Monday, July 29, 2013

တန်ဖိုးသိမှ တန်ဖိုး ရှိမည် .........



ဒီနေ့ တရားပွဲကနေ တဆင့်ခင်ခဲ့ကြသော မိတ်ဆွေတွေ
ဘုရားရှီခိုးပုံစံ အခြေခံ ပုံစံတွေ သိချင်လို့  ကျွန်တော်တို့ 
ကျောင်း ဘုရားခန်းလေး စာကြည့်တိုက်ကို ရောက်ရှိခဲ့
ကြပါတယ် ...........

အော် မင်းတို့ ဒီလို ဘုရားခန်းလေး လုပ်ထားတာလားတဲ့
ဟုတ်ပါတယ် ကျွန်တော်တို့ နိုင်ငံမှာတော့ ပုဂံ မန်းလေး
ဘုရားတွေ အများကြီးပါဆိုတော့ .....

သိတယ် သိတယ်မင်းတို့ နိုင်ငံက ဗုဒ္ဓ ဘာသာထွန်းကားသော
နိုင်ငံဘဲလေတဲ့ လှပတဲ့ ပင်လယ်ကမ်းခြေတွေရော မလား
ဟုတ်ပါတယ် ချောင်းသာ ငပလီ အစရှိတဲ့ အရာတွေရှိပါ
တယ်လို့  ......

ဒီလိုနဲ့ ဘုရားခန်းထဲက ထွက်တော့ အခန်းမှာ မြန်မာရိုးရာ
လက်ဖက် ထမင်းပူလေးရယ် ကာကွယ်ရေး ဦးစီးချုပ် လက်ဆောင်
ဥထားတဲ့ ရွေဖီဦး လက်ဖက်ရည် (မြန်မာလက်ဖက်ရည်) ဆိုပြီး
ဧည့်ခံတော့ သူတို့ တွေ သဘောတကျကျ နဲ့ ပေါ့ .....

ပရိတ်ကြီး ၁၁ သုတ် အခြခံဘုရားရှီခိုး နဲ့  ငါးရာငါးဆယ်
နိပါတ်တော် စာအုပ်တွေ လေ့လာဖို့ ငှားပေးလိုက်ပါသေးတယ်
ပြုံးပြုံးနဲ့  သူတို့ တွေ ရှာနေတာတွေကို တွေ့ သွားတော့
ပျော်ရွင်စွာ ပြန်သွားကြလေရဲ့ .......

အော်ငါတို့ နိုင်ငံဝယ် သာသနာ အလွန်ထွန်းတောက်ခဲ့ပြီး
လူဖြစ်ရတာ တော်တော်ကံကောင်းကြပါလားလို့ အတွေးတွေနဲ့ 
ကျန်ရစ်ခဲ့ပါတယ် .....

ကိုယ့်နိုင်ငံမှာရှိတာကို တန်ဖိုးထားနိုင်ကြဖို့  ဒီနေ့ ပြုလုပ်ခဲ့ရသော
ဒါန ပျော်ရွင်ကြည်နှူးခဲ့ရသော ကုသိုလ်လေးတွေရယ် ပြန်လည်
မျှဝေလိုက်ပါတယ် .......

သာဓု အနုမော်ဓနာ ခေါ်ယူနိုင်ပါစေသော........ ။

လေးစားစွာဖြင့်
ဖိုးသားလေး

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...