Monday, July 29, 2013

လူတစ်ယောက်ကိုချစ်နေရတယ်

လူတစ်ယောက်ကိုချစ်နေရတယ် ဆိုတာ အိပ်မက်လေးတစ်ခုမက်နေရသလိုပဲ ...
==================
==================



— အဲ့ဒီအိပ်မက်လေးက အပြင်မှာ တကယ်မဖြစ်ရင်တောင်မှ အရမ်းကိုတန်ဖိုးထားတတ်ခဲ့တယ်
— အဲ့ဒီအိပ်မက်လေး ပျောက်ပျက်သွားမှာလည်းစိုးရိမ်တတ်ခဲ့တယ်
— နောက်ဆုံး အဲ့ဒီအိပ်မက်လေး တကယ်ပျောက်ပျက်သွားခဲ့ရင်တောင် နောက်ထပ်ပြန်မက်လာမလားလို့မျှော်လင့်တကြီးစောင့်စားတတ်ခဲ့သေးတယ် ..

အဲ့ဒီလိုပဲ လူတစ်ယောက်ကို တကယ်ချစ်ခဲ့မိပြီဆိုရင်လေ ..

— သူ့ဘက်က ကိုယ့်ကိုချစ်မှန်းမသိ မချစ်မှန်းမသိ ဘာမှမသိပါပဲနဲ့လည်း ကိုယ်က သူ့ကိုတန်ဖိုးထားတတ်ခဲ့တယ်
— တစ်ချိန်ချိန်မှာ သူကိုယ့်အနားကထွက်သွားမှာကိုလည်း တွေးပြီးစိတ်ပူနေတတ်ခဲ့တယ်
— နောက်ဆုံး သူ ကိုယ့်ကိုထားသွားခဲ့ရင်တောင် နောက်ထပ်ကိုယ့်ဆီပြန်လာဦးမလား ဆိုပြီး မျှော်လင့်တကြီးစောင့်စားတတ်ခဲ့သေးတယ် ..




မယ်ပိုး (ပိုးသင်ဇာ)
< Heart Canteen >

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...