Friday, August 23, 2013

ၾသစေၾတးလ် အသင်းကို အိမ်ရှင်မြန်မာ ယူ-၁၆ အသင်း ၀-၂ ဂိုးဖြင့် ရှုံးနိမ့်



Friday, August 23, 2013

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စု(က) ဒုတိယနေ့ ပွဲစဉ်များကို သြဂုတ် ၂၂ ရက်က နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိကွင်းတွင် ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရာ သြစတြေးလျ အသင်းနှင့် ကမ္ဘောဒီးယား အသင်းတို့ နိုင်ပွဲများ ရရှိခဲ့သည်။

ပထမပွဲတွင် ကမ္ဘောဒီယား အသင်းက ဘရူနိုင်းအသင်းကို ၈-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲတွင် သြစတြေးလျ အသင်းက အိမ်ရှင်မြန်မာ အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းမှာ နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့သောကြောင့် နောက်ထပ်နှစ်ပွဲ ကစားရန် ကျန်ရှိသေးသော်လည်း အုပ်စုမှထွက်ရန် သေချာသလောက် ရှိသွားပြီ ဖြစ်သည်။ မြန်မာအသင်းသည် တတိယပွဲစဉ်အဖြစ် လာမည့် သြဂုတ် ၂၆ ရက်တွင် ဘရူနိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

Eleven Media Group
သြစတြေးလျအသင်း တိုက်စစ်ကို မြန်မာအသင်း ဂိုးသမားနှင့် နောက်ခံလူတို့ ကာကွယ်နေစဉ် (ဓာတ်ပုံ-စိုးညွန့်)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...