မြောက်ဦးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းနေသောကြောင့် မြို့ပေါ်နှင့် ဆင်ခြေဖုန်းရပ်ကွက် အချို့တွင် ရေကြီးလျက်ရှိပါသည်။
မြောက်ဦးမြို့တွင် လွန်ခဲ့သော ငါးရက် ခန့်မှစ၍မိုးသည်း ထန်စွာရွာသွန်းနေသောကြောင့် လက်ကောက်ဈေး(ကန်ချေစု) ကြက်ဈေးရပ်ကွက် နှင့် ဆင်ချဆိပ်(ရွာသစ်)တို့တွင် လူနေအိမ်ခြေ ၂၅၀ ကျော်ခန့် ရေနစ်မြုတ်လျက်ရှိသည်။
ထိုရပ်ကွက်မှ ရေဘေးဒုက္ခသည်များ သည်နီးစပ်ရာ ဘုန်းတော်ကြီးကျောင်း များနှင့် ရေလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်လျက်ရှကြသည်။
ဓါတ်ပုံ နှင့် သတင်း : Aung Soe Myint

0 comments:
Post a Comment