Wednesday, August 21, 2013

၂၀၁၅ ခုနှစ်အမီ နိုင်ငံပိုင် နို့နှင့် နို့ထွက်ပစ္စည်း စက်ရုံ များ တည်ဆောက်သွားမည်

ရန်ကုန် ၊ ၂၀-၈-၂၀၁၃ 
 မြန်မာနိုင်ငံ တွင် နိုင်ငံတော် အစိုးရ၏ အစီအစဉ်ဖြင့် နိုင်ငံပိုင် နို့နှင့် နို့ထွက်ပစ္စည်း စက်ရုံ ၁၀ ရုံခန့်ကို ၂၀၁၅ ခုနှစ်အမီ တည်ဆောက် သွားနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိသည်ဟု တိရစ္ဆာန် မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။
မြန်မာလူမျိုး များတွင် နို့ဆီ ၊ နို့စိမ်း ဈေးကွက်မှာ ကြီးမား ကျယ်ပြန့်စွာ တည်ရှိ နေခြင်းကြောင့် အဆိုပါ နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများကို တည်ဆောက်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၊ ကျန်းမာရေး ကို အထောက်အကူ ပြုသည့် နို့သောက်သုံးသည့် အလေ့အထ တိုးမြှင့် လာစေရန် ရည်ရွယ်ချက် ဖြင့် နို့နှင့် ဆက်စပ် ပစ္စည်း များကို ဈေးနှုန်း ချိုသာစွာ အလွယ်တကူ ၀ယ်ယူ ရရှိနိုင်စေရန် ပြည်တွင်း၌ ထုတ်လုပ် လိုသည့် အတွက် ကြောင့်လည်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နို့စားနွား အကောင်ရေ ၅ သိန်းဝန်းကျင် ခန့်ရှိပြီး တစ်နှစ်လျှင် စုစုပေါင်း နို့ထွက် ပမာဏမှာ မက်ထရစ် တန်ချိန် သန်းပေါင်း ၉၈၀ နီးပါး ရှိသဖြင့် ကုန်ကြမ်း လုံလောက်စွာ ရရှိနိုင်မည် ဖြစ်ကြောင်း ၊ အဆိုပါ နို့ နှင့် နို့ထွက်ပစ္စည်း စက်ရုံများကို နေပြည်တော် အပါအ၀င် ကုန်ကြမ်း ပစ္စည်းများ အလွယ်တကူ ရရှိနိုင်မည့် တိုင်းဒေသကြီး များတွင် ဆောက်လုပ် သွားရန် ရည်ရွယ် ထားကြောင်း ၊ လိုအပ်သော စက်ပစ္စည်း များကို ဂျာမနီ နှင့် သြစတြေိးလျ နိုင်ငံတို့မှ ၀ယ်ယူ သွားမည် ဖြစ်ကြောင်း သိရသည်။
ဥရောပ နိုင်ငံများတွင် လူတစ်ဦး၏ နို့သောက်သုံးသော ပမာဏမှာ တစ်နှစ်လျှင် ၂၀၀ ကီလိုဂရမ် နီးပါး ရှိသော်လည်း မြန်မာနိုင်ငံ တွင်မူ ၂၆ ကီလိုဂရမ် မျှသာ ရှိသည်ဟု စစ်တမ်း များအရ သိရှိရသည်။
 

 Pyi Chit Thar 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...