Wednesday, September 4, 2013

နှမသားချင်းကိုယ်ချင်းစာကြပါ။




ပြချင်သူကပြလို့ တင်တဲ့သူကတင်တာကတော့မဆန်းပါဘူး။ ဒါပေမယ့် photoshop နဲ့ ပြင်ပြီး တင်ထား တဲ့ပုံတွေကြောင့် တဖက်သားနစ်နာပါတယ်။(၀ါသနာပါရင်ကိုယ်တယောက်ထဲစိတ်ကြိုက်ဖိုတိုရှော့နဲ့ ပြင်ပြီး စိတ်ကြိုက်ပြင်၊စိတ်ကြိုက်ကြည့်ကြပါ။ Online မတင်သင့်ပါဘူး။ အားလုံးအမေတွေနှမတွေရှိကြသူချင်းကိုယ်ချင်းစာစိတ်မွေးကြစေချင်ပါတယ်။



Ko Latt အဲဒီပုံက photoshop နဲ့ ပြင် ထားတာ အစစ်ပါ ။မူရင်း ပုံက အတွင်းခံ ပါ ပါတယ် ။

Par Gyi သက်ဆိုင်ဆိုင်သူ ထွက်မပြောအခြင်းအတည်ဘဲ...??
ဒီပုံကို တင်တဲ့သူကိုယ်၌က သင်ဇာဝင့်ကျော်ရဲ့ ပုံဟာ ဒီပုံအတိုင်းဟုတ်ပါတယ်၊ စစ်မှန်ပါတယ်ဆိုတာကို အတည်မပြုနိုင်ဘဲနဲ့ အခုလို ရေးတင်တဲ့အပေါ် ဒီပုံဟာ လွဲမှားနေပါတယ်လို့ ဆိုလာခဲ့ရင် ခင်ဗျားတင်လိုက်တဲ့ ပိုစ့်ကြောင့် တဖက်သားဂုဏ်သိက္ခာကို ဘာနဲ့ တာဝန်ယူမလဲ ?
ခွပ်ဒေါင်းကတော့ တာဝန်ယူမှု တာဝန်ခံမှုကို နားမလည်စရာ မရှိနိုင်လောက်ဖူးထင်တယ်နော်။

Thiri Mon photoshop လုပ်ပြီးတဖက်သားကို နစ်နာအောင်မလုပ်သင့်ပါဘူး။ ယနေ့ခေတ် model မင်းသမီးမျာလည်း ဒီလိုပုံကိုရိုက်ပြီး နာမည်ကြီးအောင်လုပ်ဆောင်နေတာကိုလည်း ကာကွယ်တားစီးသင့်ပါတယ်။ျ

Bama Thar ဖိုတိုရှော့နဲ့ပြင်ပြီး မိန်းကလေးတဦးကို သိက္ခာမချသင့်ပါဘူး။ ဒီပို့စ်ကို ဖျက်ပေးဖို့ တောင်းဆိုပါတယ်။

မူရင်းပုံ
http://dc318.4shared.com/img/nDNJJAVO/s3/Thinzar_Wint_Kyaw-18.jpg

 

နိုင်ငံတနိုင်ငံရဲ့ ...ကိုယ်ပိုင်ယဉ်ကျေးမှုဆိုတာ..
တိုင်းပြည်ရဲ့ ဂုဏ်
လူမျိုးရဲ့ ဂုဏ်ဖြစ်တယ်...၊
နိုင်ငံ တနိုင်ငံမှာ... ကိုယ့်ယဉ်ကျေးမှုပျောက်ရင်
တိုင်းပြည်ဂုဏ်လဲပျောက်မယ်...
လူမျိုးဂုဏ်လဲပျောက်မယ်....၊

ဒါကြောင့်....
တိုင်းပြည်ရဲ့ ဂုဏ်... လူမျိုးရဲ့ ဂုဏ်ကို ဖျက်ဆီးနေကြသော
အမျိုးဖျက်များအား....
အမျိုးသားအားလုံး... စုပေါင်းညီညွတ်စွာဖြင့်...
အမျိုးသားအရေးအဖြစ် သတ်မှတ်ကာ....
မြန်မာ့နယ်မြေမှ
တွန်းလှန်ကြ.... တိုက်ထုတ်ကြ...။
--------------------------------
မိတ်ဆွေများသို့  တောင်းပန်ခြင်း....
ကျွန်တော် ဒီလိုပုံမျိုးကို တင်ပေးလိုခြင်း အလျှင်းမရှိပါ..
အခု ဒီပုံဟာ ကိုယ့်အမျိုးသားယဉ်ကျေးမှုကို ဖျက်ဆီး
သော အပြုအမူ လုပ်ရပ်ဖြစ်သောကြောင့်...
ကျွန်တော် စိတ်မကောင်းစွာဖြင့် တပ်လှန့် သံ အနေဖြင့်
တင်ပေးရခြင်းဖြစ်တယ်...၊
ဒီနေရာမှာ...ကျွန်တော်ရဲ့ 
အဖွားအရွယ်... အမေအရွယ်
အဒေါ်အရွယ်... အမအရွယ်...နှင့်...
ညီမလေးအရွယ်များကို....
ကျွန်တော်တောင်းပန်ပါတယ်..
ကျွန်တော့်အပေါ်.... နားလည်ပေးကြပါ..။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...