Wednesday, September 4, 2013

“ပုထုဇဉ်ဟူသည်”





 
 
“ပုထုဇဉ်ဟူသည်”
•••••••••••••••••••
တို့လူတွေက တယ်ခက်တယ်။

တစ်ခါတစ်ရံ အဆင်မပြေတာ ကြုံရတဲ့အခါ ဒေါသဖြစ်ချင်ကြတယ်။

အချို့များမှာ ပုထုဇဉ်ပဲ ဖြစ်မိတာပေါ့ဆိုတဲ့ ဆင်ခြေလေးနဲ့ ဖြေတက်ကြတယ်။

ပုထုဇဉ်မို့ ဆိုတာလေးပြောရတာ သိပ်ကျေနပ်နေပုံပဲ။

ဘာဖြစ်လို့ ပုထုဇဉ်လို့ ခေါ်တာလဲဆိုတာတော့ ထည့်မစဉ်းစားဘူး။

'ပုထု - ကိလေသာ ဇာနေတီဟိ ပုထုဇ္ဇနေဝ' တဲ့။
♠ ပုထု - ကိလေသာ၊
♠ များပြားလှစွာသော ကိလေသာဆိုးအမျိုးမျိုးတို့ကို။
♠ ဇာနေတိ- ဖြစ်စေတက်၏။
♠ ဣတိတသ္မာ- ထို့ကြောင့်။
♠ ပုထုဇ္ဇနေဝ- ပုထုဇဉ်မည်၏ တဲ့။

ပုထုဇဉ်ဆိုတဲ့ အဓိပ္ပါယ်ဟာ လောဘကိလေသာအားကြီးသူ၊ ဒေါသကိလေသာအားကြီးသူ၊ မောဟကိလေသာအားကြီးသူလို့ ဆိုလိုတယ်။

ဒီလူ ကိလေသာအတော်အားကြီးတယ် လို့ ဆိုရင် ရှက်စရာကြီးမဟုတ်လား။

ဒါပေမဲ့ ဒီအဓိပ္ပါယ်ကို မတွေးမိဘဲ ဒါကတော့ ပုထုဇဉ်ကိုးလို့ ပြောရတာတော့ ဟန်ကျတယ် ထင်နေကြတယ်။

တချို့ ဒါယကာ၊ ဒါယိကာမကြီးတွေက တရားစကားလေး ဘာလေးပြောရင် တပည့်တော်တို့ကတော့ ပုထုဇဉ်ကိုးဘုရား၊ဘာညာနဲ့ သူတို့က ဒီအခေါ်လေးနဲ့ ကျေနပ်နေလိုက်ကြတာ။

(ပဋ္ဌာန်းသိပ္ပံဆရာတော်ကြီး ဘဒ္ဒန္တဣန္ဒက)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...