Wednesday, September 4, 2013

မကွေးတွင် ဘာသာခြားတစ်ဦးမှ အသက် ၆ နှစ်အရွယ် မိန်းကလေးအား မုဒိန်းကျင့်တယ်ဆိုသောကြောင့် လူများစုဝေး








မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မင်းကင်းကျေးရွာ တွင် စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၆း၀၀ နာရီခန့်က ဘာသာ ခြားတစ်ဦးက အသက် ၆ နှစ် အရွယ်ကလေးငယ်တစ်ဦးအား မုဒိမ်းကျင့်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ခြင်းကြောင့် မကွေး မြို့၊ မင်းကင်းကျေးရွာအနီးတွင် အဆိုပါနေ့ည ၉ နာရီခန့်က လူသူ စုရုံးခြင်းဖြစ်စဉ် တစ်ခုဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။

““မကွေးဆေးရုံနားမှာရှိတဲ့ ဘာသာခြားတွေနေတဲ့ ရပ်ကွက် တစ်ခုမှာဘာသာခြားတစ်ယောက် ကနေပြီးတော့ အသက် ၆ နှစ် အရွယ်ကလေးကို မုဒိမ်းကျင့် တယ်ဆိုပြီးတော့ သတင်းတွေ ထွက်လာတဲ့အခါကျတော့ လူစုရုံး ပြီးတော့ ခိုက်ရန်ဖြစ်ပွားမလိုဖြစ် ခဲ့တယ်။ အခုရဲတွေက အခြေ အနေကို ထိန်းသိမ်းထားတယ်”” ဟု မကွေးမြို့နေပြည်သူတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ လူသူစုရုံးလာမှု ကြောင့် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က လုံခြုံရေးအစီအမံများ ဆောင်ရွက်နေကြောင်း ဒေသခံ အချို့ထံက သိရသည်။

““ဒါတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့အနေနဲ့ လိုက်လုပ် နေပါတယ်။ အခုအချိန်မှာလုပ် နေတုန်းမို့လို့ ဘာမှမပြောပြနိုင် သေးပါဘူး”” ဟု မကွေးမြို့အမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ပြောသည်။
ဘာသာခြားများကြောင့် ဖြစ်စဉ်ဖြစ်ရပ်ဖြစ်ပေါ်တိုင်းတွင် ကောလာဟလ သတင်းများ ဖန် တီးကာ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်စေရန် တွန်းအားပေးခြင်း များလည်းဖြစ်ပေါ်လာလေ့ရှိ ကြောင်း နိုင်ငံရေးသုံးသပ်သူများ ၏အဆိုအရသိရသည်။

By Hot News Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...