Wednesday, August 21, 2013

နယ်ခြားစောင့်တပ်အား လောခေါင်တွင် KIO မှ တိုက်ပွဲများ ဆင်နွှဲ

သြဂုတ်လ ၂၀ ရက် ၂၀၁၃

    ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ လက်အောက်ခံတပ်ရင်း အခြေစိုက်ရာ ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း   ဒေသ  လောခေါင်ကျေးရွာအနီး နယ်ခြားစောင့်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ သြဂုတ်လ ၁၇ ရက်တွင် တိုက်ပွဲ   ပြန် လည်ဖြစ်ပွားခဲ့သည်ဟု KIA စစ်ပြေးဒုက္ခသည် ကူညီရေး ကော်မတီတာဝန်ခံ ဦးဒွဲပီဆားကပြောသည်။ KIA တပ်ရင်း ၁၀ ထိန်းချုပ် ရာဒေသရှိ ရှေ့တန်းစခန်းတစ်ခုတွင် အစိုးရတပ်နှင့် နယ်ခြားစောင့် ပူးပေါင်း တပ်အင်အား ၂၀၀ ခန့်တို့ တိုက်ပွဲဖြစ်ပွားခြင်းဟု ဦးဒွဲပီဆားက ဆိုသည်။ 

    “လောခေါင်အထက်မှာရှိတဲ့ ကျွန်တော်တို့ ကေအိုင်အေ ရှေ့တန်းစခန်း အစိုးရရဲ့ BGF အဖွဲ့က လာပစ်တယ်။ သူတို့ နှစ်ကြိမ် လာတိုက်လို့ ကျွန်တော်တို့ ပြန်တိုက်တော့ သူတို့ ဆုတ်သွားတယ်။ ကျွန်တော်တို့ ပြန်ပစ်လိုက်တော့ သူတို့ဆုတ်သွားပြီး M -၂၃ စက်နှစ်လက်၊ လက်နက် ကျည်ဆံတွေ၊ ကျောပိုးအိတ်၊ အစားအစာတွေ၊ မေဂျာ တပ်ထားတဲ့ အင်္ကျီတွေ သိမ်းဆည်းနိုင်ခဲ့တယ်”ဟု မဇ္ဈိမကို ပြောသည်။ 

      KIO က ၂၀၁၂ ခုနှစ်ဆန်းပိုင်းက လောခေါင်အထက်တွင် KIA က နေရာယူလိုက်ရာ ထိုနေရာကို အစိုးရ လက်အောက်ခံ BGF တပ်များက ပြန်လည်ရယူလိုသဖြင့် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်သည်ဟုလည်း ဦးဒွဲပီဆားကပြောသည်။ အလားတူေ  လာခေါင်မြို့နယ် အတွင်း အစိုးရ၏ တပ်မ ၈၈ လက်အောက်ခံ တပ်ဖွဲ့များနှင့် နယ်ခြားစောင့်တပ်အဖွဲ့ BGF တပ်ရင်း ၁၀၀၁ တပ်ဖွဲ့တို့၏ ပူးပေါင်း တပ်များနှင့် KIA တပ်များ တိုက်ခိုက်လာသဖြင့် တိုက်ပွဲ ဖြစ်ပွားသည်ဟု သတင်းရသော်လည်း အသေးစိတ်ကို မသိရဟု တရုတ် နယ်စပ် ကန်ပိုင်တီတွင် အခြေစိုက်သည့် BGF 1003 တပ်ခွဲမှူး ဆော်ဘွမ်က မဇိ္ဈမကို ပြောသည်။ 

    “ကျွန်တော်တို့ ကြားတာက တိုက်ပွဲဖြစ်တဲ့နေရာမှာက အစိုးရတပ်တွေရှိတယ်။ ကျွန်တော်တို့တပ် ၁၀၀၁ နယ်မြေမှာဖြစ်တာ။ အခုတလော အဲဒီဘက် သတင်းထွက်ပေါ်နေတာကြာပြီ။ အဲဒီနေရာက အရင် NDAK (ဦးဇခုံတိန့်ယိန်းတပ်) နေရာတွေ ဟုတ်တယ်။ အဲဒီနေရာ ဖယ်ပေးဖို့ ပြောတာကို မဖယ်ပေးလို့ ဖြစ်သွား တယ်ထင်တယ်”ဟု ပြောသည်။ ပြီးခဲ့သည့် မေလ ၃၀ ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီနှင့် KIO ကိုယ်စားလှယ်များ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်း KIA တပ်မဟာ ၄ လက်အောက်ခံ တပ်များ တွင် အစိုးရနှင့် KIA တပ်များအကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ 

     သို့သော် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ဘဲ နှစ်ဖက်စောင့်ကြည့်မှုများ ရှိနေကြသည်ဟုလည်း KIA လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးက မဇိ္ဈမကို ပြောသည်။ “ခုရက်ပိုင်းတော့ တိုက်ပွဲမဖြစ်ဘူး။ ဒါပေမဲ့ ဘယ်နေရာတွေ့ ရင်   တွေ့တာနဲ့ တိုက်ပွဲဖြစ်တာဘဲ။ အစိုးရ ဘက်ကတော့ အင်အားတော့ တိုးလိုက်၊ ပြန်သွားလိုက်၊ လှုပ်ရှားနေကြ တယ်” ဟု သူက   ပြောသည်။ လတ်တလော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်များ တိုးမြင့်လာခြင်း မရှိသော်လည်း ဒုက္ခသည်များ ကိုယ့်နေရပ်သို့ ပြန်ရန် မဖြစ်နိုင်သေးသဖြင့် ဒုက္ခသည်စခန်း ထားရှိရန် လိုအပ်နေဆဲဖြစ်ပြီး ၅တန်းမှ ၁၀ တန်းရှိ ကျောင်းသား   ကျောင်းသူ များ ၁၈၀၀ ကျော်အား ဘော်ဒါဆောင်ဖွင့်ပေးရန် လိုအပ်နေသည်ဟု ဦးဒွဲပီဆားကပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ကျော်မှ ၆ တန်း မှ ၈ တန်း ကျောင်းသူကျောင်းသားများ ကျောင်းဖွင့်လှစ်နိုင်သော်လည်း စာရေးစားပွဲ မလုံလောက်သဖြင့် မိုးကာခင်းပြီး စာသင်ကြားနေကြရသည်။ 

Mizzima

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...