အီတာလျံလူမျိုး အာကာသယာဉ်မှူး
လူကာပါမီတာနိုသည် နိုင်ငံတကာ အာကာသစခန်း International Space Station
(ISS) မှ ထွက်၍ အာကာသတွင်းသို့ လမ်းလျှောက်နေစဉ်
သူ၏မျက်စိနှင့် နားရွက်ထဲသို့
ရေများလောင်းထည့် လိုက်သလို ခံစားလိုက်ရပြီး သူ၏ အာကာသ ဆောင်းဦးထုပ်အတွင်း
ရေများဝင်ရောက် လာပြီး တဖြည်းဖြည်း ပြည့်လာကာ မြေကမ္ဘာမစ်ရှင် ကွန်ထရိုးမှ
သိရှိသွား၍သူ၏ အဖွဲ့သား ခရစ္စတိုဖာ ကက်စီဒီကိုလည်း လမ်းလျှောက် ထွက်ခြင်းကို
ဆက်မလုပ်စေတော့ဘဲ နိုင်ငံတကာ အာကာသစခန်း အတွင်းသို့ ပြန်ဝင်နေ ရန်
ညွှန်ကြားခဲ့သည်ဟု သိရသည်။
လူကာပါမီတာနိုလည်း သူ၏ အသက်ကယ်ကြိုးကို
မျက်စိဖြင့် မြင်နေရပြီး ထိုအသက်ကယ်ကြိုးကို အသုံးပြု၍ နိုင်ငံတကာ
အာကာသစခန်းသို့ ပြန်လှည့်ကာ လေလုံပိတ် အခန်းအတွင်းကို ပြန်ရောက်ရန်
ကြိုးစားရတော့သည်။ ''ကျွန်တော် လေလုံပိတ် အခန်းဆီင်္ကို နောက်ကြောင်း
ပြန်လျှောက်လာတုန်းမှာ ရေတွေကလည်း တဖြည်းဖြည်း ပြည့်သည် ထက်
ပြည့်လာနေလိုက်တာ ကျွန်တော့နားကြပ်ကလေး တစ်ခုလုံး ရေမြုပ်ဝင်သွားပြီး
နားကြပ်မှ တစ်ဖက်က ကျွန်တော့ကို စကားပြော ဆက်သွယ်တဲ့ အသံကိုလည်း
မကြားရတော့ပါဘူး။ ကျွန်တော့မျက်နှာကာ ရှေ့ပိုင်း တစ်ခုလုံးမှာလည်း
ရေတွေပြည့်လု နီးပါးဖြစ်နေပြီး နားမကြားရုံတင်မက မျက်စိလည်း မမြင်ရတော့ဘူး။
ရေတွေက ကျွန်တော့ နှာခေါင်းတစ်ခုလုံးထိ ပြည့်သွားပြီး အဲဒီအချိန်မှာ
ကျွန်တော့စိတ်တွေ တကယ်ကို အံ့သြဖွယ်ရာ ခံစားမှု ဖြစ်ပေါ်လာပါတယ်။
ကျွန်တော်ခေါင်းကို ရမ်းခါပြီး ရေတွေ ဖယ်ရှားဖို့ ကြိုးစားကြည့်ပေမဲ့လည်း
အချည်းနှီးသာ ဖြစ်ပြီးပို၍ပင် ဆိုးလာပါတော့တယ်'' ဟု ပြောသည်။
ယခုဆို ကျွန်တော့ အာကာသဆောင်း ဦင်္းထုပ်
အပေါ်ပိုင်းတစ်ခုလုံး ရေများ ပြည့်နေသဖြင့် နောက်တစ်ကြိမ်
အသက်ရှူသွင်းမည်ဆိုလျှင် ကျွန်တော့ အဆုတ်ထဲ ရောက်အောင်ရှူသွင်းဖို့
မဖြစ်နိုင်တော့ပါ။ သူ့အာကာသယာဉ် အဖွဲ့သားဖြစ်သော ကက်စီဒီ၏ အသံများ
ကြားရမလားဟု နားစိုက်ထောင်ကြည့်သည်။ မရ။ ဗစ်ရှင်ကွန်ထရိုးလာ
ရှိန်းအင်ဘရာဆီက အသံကြား ရမလား နားစိုက်သော်လည်း မကြားရ။ နောက်ဆုံး
ရုတ်တရက် အသက်ကယ်ကြိုးကို သတိရလိုက်သည်။ အသက်ကယ်ကြိုး၏ နောက်ဘက်တွင် ရှိသော
မက္ကင်းနစ် ဇင်စက်၏ ဆွဲအားက သုံးပေါင်အား(၁ ဒသမ ၃ ကီလိုဂရမ်) ရှိရာ
ထိုအသက်ကယ်ကြိုးက သူ့ကို လက်ဝဲဘက်သို့ ဆွဲနေသည်။ သိပ်အများကြီးတော့
မဟုတ်ပါ။ သို့သော် ကျွန်တော်အသက်ကယ် ကြိုးနောက်လိုက်ပြီး လေလုံခန်းဆီသို့
သွားရမည်ဆိုသည့် အသိက ဝင်လာ၍ တော်သေးသည်ဟု ဆိုရမည်။
ကျွန်တော် လှုပ်ရှားနေရသည်မှာ ကြာလှပြီဟု
ထင်သည်။ အစအဆုံး မရှိသော ခရီးကြီးလိုပါလား။ တကယ်တော့ ဤကာလမှာ
မိနစ်ပိုင်းမျှသာ ကြာသည်ဆိုသည်ကို ကျွန်တော် သိပါသည်။ နောက်ဆုံးတော့
စိတ်သက်သာခွင့် ရလိုက်ပါသည်။ ကျွန်တော့ မျက်စိရှေ့ရှိ ရေကန့်လန့်ကာကို
ဖြတ်၍ ချောင်းကြည့်လိုက်ရာ အပူထိန်း လေလုံပိတ်ခန်း တံခါးဆီ
ပြန်ရောက်လာသည်ကို တွေ့လိုက်ရသည်။ နောက်ထပ်နည်းနည်းလေး အားစိုက်
လိုက်လျှင် ကျွန်တော့အတွက် စိတ်ချသွားရပြီလေ။
မမျှော်လင့်ဘဲ ဒုက္ခကပေါ်လာသဖြင့်
ခြောက်နာရီကြာ အာကာသအတွင်း ထွက်၍ လမ်းလျှောက်ကာ ကြိုးတန်းသွယ်ခြင်း
အလုပ်နှင့် အခြားနေ့စဉ် လုပ်ရိုးလုပ်စဉ် ပြုပြင်ထိန်းသိမ်းရေး
အလုပ်များကို လုပ်ဆောင်ရန် ရှိသော်လည်း တစ်နာရီတည်းသာ အာကာသထဲကို ထွက်၍
လျှောက်ဖြစ်တော့သည်။
အမေရိကန် အာကာသ အေဂျင်စီနာဆာ အဖွဲ့သည်
ယခုကဲ့သို့ လူကာပါမီတာနိုဆိုသူ အီတာလျံ လူမျိုး အာကာသယာဉ်မှူး
ဖြစ်သွားရသည့် ကိစ္စကို စုံစမ်း စစ်ဆေးနေသည်။ ဤပြဿနာ ကို ပြန်လည်ပြုပြင်၍
မပြီးမချင်း အာကာသအတွင်းသို့ လမ်းထွက် လျှောက်ခြင်းကို ဆိုင်းငံ့ထားလိုက်
ပါတော့သည်။
ကျွန်ုပ်တို့ အင်ဂျင်နီယာများ၏
ကျွမ်းကျင်မှုနှင့် ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိ နည်းပညာများက ရှုပ်ထွေး
ခက်ခဲသော အရာတို့ကို ရှင်းလင်းလွယ်ကူအောင် ဖန်တီးပေးသည်။ နာဆာကလည်း
ပြီးခဲ့သည့် လုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းရေးကိုပို၍ ကျယ်ပြန့်စွာ
ကြည့်ရှုပြီးနောက် အနာဂတ်တွင် အာကာသထဲ လမ်းထွက်လျှောက်ခြင်းကို
လုံခြုံမှုနှင့် ဘေးကင်းမှုရှိအောင် အသေအချာ လုပ်ဆောင်ပါမည်ဟု ပြောသည်။
ကြာသပတေးနေ့တွင် နိုင်ငံတကာ
အာကာသစခန်းတွင် ရှိသော ရုရှား အာကာသ ယာဉ်မှူးနှစ်ဦးကလည်း အာကာသထဲသို့
လမ်းထွက်လျှောက်ပြီး အဝေးကြည့် မှန်ပြောင်း အသေးစားလေး တစ်ခု ကို
တပ်ဆင်နိုင်မည့်ခုံတစ်ခု တပ်ဆင်ကြမည်ဖြစ်သည်။ ထို့ပြင် အာကာသယာဉ် ချိတ်ဆက်
ဆိုက်ကပ်ပစ္စည်းများ တပ်ဆင်ရေးကို ဆက်လုပ်ကြဦးမည်ဟု သိရသည်။ ရုရှား
အာကာသယာဉ်မှူးများ ဝတ်ဆင်ထားသောအာကာသဝတ်စုံသည် အမေရိကန် အာကာသ
ဝတ်စုံနှင့်မတူပေ။ နိုင်ငံတကာ အာကာသ စခန်းတွင် လောလောဆယ် အာကာသယာဉ်မှူး
ခြောက်ဦး ရှိနေသည်။
လူကာပါမီတာနို (၃၆ နှစ်)သည် သူ့အာကာသ
ဆောင်းဦးထုပ်ထဲသို့ ရေများဘယ်နေရာက ဘယ်လို ရောက်လာရသလဲဆိုသည့် ကိစ္စကို
စဉ်းစားသည်။ သူ့သောက် ရေဘူးထဲက နေ၍ ရောက်ရှိလာခြင်းတော့ မဖြစ်နိုင်ဟု
တွေးကြည့်သည်။ ထိုကိစ္စက သူ့ကို စိတ်ရှုပ် ထွေးသွား စေသည်။
သူဒုတိယအကြိမ် အာကာသထဲ
လမ်းထွက်လျှောက်ရာတွင် ကြောက်စိတ်က ဖြစ်လာမည်။ သူသည် မေလထဲက နိုင်ငံတကာ
အာကာသစခန်းတွင် ရောက်နေခဲ့ပြီး အီတာလျံ လူမျိုးထဲမှ ပထမဆုံး အာကာသထဲ
လမ်းလျှောက်သူ ဖြစ်လာခဲ့သည်။
နာဆာ၏ ဂျီမီနီပရိုဂရမ်ကို ၁၉၆ဝ
ပြည့်နှစ်ကျော်နှစ်များက စတင်ခဲ့ရာ ယနေ့အထိ ဤဖြစ်ရပ်သည် ပထမဆုံး
အတွေ့အကြုံဖြစ်ပြီး ရုတ်တရက် အာကာသထဲ၌ လမ်းထွက်လျှောက်သည့် အစီအစဉ်ကို
ရပ်ပစ်လိုက်ရသည့် အဖြစ်မျိုးဖြစ်သည်။ အာကာသထဲ၌ လမ်းလျှောက်သူမှာ
ဘာမျှမမြင်ရ၊ မကြားရ၊ မလုပ်နိုင်၊ မကိုင်နိုင်၊ မသွားနိုင်ဖြစ်
သွားရခြင်းမျိုး ဖြစ်သည်။ အာကာသထဲ၌ လမ်းလျှောက်ခြင်းသည်
အလွန်အန္တရာယ်ကြီးသည့်ကိစ္စပါ။ အကယ်၍ ချွန်ထက်သော ဥက္ကာခဲအစအန အမှုန်အမွှားလေး
တစ်ခုထိမှန်လျှင်ပင် အာကာသဝတ်စုံ ပေါက်ပြဲသွားနိုင်သလို နည်းနည်းကြီးသည်
ဆိုလျှင် လူကိုချက်ချင်း သေသွားစေမည် ဖြစ်သည်။
ကိုယ်ခန္ဓာအတွက် အအေးပေးစနစ်မှ ရေတစ်လီတာ
သို့မဟုတ် တစ်လီတာ ခွဲလောက်သည် သူ၏ အာကာသဆောင်း ဦးထုပ်အတွင်းနှင့်
အာကာသဝတ်စုံ အတွင်း စိမ့်ဝင်သွားခြင်း ဖြစ်သည်ဟု နာဆာအဖွဲ့က ခန့်မှန်းသည်။
အဆိုပါ စိမ့်ဝင်သွားသော ရေမှာ အိုင်အိုဒင်းပါသော ရေဖြစ်ပြီး အာကာသဝတ်စုံ၏
အောက်မှနေ၍ အတွင်းခံအဖြစ် ဝတ်ထားရပြီး ပိုက်ဖြင့် သွယ်ထားသည်။ ယင်းစနစ်သည်
ရေလေးလီတာ သို့မဟုတ် တစ်ဂါလန်နီးပါးကို အသုံးပြုသည်။ အာကာသထဲ
ခပ်ဝေးဝေးလျှောက်သွားသည့် အချိန်တွင် အာကာသယာဉ်မှူး သောက်ရန်အတွက်
ရေတစ်လီတာခန့် (၃၂ အောင်စ) ရေအိတ်ထဲ ထည့်ပေးထားသည်။ ယင်းသောက်ရေများ
စိမ့်ဝင်ခြင်းတော့ မဖြစ်နိုင်ဟု ဆိုသည်။ အဆိုပါ စိမ့်ဝင်လာသော ရေများသည်
သူသောက်နေသော ရေနှင့်မတူဘဲ အရသာတစ်မျိုးကြီး ဖြစ်နေသည်ဟု ပါမီတာနိုက
ပြောသည်။
ပထမတော့ သူထင်လိုက်တာက သူသည်ယခင်က
လေယာဉ်မောင်းနှင် စစ်ဆေးသူ လေသူရဲဟောင်း ဖြစ်ပြီး အီတလီအနေဖြင့် ပထမဆုံး
အာကာသထဲ လမ်းလျှောက်သူ ဖြစ်လာပြီး အတွေ့အကြုံ အနည်းအပါးရှိခဲ့သူ ဖြစ်၍
သူ့ဦးခေါင်း နောက်စေ့ဘက်တွင် ချွေးများထွက်၍ စုမိနေရာ ယင်းချွေးများဟု
ထင်လိုက်သည်။ သူထပ် စဉ်းစားမိသည်မှာ ဒီလောက်များများ ချွေးတွေတော့
ထွက်နိုင်မယ်မထင်။ ဒါချွေးမဟုတ်ဘူးဟု သူဆုံးဖြတ် ချက်ချလိုက်၏။
မစ်ရှင်ကွန်ထရိုးက လူတွေက ပါမီတာနိုကို ချီးကျူး ပြောဆိုကြသည်။
ပါမီတာနိုသည် ယခင်အပတ်က အာကာသထဲ လမ်းလျှောက်ထွက်စဉ်က ဝတ်သော အာကာသ
ဝတ်စုံကိုသာ ယခုအပတ် လမ်းထွက်လျှောက်တော့ ဝတ်ထားခြင်းဖြစ်သည်။ ပြီးခဲ့သည့်
အပတ်က ဘာပြဿနာမျှ မဖြစ်ခဲ့ပါ။ ရေတွေစိမ့်မဝင်မီက သူ့ဝတ်စုံတွင်
ကာဗွန်ဒိုင် အောက်ဆိုက် တိုင်းတာပြခြင်း အာရုံခံကိရိယာက မကောင်းဘူးဟု
သူသတင်းပို့ခဲ့သေးသည်။ ယခု နာဆာမန်နေဂျာက ရေတွေဝင်လို့ အာရုံခံကိရိယာ
ပျက်ခြင်းဟု ကောက်ချက်ချသည်။
အာကာသစခန်းတွင် ၁၅ နှစ်တာ ကာလအတွင်း
အာကာသထဲ လမ်းထွက်လျှောက်သည့် အကြိမ်ပေါင်း (၁၇၁) ကြိမ် ရှိသွားပြီ။ ၂ဝဝ၎
ခုနှစ်ကတည်းက အာကာသထဲ လမ်းထွက်လျှောက်ပြီး အမြန်ဆုံးရပ်ပစ် လိုက်ခြင်းဟူ၍
ယခုတစ်ကြိမ်သာ ရှိသည်။ ယခုအာကာသ ဝတ်စုံပြဿနာကြောင့် ရုရှားနှင့် အမေရိကန်
အာကာသထဲ လမ်းထွက်လျှောက် သူများကိုပါ မစ်ရှင်ကွန်ထရိုးမှ အာကာသစခန်း
အတွင်း ချက်ချင်းပြန်ဝင် ခိုင်းလိုက်ရသည်။ သူတို့ လမ်းထွက်လျှောက်သည်မှာ ၁၄
မိနစ်သာ ရှိသေးသည်။ ပါမီတာနိုတို့က တစ်နာရီနှင့် ၃၂ မိနစ် ကြာခဲ့သည်။
ကက်စီဒီလည်း ၂ဝဝ၉ ခုနှစ် စခန်း
တည်ဆောက်ရေး အရေအတွက် အာကာသထဲ လမ်းလျှောက်ထွက်ရာမှာ သူ၏ဝတ်စုံအတွင်း
ကာဗွန်ဒိုင် အောက်ဆိုက်တွေ အန္တ ရာယ် ဖြစ်လောက်အောင် ဖြစ်လာ၍ ရပ်ခဲ့ရသည်။
အသက် (၄၃ နှစ်) ရှိပြီဖြစ်သော ကယ်စီဒီသည် ယခင်က အဖွဲ့ဝင်ဟောင်းဖြစ်ပြီး
ယခုဆိုလျှင် အာကာသ၌ လမ်းလျှောက်ခြင်းမှာ (၆) ကြိမ်မြောက်
ရှိသွားပြီဖြစ်သည်။ ၁၉၆၆ ခုနှစ်ကလည်း ဂျီမီနီပျံသန်းမှု (၂) ကြိမ်သည် အာကာသ
လမ်းလျှောက်မှု မအောင်မြင်ခဲ့ပေ။ ဂျီမီနီ(၉) အာကာသ လမ်းလျှောက်မှုသည်
မအောင်မြင်ခဲ့ပေ။ ဂျီမီနီ (၁၁) အာကာသ လမ်းလျှောက်သူ ဂျင်းစာနန်ဆိုလျှင်
အသက်ရှူ အရမ်းလေးသွားပြီး ချွေးတွေ အမြောက်အမြား ထွက်ကာ သူ့အာကာသဆောင်း
ဦးထုပ်အတွင်း ရှေ့မျက်နှာကာတွင် သွားစုပြီး ခဲနေကြသည်။
ရုရှားတို့ဘက်တွင် ကမ္ဘာ့ပထမဆုံး အာကာသထဲ
လမ်းလျှောက်သူ ဆိုဗီယက် အာကာသယာဉ်မှူး အလက်ဇီလီယိုနော့မ်သည် ၁၉၆၅ ခုနှစ်က
အာကာသသို့ လမ်းလျှောက်စဉ် အာကာသယာဉ်အတွင်း ပြန်ဝင်လိုက်ရသည်။ သူ၏
အာကာသဝတ်စုံမှာ ဖောင်းကားနေ၍ တံခါးပေါက်နှင့် မဆံ့သဖြင့် အထဲဝင်မရဖြစ်ရာ
အသက်နှင့်ထပ်တူ အရေးကြီး တန်ဖိုးရှိသော အောက်ဆီဂျင် ဓာတ်ငွေ့များ သူ၏
အာကာသဝတ်စုံမှ ပြန်သွင်းယူရသည်။
သို့ဖြစ်၍ အာကာသထဲ လမ်းလျှောက်၍
အလုပ်လုပ်ခြင်းကို မဆိုထားနှင့် ရိုးရိုး လမ်းထွက်လျှောက်ခြင်းသည် ပင်လျှင်
မည်မျှအထိ ခက်ခဲသည်ကို သိရှိနိုင်ရန် ရေးသား လိုက်ရပါသည်။
ကိုကိုဟန်
မြဝတီ
0 comments:
Post a Comment