Friday, August 23, 2013

ရန်ကုန်မြို့လယ်ကောင် ယာဉ်ရပ်နားမှုအား စင်ကာပူနိုင်ငံစံနှုန်းဖြင့် တိုင်းတာပါက ၂၀ ရာခိုင်နှုန်းခန့် ပိုမိုများပြား


ရန်ကုန်မြို့လယ်ကောင်၌ ယာဉ်ရပ် နားမှုအား စင်ကာပူနိုင်ငံ၌ သတ်မှတ်ထားသော စံနှုန်းဖြင့် တိုင်းတာပါက ၂၀ ရာခိုင်နှုန်းခန့် ပိုမိုများပြားနေကြောင်း သတင်းရရှိသည်။ယင်းကဲ့သို့ ရန် ကုန်မြို့လယ်ကောင်အတွင်း ယာဉ်ရပ်နားမှု ပိုမိုများပြားနေခြင်းကြောင့် အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ရာ၌ ကားပါကင်ပြုလုပ်ရန် သတ်မှတ်ထားချက်မှာ စင်ကာပူနိုင်ငံ၏ အများ ဆုံးထားရှိရမည့် စံနှုန်း၏ ၂၀ ရာ ခိုင်နှုန်း အပိုထပ်ဆောင်း ထားရှိရကြောင်း ‘အထပ်မြင့်အဆောက်အအုံ စိစစ်ရေးကော်မတီ’မှ သိရသည်။

“ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုတွေမှာ ယာဉ်အစီးရေ ပမာဏများလာလို့ မဟုတ်ဘဲ သွားလာရေးကဏ္ဍ စီမံခန့်ခွဲမှု အားနည်းဖြစ်ရတာတွေ များတယ်၊ အာဆီယံဒေသအနေနဲ့ ကြည့်မယ်ဆိုရင် မြန်မာပြည်မှာရှိတဲ့ ယာဉ်အစီးရေက ဘာမှ မပြောပလောက်သေးဘူး”ဟု ‘မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း’မှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။

ယာဉ်ကြောကျပ်တည်းမှုများအား ဖြေရှင်းရန်အတွက် ယာဉ်ကြောပိတ်ဆို့သည့် နေရာများတွင် လမ်းရှင်းလင်းခြင်း၊ ယာဉ်ရပ်နားရန် နေရာများ ချဲ့ထွင်ခြင်း လုပ်ငန်းများ ဆောင် ရွက်လျက်ရှိပြီး မြေနေရာရရှိပါက ယာဉ်ရပ်နားကွင်းများပါ ထပ်မံတည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားရှိသည့် မော်တော်ယာဉ် အစီးရေ လေးသိန်းသုံးသောင်းကျော် ရှိပြီး တစ်နိုင်ငံလုံး၏ယာဉ်
အစီးရေ ထက်ဝက်ကျော်မှာ ရန်ကုန်မြို့တွင် ရှိကြောင်း သိရသည်။

Automobile Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...