Friday, August 23, 2013

တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအတွက် အဓိကရုဏ်းနှိမ်နင်းရေးယာဉ် ၈ စီး ဖြန့်ခွဲထားရှိ


From : ..popular

တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံ ရေးအတွက် အဓိကရုဏ်းနှိမ်နင်းရေး ယာဉ် ၈ စီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာန ချုပ် လက်အောက်တွင် ရှိကြောင်း ပြည် ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ် မှူးချုပ်ကျော်ကျော်ထွန်း၏ လွှတ်တော် တွင်းတင်ပြချက်အရသိရသည်။

တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံ ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့များသို့ မော်တော်ယာဉ်မျိုးစုံ အစီး ၃ဝ၃၅ စီးကို လှည့်ကင်း လုံခြုံရေး နှင့်အုပ်ချုပ် မှုယာဉ်များအဖြစ် အသုံးပြု ဆောင်ရွက်သွားမည်ဟု ဒုတိယဝန်ကြီး က လွှတ်တော်ကို တင်ပြခဲ့သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာန ချုပ်မှ တိုင်းဒေ သကြီး/ပြည်နယ်ရဲတပ် ဖွဲ့များသို့ မော် တော်ယာဉ်မျိုးစုံ ၂၇၂၅ စီး ဖြန့်ခွဲထား ရှိပြီး လှည့်ကင်းလုံခြုံရေးနှင့် အုပ်ချုပ်မှု ယာဉ်များ အဖြစ် အသုံးပြုလျက်ရှိ ကြောင်း၊ အဆိုပါယာဉ်များအနက် အ ချုပ်သားတင်ယာဉ် ၉၁ စီးကို တိုင်းဒေ သကြီး/ပြည်နယ်ရဲတပ်ဖွဲ့များ သို့ ဖြန့်ခွဲ ထားရှိပြီး လုံခြုံရေးဆောင်ရွက်ရန် ဖော /လန်ဂျန်းယာဉ် ၂၂ဝ စီးရှိပြီး ရဲတပ် ရင်းများသို့  ဖြန့်ခွဲထားရှိကြောင်း၊ ထို့အ ပြင် အေရိုးလတ် အမျိုးအစား ယာဉ်ကြီး များကို အဓိကရုဏ်းနှိမ်နင်းရေးယာဉ် အဖြစ် ပုံစံပြောင်းလဲပြီး ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့တွင် ၂ စီး၊ မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့တွင် ၂ စီး၊ အ မှတ် (၂) ရဲတပ်ရင်းများကွပ်ကဲမှု အဖွဲ့မှူး ရုံး(ရန်ကုန်)တွင် ၂ စီးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်တွင် အရန်အသင့် ယာဉ် ၂ စီး၊ စုစုပေါင်း ၈ စီးကို ဖြန့်ခွဲ ထားရှိပြီး ဖြစ်ကြောင်း ၄င်းကလွှတ်တော် တွင်တင် ပြသည်။

တရားဥပဒေစိုးမိုးရေး ရှိ မရှိကို ဝေဖန် သုံးသပ်ရာတွင် တာဝန်ယူဆောင် ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အ တွက် ဆက်စပ်ပစ္စည်းများဖြစ်သော ရဲ တပ်ဖွဲ့ အခြား အသုံးအဆောင် ပစ္စည်း များကို ခေတ်နှင့်အညီ ဖြည့်‌ ဆည်းပေး နိုင်ခြင်း ရှိ မရှိ ကိုလည်း စဉ်းစားပေးသင့် ပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် အ များစုသည် မိမိအစီ အစဉ်ဖြင့် လိုအပ် သည်များကို ဖြည့် ဆည်းဆောင်ရွက် လုပ်ကိုင်နေကြသည်ကိုလည်း တွေ့မြင် ရပါကြောင်း၊ မြို့နယ်အတွင်း ဆူပူမှု၊ အ ကြမ်းဖက်မှုများ စတင်ဖြစ်ပွား ပါက မြို့ နယ်ရဲတပ်ဖွဲ့ကပင် စတင်ထိန်းသိမ်းရပြီး အချိန်နှင့်တစ်ပြေးညီ ဟန့်တားကာကွယ် ရန်နှင့် ထိရောက်မြန်ဆန်စွာ အင်အား ဖြည့်ဆောင်ရွက်နို င်ရန်၊ တရားခံများ ဖမ်းဆီးရန်နှင့် အဓိကရုဏ်းများဖြစ်ပွား ပါက အခင်းဖြစ်ရာနေရာသို့ အချိန်မီ သွားရောက်နိုင်ရန်အတွက် ယာဉ်များ မလုံလောက်ခြင်း၊ ကောင်းမွန်မှုမရှိခြင်း၊ လိုအပ်သည့်ေ မ်ာတော်ယာဉ်နှင့် စက် သုံးဆီများကိုလည်း ရဲတပ်ဖွဲ့ဝင်များ သည် မြို့နယ်အတွင်းရှိ စီးပွားရေးလုပ် ငန်းရှင်များ၊ ယာဉ်ပိုင်ရှင်များထံမှ အကူ အညီတောင်းခံနေရ ပါေ ကြာင်း၊ ထို့အ ပြင် မြို့နယ်အသီးသီးတွင် ယာဉ်လုံ လောက်မှုမရှိသည့် အပြင် ရှိသည့်ယာဉ် များမှာလည်း ပျက်စီးယိုယွင်းနေသည့် အတွက် အသစ်ဖြည့်စွက်ဆောင် ရွက် ပေးရန်လည်း လိုအပ်လျက်ရှိနေပါကြောင်း၊ မြို့နယ်အသီးသီးရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ များသို့ အချုပ်ယာဉ်၊ လှည့်ကင်း၊ လုံခြုံ ရေး ဆောင်ရွက်ရန်ယာဉ်နှင့် အဓိက ရုဏ်းနှိမ်နင်းရေးယာဉ်စသည် တို့ကို စီမံ ချက်ရေးဆွဲ၍ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရန် အစီအစဉ် ရှိ မရှိ သိရှိလိုပါ ကြောင်း သြဂုတ်လ ၁၉ ရက်နေ့တွင် ကျင်းပေ သာ ပြည်သူ့ လွှတ်တော်အစည်း အဝေးတွင် နတ္တလင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်ဦးက မေးမြန်းရာ ပြည်ထဲရေး ဒုဝန်ကြီးက အ ထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

အစိုးရ ခွင့်ပြုချက်အရ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်အတွက် လှည့် ကင်းနှင့် လုံခြုံရေးအသုံးပြုရန် ဆလွန်း ယာဉ် ၄၄ စီး၊ double cab ယာဉ် ၁ဝဝ စီးနှင့် အချုပ်ယာဉ် ၁၆ စီး၊ မော်တော် ဆိုင်ကယ် ၁၅ဝ စီး ဝယ်ယူခွင့် ရရှိခဲ့ပြီး ဖြစ် သည့်အတွက် ပြည်ထဲရေးဝန်ကြီး ဌာန ပစ္စည်းဝယ်ယူမှု စိစစ်ရေးကော် မတီမှ အိတ်ဖွင့်တင်ဒါ ဈေးပြိုင် စနစ်ဖြင့် ဝယ်ယူရေးဆောင်ရွက်လျက်ရှိပြီး ဝယ် ယူပြီးပါက ဖြန့်ဝေထုတ်ပေးရေး ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ဒုတိယဝန် ကြီးက ပြောသည်။

ဆက်လက်ပြီး ၄င်းက ယခုနှစ် ဇွန်လအတွင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ မြန်မာ double cab ၊ single cab ယာဉ် ၆၃ စီး ထပ်မံခွဲဝေရရှိခဲ့သည့်အ တွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အသစ်တိုး ချဲ့ဖွဲ့စည်းခဲ့သော တပ်ဖွဲ့များသို့ ခွဲဝေ ထုတ်ပေးထားရှိ ပါကြောင်းနှင့် မော် တော်ယာဉ်များ ထပ်မံဖြည့် တင်းရရှိလာ ပါကမြို့နယ်အသီးသီးသို့ ဆက်လက်ခွဲ ဝေထုတ်ပေးရေး ဆောင် ရွက်သွားမည် ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြခဲ့ သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...