Wednesday, September 4, 2013

အိမ်ခြေမဲ့ လူကို ပရိုဂရမ် ပညာသင်ပေးသူ



နယူးယောက်မြို့ မှာ ဖြစ်ပါတယ်။ ကမ်းခြေ တစ်နေရာမှာ တောင်းစားနေတဲ့ လူမည်း အမျိုးသား တစ်ဦးကို တွေ့ရှိပြီး ယခုလို အိုင်ဒီယာ ရသွားခြင်း ဖြစ်ပါ တယ်။

သင်ပေးသူကလည်း လူငယ်ပါပဲ။ Patrick McConlogue အမည်ရ အမေရိကန် နိုင်ငံသား ပရိုဂရမ်မာ၊ ဝဘ်ဒီဇိုင်နာ တစ်ဦး ဖြစ်ပြီး အိုင်တီ ပညာ ရပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေသူ ဖြစ်ပါတယ်။ ဒါနဲ့ တောင်းစား နေတဲ့ ပုဂ္ဂိုလ်ကို ငွေပေးမယ့် အစား ပညာသင်ပေးရင် သူ့ဘဝတစ်လျှောက်လုပ်စား လို့ရမယ်လို့ စိတ်ကူးမိပြီး စည်းရုံးညှိနှိုင်းပါတယ်။

ဒေါ်လာ ၁၀၀ ပေးမယ်။ သို့ပေမယ့် သင်တဲ့စာတွေ လိုက်လုပ်ဖို့ လိုတယ် ပြောတော့ သဘောတူပါတယ်။ ဈေးသက်သာ Samsung Chrome Book တစ်လုံး ပေးလိုက်ပြီး ပရိုဂရမ်းမင်း (Coding) နဲ့ သက်ဆိုင်တဲ့ စာအုပ် သုံးအုပ် လောက် ပေးလိုက်ပါတယ်။ Javascript ပိုင်းကို Specialize လုပ်ခိုင်း လိုက်ပါတယ်။ ဒီလိုနဲ့ တစ်ရက်ပြီး တစ်ရက် သင်ပေး လာ လိုက်တာ။ ကိုယ်တိုင် ကိုယ်ကျ ရေးတတ်တဲ့ အဆင့်အထိ ရေက်ရှိ လာပြီး ယင်း ပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုနိုင်တဲ့ အဆင့်အထိ ကို ရောက် လာ ပါတယ်။

ဒီလို သင်ပေးလို့ရတယ်ဆိုတာကို သိသွားတဲ့ Patrick McConlogue ဟာ အခြားသော အိမ်ခြေရာမဲ့ ဆင်းရဲနွမ်းပါးသူများကိုပါ Programming ပညာ သင်ကြားပေးမယ့် ပရောဂျက် စတင်တော့မှာ ဖြစ်ပြီး ပါဝင်လှူဒါန်းမယ့် သူတို့ အများအပြား ရှိလာပါတယ်။ ဒီတော့ အမေးအဖြေကဏ္ဍတစ်ခုမှာ ပရိုဂမ်မာ Patrick McConlogue ပြောလိုက်တဲ့ စကား ကတော့ အောက် ပါအတိုင်း ဖြစ်ပါတယ်။

Give a man a fish and you feed him for a day; teach a man to fish and you feed him for a lifetime.

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...