Wednesday, September 4, 2013

ကျွန်မရဲ့အိမ်ထောင်ရေး အောင်မြင်တယ်လို့ထင်တာပဲလို့ဖွင့်ဟလာတဲ့ ဟန်ဂါအင် Han Ga In




လရောင်ဖန်ဆင်းနေမင်းကြမ္မာ (The Moon Embraces The Sun)၊ “Architecture 101” ရုပ်သံရုပ်ရှင် ဇာတ်လမ်းတွဲတွေနဲ့အောင်မြင်လာသည့် ဟန်ဂါအင်သည် ကုန်ပစ္စည်းကြောငြာသရုပ်ဆောင်ဘဝမှ ထိပ်တန်းမင်းသမီးဘဝကိုရောက်ရှိလာခဲ့သူဖြစ်ပါသည်။ အောင်မြင်တဲ့ ရုပ်ရှင်မင်းသမီး တစ်ဦးဖြစ်ဖို့အတွက် ၁၀နှစ်တာကာလကိုဖြတ်သန်းခဲ့ရပါ သည်။၂၀ဝ၅တွင်သူမရဲ့ အသက်၂၄နှစ် အရွယ်မှာပဲ သူ၏ချစ်သူ မင်းသားယွန်ဂျွန်ဟွန်းနှင့်လက်ထပ်ခဲ့ပါသည်။ သူတို့၏ အိမ်ထောင်ရေး သက်တမ်း၈နှစ်ရှိ နေပြီ ဖြစ်သော်လည်းလူတွေရဲ့ အာရုံစူးစိုက်ခြင်း ကိုခံနေရဆဲပါပဲ။ ၂၀၁၂မှာတော့(The Moon Embraces The Sun) စီးရီးကြေင့်အောင်မြင်မှုတွေကို အသစ်တစ်ဖန်ပိုင်ဆိုင်ခွင့်ရခဲ့ပါသည်။ ဒီတစ်ပတ်တော့ နာမည်ကျော်ကြားတဲ့ အိမ်ထောင်ရှင်သရုပ်ဆောင် အမျိုးသမီးတစ်ဦးရဲ့ ရင်တွင်းခံစားမှုတစ်ချို့ကိုဖော်ပြလိုက်ပါသည်။

Q - အခုတလော အလုပ်တွေရှုပ်နေသလိုပဲ။
A - တကယ့်ကိုပဲအလုပ်တွေရှုပ်နေပါတယ်။ “Architecture” ပရိုမိုရှင်းတွေနဲ့အလုပ်တွေ ရှုပ်နေတာပါ။ ဒါပေမဲ့ “လရောင်ဖန်ဆင်း၊နေ မင်းကြမ္မာ” မှာသရုပ်ဆောင်နေရတဲ့အချိန်တွေထက်စာရင်တော့ မဆိုးဘူးလို့ပြောရမှာပဲ။ အဲဒီတုန်းကဆိုရင်တစ်နေ့ကို၃၊ ၄နာရီထက် ပိုမအိပ်ခဲ့ရဘူး။ အဲဒီရုပ်သံစီးရီးကြောင့် ကျန်တဲ့အရာတွေအားလုံးကို နောက်ရွှေ့ခဲ့ရတယ်။(ရယ်လျက်)

Q – “လရောင်ဖန်ဆင်း၊နေမင်းကြမ္မာ” ရုပ်သံစီးရီးကိုစရိုက်ကူးတော့ဇာတ်လမ်းထဲက ကလေးသရုပ်ဆောင် နဲ့မင်းသားသစ်ကင်ဆိုဟွမ်ကိုပဲ အာရုံထားခဲ့ကြတာနော်။ အဲဒီအတွက်ရှင်ဘာမှ မခံစားရဘူးလား။
A - ဘာမှမခံစားရပါဘူး။ ကျွန်မအတွက်ပိုပြီးတော့ ပိုပြီးတောင်လွတ်လပ်နေသေးတယ်။ ကျွန်မသာ အာရုံစူးစိုက်ခံနေရရင် ဖိအားတွေကိုပိုခံစားရမှာပေါ့။ ဒါပေမဲ့ကင်ဆိုဟွမ်ပဲဖြစ်ဖြစ်၊ ဂျွန်အီးဝူးပဲဖြစ်ဖြစ်၊ သူတို့နှစ်ဦးစလုံးထက်တော့ကျွန်မမှာသရုပ်ဆောင်အတွေ့အကြုံတွေပိုများပါတယ်။(ရယ်လျက်) အဲဒါကြောင့်ကျွန်မဘာကိုမှမစိုးရိမ်ခဲ့ဘူး။

Q – “လရောင်ဖန်ဆင်း၊နေမင်းကြမ္မာ” ရုပ်သံစီးရီးကြောင့်ရှင့်အက်တင်တွေပြိုပီးထင်းရှားလာခဲ့တာနော်။ ဒါပေမဲ့ရှင့်ကိုတော့ “Architecture” ရုပ်ရှင်မှာ ပိုပြီးအမွှန်းတင်ခဲ့ကြတယ်။ အဲဒါ ဘာကြောင့်လဲလို့ ရှင်ထင်သလဲ။
Q - ဒါတော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်။ကျွန်မ “Architecture” ရုပ်ရှင်မှာ အရင်သရုပ်ဆောင်ခဲ့တာ။ပရိတ်သတ်တွေကအဲဒါကြောင့်ရုပ်ရှင်ကိုပိုပြီးတော့စိတ်ဝင်တစားရှိခဲ့တာလို့ကျွန်မကတော့ထင်တာပဲ။ကျွန်မကရုပ်ရှင်ထဲကဇာတ်ကောင်နဲ့ပိုပြီးဆင်တယ်လေ။

Q - ဒီရုပ်ရှင်က”အချစ်ဦး” အချစ်ဇာတ်လမ်းလေးကို နောက်ခံ ရိုက်ကူးထားတာနော်။ ရှင်ကိုအဲဒါနဲ့ ပတ်သတ်ပြီးမေးခွန်းတော်တော်များများမေးခဲ့ကြတယ်နော်။ ဒါပေမဲ့ကျွန်မအတွက်အဲံ့ဩနေရတဲ့မေးခွန်းတစ်ခုကတော့ရှင့်ရဲ့အချစ်ဦးရှင့်ဆီကိုနောက်တစ်ကြိမ်ပြန်လာခဲ့ရင်ပေါ့ ……..
A - ရှင်ပြောသလိုပါပဲ။ 


ကျွန်မကိုအဲဒါနဲ့ပတ်သတ်ပြီးတော့တော်တော်မေးခဲ့ကြတယ်။ သူ ကျွန်မကို ကောင်းမွန်တဲ့အမှတ်တရတွေပေးခဲ့တယ်။ သူလဲကျွန်မလိုဖြစ်မှာပဲ။ ဒါပေမဲ့ကျွန်မကြောင့်သူဘဝထိခိုက်သွား မှာကိုတော့ကျွန်မစိုးရိမ်ခဲ့တယ်။ သူသာ ကျွန်မကိုလာတွေ့ခဲ့မယ်ဆိုရင်ကျွန်မတို့နှစ်ဦးစလုံးမှာရှိနေတဲ့ကောင်း မွန်တဲ့အမှတ်တရတွေ လှုပ်နှိုးခြင်းခံရမှာပါပဲ။ ကျွန်မတို့အသက်၆၀ကျော်မှပြန်တွေ့ရမယ်ဆိုရင်တော့ပိုပြီး တော့သက်တောင့်သက်သာဖြစ်မှာပေါ့။ သူငယ်ချင်းတွေလိုပေါ့။ ကျွန်မတို့တွေမတော်တဆတွေ့ခဲ့မိရင်တော့ ဇာတ်လမ်းက လုံးဝ ကွဲပြားသွားမှာပေါ့။(ရယ်လျက်)

Q - အနမ်းဇာတ်ဝင်ခန်းတွေအတွက် ရှင့်ခင်ပွန်းက ရှင့်ကိုသဝန်မကြောင်ဘူးလား။
A - သဝန်ကြောင်တယ်၊ အဲဒီလောက်လေးနဲ့တော့ ပြဿနာမဖြစ်ပါဘူး။ ကျွန်မတို့တွေ အဲဒီကိစ္စလေး အတွက်တောင်နားလည်မှုမရှိဘူးဆိုရင်ကျွန်မ တို့တွေဘယ်လိုအလုပ်လုပ်ကြမလဲ။ ကျွန်မအလုပ်တွေများလွန်းလို့ကျွန် မခင်ပွန်းကို ဂရုမစိုက်နိုင်တာကိုပဲအားနာနေရတာ။ကျွန်မရုပ်သံဇာတ် လမ်းတွဲမှာသရုပ်ဆောင် နေရတုန်းက တစ်ပတ်ကိုတစ်ရက်ပဲ အိမ်ပြန်နိုင်တယ်။ ပြန်တဲ့တစ်ရက်မှာပဲအဝတ်တွေလျှော်၊ အိမ်သန့်ရှင်းရေး တွေလုပ်ရတယ်။ ပြီးရင်သူ့အတွက် စွတ်ပြုတ်ပူပူလေးတစ်ခွက် ပြင်ဆင်ပေးခဲ့တယ်။ ကျွန်မအတွက်တော့ တစ်နေတာမှာ မမေ့နိုင်တဲ့အရာ သုံးခုရှိတယ်။

ချယ်ရီးခရမ်းချဉ်သီး၊ ရေညှိနဲ့ကျွန်မရဲ့ခင်ပွန်းပဲ။ ကျွန်မအိမ်ရှင်မတစ်ဦးအနေနဲ့တော့ ၉၀ရာခိုင်နှုန်းအောင်မြင်တယ်လို့ကျွန်မကတော့ထင်တာပဲ။ ကျွန်မတို့နှစ်ဦးနဲ့ပတ်သတ်တဲ့ကောလဟာလတွေကိုကျွန်မတို့နှစ်ဦးအတူဖတ်ပြီးရယ်မောခဲ့ကြတယ်။


Q - ရှင့်အနာဂတ်အတွက်ကော။
A -“လရောင်ဖန်ဆင်း၊နေမင်းကြမ္မာ” စီးရီးကိုတစ်နိုင်ငံလုံး နှစ်သက်အားပေးခဲ့ကြတယ်။ ဒါပေမဲ့ ဒါဟာအဆုံးသတ်သွားတာ မဟုတ်ပါဘူး။

မင်းသမီးသရုပ်ဆောင်တစ်ဦးအတွက်တော့အများကြီးမပြောင်းလဲသွားပါဘူး။ ကျွန်မနောက်ထပ်ဇာတ်ကားတွေနဲ့တွေ့ဆုံဖို့ရှိပါသေးတယ်။ ကျွန်မရဲ့ ကျန်ရှိနေသေးတဲ့ဘဝကိုလဲ အ ခုလိုအေးအေးဆေးဆေးနဲ့ဖြတ်သန်းသွားမှာပါ။

သက်
Ref : news.nate.com
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...