ပြည်ထောင်စု ၀န်ကြီးများအား အမည်တပ်ကာ ပုဂ္ဂိုလ်ရေးအရ ဝေဖန်မှုများသည် 
အဆင့်မြင့်သည့် နိုင်ငံရေး မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ 
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သြဂုတ် ၂၀ ရက်တွင်
 ပြောကြားသည်။
 လွှတ်တော်သို့ 
လာရောက်လေ့လာသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင်များ ကို 
တွေ့ဆုံအမှာစကား ပြောကြားရာတွင် ယခုလို ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
 ဒေါ်အောင်ဆန်းစုကြည်က "ပုဂ္ဂိုလ်ရေး အာဃာတနဲ့ ပြောတာဆိုတာတွေ နိုင်ငံရေး 
အရဆိုရင် လူတစ်ယောက်ရဲ့ အလုပ်ကို ထောက်ပြပြီးတော့ ဝေဖန်နိုင်တယ်။ ဥပမာ 
ဝန်ကြီး တစ်ယောက်ကို ဝေဖန်ပိုင်ခွင့် ရှိတယ်။ ဒီဝန်ကြီးဌာနက ဒီလိုဖြစ်နေတယ်။
 ပုဂ္ဂိုလ်ရေးအရ ဒီဝန်ကြီးကို နာမည်နဲ့တပ်ပြီးတော့ ဘာမှအလုပ်နဲ့ မဆိုင်တဲ့ 
ကိစ္စတွေနဲ့ ဝေဖန်တာမျိုးက ဒါအဆင့်မြင့်တဲ့ နိုင်ငံရေး မဟုတ်ဘူး။ 
ထိုနည်းလည်းကောင်း တခြားပါတီက အဖွဲ့ဝင်တွေ၊ ခေါင်းဆောင်တွေနဲ့ 
ကိုယ်စိတ်သဘောချင်း မတိုက်ဆိုင်တဲ့ အခါမျိုးမှာ ဝေဖန်ပိုင်ခွင့် ရှိတယ်။ 
ပြောပိုင်ခွင့် ရှိတယ်။ အဆင့်မြင့်မြင့် လုပ်ရမယ်။ 
ဒါကိုယ်ပိုင်တစ်ယောက်ချင်းရဲ့သိ က္ခာလည်း ဖြစ်တယ်။ ကိုယ့်အဖွဲ့အစည်းရဲ့သိက္ခာလည်း ဖြစ်တယ်။ အဖွဲ့အစည်း သိက္ခာကျမယ့် ကိစ္စမျိုး မလုပ်ပါနဲ့" ဟု ပြောကြားသည်။
 ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့ နိုင်ငံက ခုချိန်မှာ 
နိုင်ငံကြီးတော့ မဟုတ်သေး ဘူး။ နိုင်ငံကြီးဆိုတာ သြဇာရှိတဲ့နိုင်ငံ 
တိုးတက်တဲ့နိုင်ငံ၊ ချမ်းသာတဲ့နိုင်ငံ ဒါတွေအားလုံးရဲ့ အခြေခံက ညီညွတ်မူပဲ။
 ကျွန်မတို့ နိုင်ငံကြီးတစ်ခုဖြစ်ဖို့ အားလုံးကြိုးစားနေတာပဲ။ 
နိုင်ငံကြီးသား စိတ်ဓာတ်ကို အားလုံးမွေးမြူကြဖို့ ကြိုးစားရမယ်။ 
သဘောထားကြီးကြီး ရှိရမယ်။ ဥာဏ်ပညာ အမြော်အမြင် ရှိရမယ်" ဟု ပြောကြားသည်။
Posted in:  ပြည်တွင်းသတင်း
0 comments:
Post a Comment