အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ တွင် သြဂုတ်လ ၁၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင် က ဒေသတွင်း ပြေးဆွဲ ခုတ်မောင်းလျက် ရှိသော ရထား တစ်စင်းပေါ်တွင် လိုက်ပါ လာသော အမေရိကန် အမျိုးသမီး တစ်ဦးကို အမျိုးသား တစ်ဦးက ဓားဖြင့် တိုက်ခိုက် ခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့၏ ထုတ်ဖော် ပြောကြားချက် များအရ သိရသည်။
ဖြစ်ပွားပုံမှာ အသက် ၂၈ နှစ်အရွယ် Michelle Mark အမည်ရှိ အဆိုပါ အမျိုးသမီးသည် မွမ်ဘိုင်းမြိုကတွင် လွန်ခဲ့သော ၃ နှစ်မှစ၍ အလုပ်လုပ်ကိုင် ခဲ့ပြီး မကြာခဏ ရထားဖြင့် သွားလာလေ့ ရှိကြောင်း သိရသည်။ ထိုနေ့တွင် အဆိုပါ အမျိုးသမီး သည် Churchgate ဘူတာရုံမှ ထွက်ခွာလာသော လူစီးရထားတွဲ အလွတ်တစ်ခု ပေါ်တွင် လိုက်ပါ လာခဲ့ကြောင်း ၊ Marine Lines ဘူတာရုံ အရောက်တွင် အမျိုးသား တစ်ဦးသည် ၄င်း ရထားတွဲပေါ် တက်လာခဲ့ကြောင်း ၊ Charni Road ဘူတာရုံ မရောက်မီ အမျိုးသမီး ၏ ပိုက်ဆံအိတ် ကို လုယူရန် ကြိုးပမ်းစဉ် အမျိုးသမီးက ပြန်လည် ခုခံသောကြောင့် ယင်း အမျိုးသားက ဓားဖြင့် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အမျိုးသမီး၏ မျက်နှာ ၊ လည်ပင်း နှင့် လက်မောင်း တို့တွင် ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပြီး သူမအား မွမ်ဘိုင်းမြို့ တောင်ပိုင်းရှိ နီအာဆေးရုံ သို့ ပို့ဆောင် ခဲ့သည်ဟု သိရသည်။
သူမအား တိုက်ခိုက်ခဲ့သည့် အမျိုးသားမှာ အသက် ၂၀ ကျော် အရွယ်ရှိပြီး ၄င်းအား ယခုတိုင် ဖမ်းဆီး နိုင်ခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့ က ပြောကြား ခဲ့ကြောင်း သိရှိရသည်။
0 comments:
Post a Comment