Friday, August 23, 2013

ဆွာရက်ဇ်ကို ရီးရဲလ် အသင်း စိတ်ဝင်စားနေ


ရီးရဲလ် အသင်းသည် လီဗာပူး တိုက်စစ်မှူး ဆွာရက်ဇ်ကို စိတ်ဝင်စားနေပြီး ၎င်းတို့ တိုက်စစ်မှူး ဘန်ဇီမာသာ အာဆင်နယ်သို့ ရောက်သွားပါက ယင်းနေရာအတွက် ရီးရဲလ် အသင်းမှာ အဆိုပါ ဥရုဂွေး တိုက်စစ်မှူးကို မရမနေ ခေါ်ယူမည် ဖြစ်သည်။

လီဗာပူး အသင်းသည် ယခင် အတိုင်း ဆွာရက်ဇ်ကို ရောင်းချရန် စိတ်မ၀င်စားပေ။ လီဗာပူး အသင်းသည် အာဆင်နယ် အသင်း၏ စိတ်ဝင်စားခြင်းကို ငြင်းဆိုခဲ့ပြီး ဆွာရက်ဇ်မှာ လီဗာပူး အသင်းမှာ ဆက်နေမည်ဟု ဆိုခဲ့ကာ အသင်းပိုင်ရှင် ဂျွန်ဝီလျံ အွန်နရီကလည်း ဆွာရက်ဇ်ကို အသင်း အနေဖြင့် ရောင်းထုတ်မည် မဟုတ်ဟု ဆိုသည်။ အာဆင်နယ် အသင်းသည် ရီးရဲလ် အသင်းတွင် အနာဂတ် မရေရာသည့် တိုက်စစ်မှူး ဘန်ဇီမာကို ခေါ်ယူလိုကြောင်း သိရသည်။

ရီးရဲလ် အသင်းနှင့် ဆွာရက်ဇ် အခြေအနေ အပေါ် နည်းပြ ဘရန်ဒန်ရော်ဂျာက ယင်းအခြေအနေမှာ နောက်ဆုံး အချိန် အထိ အသက်ဝင်နေမည် ဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့လည်း အကောင်းဆုံး ဖြေရှင်းနိုင်ရန် ကြိုးစားရမည် ဖြစ်ပြီး ကစားသမားကောင်းများကို အသင်း အတွက် ခေါ်ယူနိုင်ရန်လည်း ဆောင်ရွက်နေကြောင်း၊ အကယ်၍ ဆွာရက်ဇ်ကို မိမိတို့ လက်လွှတ်ခဲ့ရမည် ဆိုပါက သူ့နေရာ အတွက် လုံလောက်သည့် အစားထိုးမှု ဖြစ်စေရန် အချိန် နည်းသွားမည် ဖြစ်ပြီး ၁၁ ရက်သာ ကျန်သည့် အချိန်ကာလမှာ မိမိတို့အတွက် လုပ်ရကိုင်ရ ခက်ခဲစေကြောင်း ပြောကြားခဲ့သည်။

အလားတူ အန်ဇီမှ ၀ီလျံကို ခေါ်ယူရန် လက်လျှော့ ခဲ့ခြင်းမှာ ကစားသမား ကိုယ်တိုင်က မလာလို၍ ဖြစ်ပြီး မိမိတို့ အနေဖြင့် အသင်း အတွက် ကစားသမားကောင်းများကို ပစ်မှတ်ထားနေပြီး ဘဏ္ဍာရေးဆိုင်ရာ သုံးစွဲကာ ခေါ်ယူနိုင်ရန် ဆောင်ရွက်နေကြောင်း လီဗာပူး နည်းပြ ဘရန်ဒန် ရော်ဂျာက ဆိုသည်။

Ref : http://www.yatanarpon.com.mm/

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...