Wednesday, September 4, 2013

အစ္စလာမ်ဘာသာရေးကျောင်း ဓနိ မိုးပေါ်သို့ မီးတုတ်ပစ်တင်သွားသည့် ကိစ္စနှင့်ပတ်သတ်၍ အသေးစိတ်စုံစမ်းနေစဲ



သင်္ကန်းကျွန်းမြို့နယ် ၊ အမှတ် ၂ ရပ်ကွက် ၊ ယုဝ လမ်း အမှတ်( ၁၉ ) ၌ ရှိသော အစ္စလာမ်ဘာသာရေးကျောင်း ဓနိ မိုးပေါ်သို့ တစ်ပေ ပတ်လည် ခန့်ရှိ သစ်သားဖြင့် အ၀တ်စုတ်ပတ်၍ အင်ဂျင်ဝိုင် စိုနေသည့် မီးတုတ် ပစ်တင်သွားသော ကိစ္စနှင့် ပတ်သတ်၍ အသေးစိတ်စုံစမ်းနေစဲ ဖြစ်ကြောင်း သင်္ကန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသက်ထွန်း ကပြောသည်။

"၄ ရက်နေ့ နံနက် ၂ နာရီ ၅ မိနစ်မှာ အစ္စလာမ်ဘာသာရေးကျောင်း ဓနိမိုးပေါ်ကို မီးတုတ်နဲ့ပစ်တင်သွားခဲ့တယ် ။ အခု မျက်မြင်သက်သေ တစ်ယောက်ကို စစ်ဆေးနေတယ် ။ " ဟု ရဲမှူးက ပြောသည်။

အစ္စလာမ် ဘာသာရေးအထက်တန်းကျောင်းအုပ် ဦးခင်အောင် ( ခေါ် ) ဦးရာစူမန်က ယခုကိစ္စတွင် တာဝန်ရှိသူများမှ ဆောင်ရွက်နေသည့် အပေါ်ကို ပြောစရာမရှိကြောင်း ဘာသာတစ်ခုနဲ့တစ်ခု ချစ်ခြင်းရင်းနှီးမှုသာ လိုလာကြောင်း ၊ ၀တ်ပြုဆုတောင်းနေခါတွင်လည်း မြန်မာနိုင်ငံ ငြိမ်းချမ်းဖို့သာ ဆုတောင်းနေတယ် " ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ သင်္ကန်းကျွန်းမြို့နယ်တွင် လုံခြုံရေးအတွက် လှည့်ကင်း ၊ ၀တ်ကင်း များ ပိုမိုတိုးမြှင့် ဆောင်ရွက်ထားကြောင်းသိရသည်။

စိုင်းလမင်း

Popular Myanmar News Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...