Monday, September 2, 2013

ဆယ်ကျော်သက်ပျိုမေတို့ သိသင့်သော ကျန်းမာရေး






ကျောင်းမှာ ကျန်းမာရေးဟောပြောပွဲတစ်ခု လုပ်မယ်လို့သိရတုန်းက စုစုနဲ့ယုမွန်သိပ်မတက်ကြွသေး ဘူး။ ဟောပြောမယ့်သူက ဒေါက်တာနီလာ လို့လည်းသိရော စုစုနဲ့ ယုမွန်တင်မက မိုးနွယ်ပါရင်ခုန်ပြီး စိတ် လှုပ်ရှားမိတယ်။
''တို့ ဒေါက်တာလား မသိဘူးနော်'' ဆိုပြီးအချင်းချင်းလက်တို့ရင်း စိတ်ထဲကပါ အလိုလိုပျော်နေမိ တယ်။ ဟောပြောပွဲလုပ်မယ့် ခန်းမထဲကိုလည်းအစောဆုံးနဲ့ ရှေ့ဆုံးက နေရာဦးတဲ့သူတွေက သူတို့လေး
တွေ သုံးယောက်ပါပဲ။
''ဘာအကြောင်း ပြောမှာလဲ မသိဘူး''လို့ မိုးနွယ်ရဲ့ အမေးကို ''ငါတို့ ချစ်တဲ့ ဒေါက်တာဖြစ်ပါစေ''လို့ ကျိတ် ဆုတောင်းနေတဲ့ ယုမွန်က မကြားလိုက်ဘူး။ စုစုက ''ဘာအကြောင်းပဲပြောပြော ငါတို့ ဒေါက်တာဖြစ် လို့ကတော့ ငေးပြီး နားထောင်မှာ''လို့ ပြန်ဖြေတော့ မိုးနွယ်လည်း ခေါင်းညိတ်လက်ခံတယ်။
- - - -
ဟောပြောပွဲမစမီ ကျောင်းအုပ်ဆရာမကြီးအဖွင့်အမှာစကားပြောကတည်းက ဒေါက်တာနီလာကို တွေ့

နေရပြီဖြစ်လို့ စုစုတို့သုံးယောက် မျက်နှာမှာ အပြုံးကိုစီနဲ့။ ဒေါက်တာနီလာပြောမှာ ဖြစ်ကြောင်း ကြေညာ လိုက်တာနဲ့ စုစုတို့ လက်ခုပ်သံကအကျယ်ဆုံးနဲ့ အကြာဆုံးလို့ စုစုထင်မိတယ်။

'' ဒီနေ့ သမီးတို့ကို အန်တီပြောပြမယ့် အကြောင်း အရာက 'ဆယ်ကျော်သက်ပျိုမေတို့သိသင့်သော ကျန်းမာရေး' ပဲ ဖြစ်ပါတယ်'' လို့ ဒေါက်တာနီလာက အစချြီပီး အမျိုးသမီး တွေရဲ့အရွယ်ရောက်လာပုံ အဆင့်ဆင့်နဲ့ ကျန်းမာရေးကောင်းမွန်အောင်ထိန်းသိမ်းရမယ့် နည်းလမ်းတွေကို ပြောပြပါတော့တယ်။ ပြီး
တော့ စုစုတို့ သေချာမှတ်သားဖို့ဆိုပြီး အောက်ပါအချက်တွေကို အလေးထားရှင်းပြပါတယ်။
အပျိုစင်ဘဝကို တန်ဖိုးထားရပါမယ်
သမီးတို့အနေနဲ့ ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်၊ ဖက်ပေါ်ဆူးကျလည်း ဖက်ပဲပေါက်ရမယ့်အဖြစ်ကို တကယ်ဆင်ခြင်ပြီး သိထားစေချင်ပါတယ်။အခုခေတ်မှာမိန်းကလေးတွေဟာ ချစ်သူရည်းစားကို အပြင် မှာ တွေ့ပြီး ချစ်ကြိုက်ကြတာမျိုးမဟုတ်ဘဲအင်တာနက်ကနေ တွေ့ဆြုံပီး ချစ်ကြိုက်တာမျိုး တွေတောင် ရှိလာနေပါတယ်။ ဒီလိုအင်တာနက်ကနေချိန်းဆိုတာတွေကို အယုံမလွယ်သင့်ပါဘူး။ အခုခေတ်မှာအချို ရည်ထဲ ဆေးခတ်ြပီး မိန်းကလေးတွေကို အဓမ္မပြုကျင့်တာ၊ လူကုန်ကူးတာတွေလည်းကြားနေရပါတယ်။ ပြီးတော့သမီး တို့ကိုယ်တိုင်ကိုက အညှာ မလွယ်ဖို့၊ စည်းကို အကျော်မခံဖို့ အရေးကြီး ပါတယ်။ ဒီစကားက သမီးတို့လိုဆယ်ကျော်သက်လေးတွေကိုပြောပြဖို့စောလွန်းသေးတယ်ဆိုပေမယ့် အန်တီမှာချင်ပါတယ်။ အိမ်ထောင်ရက်သား မကျခင်အချိန်အထိ ကိုယ်ရဲ့ အပျိုစင်ဘဝကို တန်ဖိုးထားထိန်းသိမ်းမယ်ဆိုတဲ့ စိတ် ဓာတ်ကို ခိုင်ခိုင်မာမာချမှတ်ထားသင့်ပါတယ်။


ငြင်းဆန်တတ်ပါစေ အခုခေတ်မှာ ရေပန်းစားနေတဲ့ Valentine's Day လိုနေ့တွေ၊ ချစ်သူရဲ့ မွေးနေ့၊ ကိုယ့်မွေးနေ့ .. စသဖြင့် အပြင်ထွက်ပြီး လျှောက်လည်ကြပြီဆိုရင်ဘယ်အချိန်မှာမဆို လိင်ကိစ္စနဲ့ ပတ်သက်လာရင်တော့ ယတိ
ပြတ် ငြင်းဆန်သင့်ပါတယ်။ သမီးတို့အတွက် ဒီလိုအသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ လိင်ကိစ္စမှာ လက်တည့် စမ်းလိုက်တာဟာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘဝတက်လမ်း အစစအရာရာအတွက် ထိခိုက်နစ်နာ စရာတွေချည်းပဲရှိပါတယ်။


ကြောက်စရာကောင်းသော ရောဂါပိုး
ကိုယ့်ချစ်သူရဲ့ ကျန်းမာရေးရာဇဝင်အကြောင်းကောင်းကောင်းမသိသေးဘဲနဲ့ အချစ်နယ်ကျွံမိရာကနေ HIV ပိုး၊ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး၊ ကာလသားရောဂါပိုးစတဲ့ ရောဂါပိုးတွေ ကူးစက်တတ်ပါတယ်။ အဲ ဒီလိုကူးစက်ခံခဲ့ရတဲ့ သာဓကတွေလည်း အများကြီးပါပဲ။ HIV လို ပိုးမျိုးကို ကူးစက်ခံခဲ့ရပြီဆိုရင် တစ်သက် လုံးအချိန်အတိအကျနေ့စဉ်မှန်မှန် ဆေးသောက်နေရပါလိမ့်မယ်။ အခန့်မသင့်ရင် စိတ်ဓာတ်ကျပြီး ဘဝရှေ့ ရေးကို ဆက်မလှမ်းချင်တော့လောက်အောင် ပြင်းပြင်းထန်ထန်ခံစားရနိုင်ပါတယ်။ တကယ်လို့ နောက်ထပ် ကိုယ်လျှောက်လှမ်းတဲ့ ဘဝခရီးလမ်းမှာ ကိုယ်တကယ်နှစ်နှစ်ကာကာချစ်ရပြီး ရိုးမြေကျ လက်တွဲလိုသူကို တွေ့ဆုံရပြီဆိုရင် ကိုယ့်မှာရှိနေတဲ့ ရောဂါပိုးကြောင့်လက်ထပ်ပွဲ ပျက်ပြယ်ရတဲ့အထိ ဖြစ်တတ်ပါတယ်။ တကယ်လို့ သဘောတူကြည်ဖြူလို့ လက်ထပ်ခဲ့ရင်တောင် သားသမီးယူမယ့် ကိစ္စရပ်တွေမှာ တခြားကျန်းမာ သန်စွမ်းပြီး ရောဂါပိုးကင်းတဲ့ မိန်းမသားတွေလောက်တော့ ဘယ်မှာ အဆင်ပြေချောမွေ့နိုင်ပါတော့မလဲ။ ဒါကြောင့် သမီးတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပြီး တတ်နိုင်သမျှ ထိန်းသိမ်းကာကွယ်ဖို့လိုပါတယ်။


မိန်းမကိုယ်ကျန်းမာရေး
မိန်းမကိုယ်တစ်ဝိုက်မှာရှိတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဘက်တီးရီးယားပိုးတွေနဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဘက်တီးရီးယားပိုးတွေ မညီမျှရာကမိန်းမကိုယ်ရောင်ရမ်းမှု ဖြစ်လာတတ်ပါတယ်။ မိန်းမကိုယ်တစ်ဝိုက်မှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ပိုးတွေ များလာတဲ့အခါ ပိုးကူးစက်ခံရနိုင်ပါတယ်။ မိန်းမကိုယ်ရောင်ရမ်းမှုဖြစ်စေတဲ့ အချက်တွေကတော့ အနံ့မွှေးလွန်းတဲ့ မိန်းမကိုယ်သုံးပစ္စည်းတွေသုံးတာ၊ အပြင်းစားဆပ်ြပာတွေသုံးတာ၊ ယောနိထဲကို သန့်စင်ဆေးရည်တွေ ထည့်ပြီး အလွန်အကျွံဆေးကြောတာ၊ မထိန်းချုပ်နိုင်တဲ့ ဆီးချိုသွေးချိုရောဂါနဲ့ ကိုယ်ဝန်ဆောင်ရတာ၊ ပဋိဇီဝပိုးသတ်ဆေးတွေ မှီဝဲရတာ၊ တချို့ ကူးစက်ပိုးတွေဝင်တာ.. စတဲ့ အခြေအနေတွေပဲ ဖြစ်ကြပါတယ်။

မိန်းမကိုယ် ကျန်းမာရေးအတွက် နေ့စဉ်ထိန်းသိမ်းသင့်တဲ့ နည်းတွေကတော့ -
♦ မိန်းမကိုယ်ထဲကို စအိုတစ်ဝိုက်က ဘက်တီးရီးယားပိုးမွှားတွေ မဝင်အောင် ကာကွယ်နိုင်စေဖို့ အိမ်သာ သွားပြီးတဲ့အခါတိုင်း ရှေ့ဘက်ကနေ နောက်ဘက်ကို သုတ်ပေးရပါမယ်။
♦ ချည်သားနဲ့ လုပ်ထားတဲ့ အတွင်းခံဘောင်းဘီကိုဝတ်ဆင်သင့်ပါတယ်။ ညဘက်မှာ အတွင်းခံဘောင်းဘီ ကျပ်ကျပ်တွေ မဝတ်ထားသင့်ပါဘူး။
♦ တင်းကျပ်ပြီးနိုင်လွန်သားနဲ့ လုပ်ထားတဲ့ အတွင်းခံဘောင်းဘီ မဝတ်သင့်ပါဘူး။
♦ အတွင်းခံဘောင်းဘီတွေကို လျှော်ဖွပ်တဲ့အခါမှာဓာတုဗေဒပစ္စည်း ပါဝင်မှုနည်းတဲ့ အပျော့စားဆပ်ပြာကို သုံးပြီး လျှော်ရပါမယ်။
♦ မိန်းမကိုယ်အတွင်းပိုင်းထဲကို ဆပ်ပြာနဲ့ ဆေးကြောတာမျိုး မလုပ်ပါနဲ့။ မိန်းမကိုယ်အတွင်းပိုင်းကိုအလွန် အမင်း ဆေးကြောရင် ပိုးမွှားတွေရဲ့ သဘာဝဟန်ချက်ညီမှုကို ပြောင်းလဲသွားစေနိုင်လို့ပါ။
♦ မိန်းမကိုယ်အနံ့ဆိုးဟာ မိန်းမကိုယ်ရဲ့အပြင်ဘက်ပိုင်းကနေ ထွက်လာတတ်တာကြောင့် မိန်းမကိုယ်တစ် ဝိုက်ကို အမြဲတမ်း ခြောက်သွေ့သန့်စင်နေအောင်ထားပေးပါ။ မိန်းမကိုယ် အပေါ်ယံကိုသာ ရေနဲ့အပျော့ စားဆပ်ပြာသုံးပြီး ဆေးကြောပေးရပါမယ်။
♦ အပေါ့သွားပြီးတဲ့အခါမှာလည်း မိန်းမကိုယ်ကိုရေနဲ့ ဆေးကြောပြီး အဖြူရောင်တစ်သျှူးနဲ့သုတ်ပေးရပါ မယ်။
♦ ထူလွန်းတဲ့ အမျိုးသမီးသုံးပစ္စည်းတွေက အပူလောင်စေနိုင်တဲ့အတွက် မသုံးသင့်ပါဘူး။


ဒေါက်တာနီလာက သူပြောချင်တဲ့ အကြောင်းအရာတိုင်းကို ပုံတိုပတ်စလေးတွေနဲ့ ပြောပြတတ်ပြီးလိုက် မှတ်စေချင်တဲ့ အကြောင်းအရာဆိုရင်မှတ်ထားဖို့ သတိပေးလေ့ရှိပါတယ်။ ဒါကြောင့် အချိန် တစ်နာရီကျော်
ကြာ ဟောပြောသွားပေမယ့် စုစုတို့တစ်တွေ မပျင်းမရိ ငေးမောနားထောင်ရင်း မှတ်သားစရာလေးတွေကို မှတ်သားဖြစ်ခဲ့ပါတယ်။ ဒီအတွက်ကျန်းမာရေး ပညာပေးဟောပြောပေးခဲ့တဲ့ ဒေါက်တာနီလာကို ကျေးဇူး အထူးတင်ရှိကြောင်း အားလုံးကိုယ်စား စုစုကပဲ ပြောလိုက်ပါရစေ။

ကြယ်စင်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...