Friday, August 23, 2013

ဆုံးရှုံးမှုကြီးမားနေသော တရုတ်ကြိုက်မြန်မာ့အဖိုးတန်သယံဇာတများ (ကေအိုင်အေ၏ သစ်ခိုးထုတ်မှူများ)




 
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း သြ(၆)ရက်နဲ့ (၇)ရက်နေ့က ဖမ်းဆီးရမိခဲ့တဲ့ တရားမ၀င်သစ်တွေ ဗန်းမော်မြို့ကို သယ်ယူပြီး တိုင်းတာခဲ့ရာ ကျွန်း၊ ပိတောက်နဲ့ တမလန်းအမျိုးအစား(Export Quality)ဒေသအခေါ် တရုတ်ကြိုက် သစ်မာမျိုးစုံတန်ချိန် (၅၄၀)ကျော်ရှိပြီး ဖမ်းဆီးရမိတဲ့ လိုင်စင်မဲ့ကားမျိုးစုံ(၅၇)စီးရှိတယ်လို့သိရပါတယ်။
ယခု ဖမ်းဆီးရမှုဟာ ဗန်းမော်ခရိုင်အတွင်း ၁၉၉၃ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး ဖမ်းဆီးမှုဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ပွင့်လင်းရာသီက တရုတ်သစ်ကုန်သည်တွေ ခိုးထုတ်သွားတဲ့ အရေအတွက်နဲ့ နှိုင်းယှဉ်ရင် အစွန်းထွက်လောက်ပဲ ရှိတယ် လို့ လွယ်ဂျယ်မြို့ခံ တစ်ဦးကပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရတဲ့ သစ်တင်ယာဉ်ပိုင်ရှင်များနဲ့ သစ်ပိုင်ရှင်များဟာ ဒေသခံ သစ်လုပ်ကိုင်သူ ကချင်လူမျိုး အများစုဖြစ်ပြီး နောက်ကွယ်က တရုတ်သစ်ကုန်သည်ကြီးများ ဆုံးရှုံးမှုမရှိဘူးလို့ ဆိုပါတယ်။ မိုးတွင်းကာလ ဖြစ်တာကြောင့် ဒေသခံသစ်ကုန်သည်များက သစ်ထုတ်လုပ်ရာ မြို့ရွာလမ်းကြောင်းတစ်လျှောက် ဌာနဆိုင်ရာများကို အခကြေးငွေပေးပြီး ကသာ- ဗန်းမော်-မိုးမောက်-လွယ်ဂျယ် လမ်းမှတစ်ဆင့် တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ တရုတ် သစ်ကုန်သည်ကြီးများထံ သယ်ဆောင်ရောင်းချခြင်းဖြစ်ပါတယ်။


သစ်ကုန်သည် အများစုဟာ ကေအိုင်အေအဖွဲ့ကို သစ်ထုတ်လုပ်ခွင့်(၁)နှစ်စာ အခွန်ဆောင်ထားပြီး ကေအိုင်အေ အဖွဲ့က လည်း သူတို့နယ်မြေအတွင်းမှာ လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးလေ့ ရှိပါတယ်။ ဖမ်းဆီးခံရတဲ့ မိုးမောက်- လွယ်ဂျယ် လမ်းကြောင်းဟာ မိုးတွင်းကာလ ကေအိုင်အေနယ်မြေထဲက တောလမ်းများ အသုံးပြုလို့ မရချိန်မှာ သစ်ကုန်သည်များ အဓိကအားထားရတဲ့ အမာခံကျောက်ကြမ်းလမ်းဖြစ်ပါတယ်။

 

ဒီလမ်းကြောင်းကိုအသုံးပြုဖို့ မိုးမောက်မြို့ပေါ်ဌာနဆိုင်ရာများနဲ့ ညှိနှိုင်းပြီးမကြာခဏ ဖြတ်သန်းလေ့ရှိပေမဲ့ ယခုတစ် ခေါက်မှာ သစ်တင်ယာဉ် အစီး(၅၀)ကျော်၊ သစ်တန်ချိန်(၅၀၀)ကျော် ဖမ်းဆီးခံရလို့ လက်လုပ်လက်စားဒေသခံ သစ်ကုန် သည်များ မကျေမနပ် ဖြစ်နေကြပါတယ်။

အထူးသဖြင့် လက်ကြီးသမား တရုတ်သစ်ကုန်သည်များက ပွင့်လင်းရာသီမှာ ရာချီ၊ ထောင်ချီ သစ်တင် ယာဉ်ကြီးများ အသုံးပြုပြီး တရုတ်ကြိုက် မြန်မာ့အဖိုးတန်သယံဇာတ တန်ချိန် သိန်းသောင်းချီ ခိုးထုတ်ခံရမှုကိုလည်း ဖမ်းဆီးပေးရန် ဗန်းမော်မြို့ခံများက လိုလားလျက်ရှိပါတယ်။
မြန်မာ့လင်းရောင်ခြည်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...