပွားသော အကြမ်းဖက် ပဋိပက္ခများနှင့် စပ်လျဉ်းပြီး မော်စီကို စွဲချက်တင်ရန် ကြိုးစားနေကြောင်း ပြောဆိုခဲ့သည်။ လုံခြုံရေး တပ်ဖွဲ့များနှင့် ဆန္ဒပြသူများကြား အပြန်အလှန် တိုက်ခိုက်မှုများကြောင့် ထိုစဉ်က အနည်းဆုံး လူ(၇)ဦးမျှ သေဆုံးခဲ့သည်။ မော်စီ အစိုးရကို အားပေး
ထောက်ခံခဲ့သည့် မွတ်ဆလင် ညီအစ်ကိုတော်များ အဖွဲ့မှ အဖွဲ့ဝင် (၁၄)ဦးကိုလည်း အလားတူ စွဲချက်ဖြင့် တရားစွဲဆိုရန် စီစဉ်နေသည်။

မော်စီသည် ဇူလိုင်လက အာဏာသိမ်းခံရပြီး ကတည်းက လျှို့ဝှက်နေရာ တစ်ခုတွင် ထိန်းသိမ်း ခံထားရသည်။ ၎င်းသည် အခြားစွဲချက် အများ
အပြားနှင့်လည်း ရင်ဆိုင်ရဖွယ် ရှိနေသည့်တိုင် ယခုစွဲချက်သည် ပထမဆုံး တရားရုံးတင်မှု ဖြစ်လာနိုင်ကြောင်း သိရသည်။

၎င်းရာထူးမှ ပြုတ်ကျပြီးကတည်းက စစ်တပ်က ထောက်ခံသော ကြားဖြတ် အစိုးရသည် မော်စီလိုလားသည့် ဆန္ဒပြသူများကို အင်အားသုံး ဖြိုခွဲမှုများ
ပြုလုပ်ခဲ့သည်။ (၂၀၁၂)ခုနှစ်၊ ဒီဇင်ဘာလက (၄)ရက်နေ့က ထောင်နှင့်
ချီသော ဆန္ဒပြသူများသည် မော်စီအစိုးရကို ဆန့်ကျင်ကြောင်း သမ္မတ နန်းတော်ရှေ့တွင် စုရုံးခဲ့ပြီး ထိုစဉ်က လုံခြုံရေး တပ်ဖွဲ့များနှင့် ပဋိပက္ခများ
ဖြစ်ပေါ်ခဲ့ပြီး ယင်းအတွက် ယခုအချိန်တွင် စွဲချက်တင်ရန် စီစဉ်လာခြင်းလည်း
ဖြစ်သည်။

Planet Myanmar Network

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...