Wednesday, August 21, 2013

တောင်ကိုရီးယား နိုင်ငံသည် အမေရိကန် ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ ဂျက်တိုက်လေယာဉ်များ ၀ယ်ယူရေး ကန်ထရိုက် ပေးမည့် စာရင်းမှ EADS ကုမ္ပဏီကို ပယ်ဖျက် ခဲ့ခြင်း



တောင်ကိုရီးယား နိုင်ငံသည် စစ်လက်နက် ပစ္စည်း ထုတ်လုပ်သည့် EADS ကုမ္ပဏီ ကို အမေရိကန် ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိ ဂျက်တိုက် လေယာဉ်များ ၀ယ်ယူရေး ကန်ထရိုက် ပေးမည့် စာရင်းမှ ပယ်ဖျက် ခဲ့ကြောင်း ကာကွယ်ရေး ပစ္စည်း ၀ယ်ယူရေး စီမံကိန်း ဌာန ( DAPA ) ရှိ အမည် မဖော်လိုသူ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် ကို ကိုးကား၍ Yonhap သတင်း အေဂျင်စီက သြဂုတ်လ ၁၈ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်ဟု ဆင်ဟွာ သတင်းဌာန၏ သတင်းတစ်ပုဒ် အရ သိရသည်။


အဆိုပါ ကန်ထရိုက် စာချုပ်အတွက် EADS နှင့် Boeing ကုမ္ပဏီတို့ နောက်ဆုံး အဆင့် ကျန်ရှိခဲ့ကြောင်း ၊ တောင်ကိုရီးယား အနေဖြင့် တစ်ယောက်မောင်း တိုက်လေယာဉ် ၄၅ စင်းနှင့် ၂ယောက်မောင်း တိုက်လေယာဉ် ၁၅ စင်း ၀ယ်ယူ ထုတ်လုပ်ရေး လိုလားလျက် ရှိသော်လည်း EADS ကုမ္ပဏီက အသုံးစရိတ် ပြဿနာကြောင့် တန်ဖိုး ကြီးမြင့်သည့် ၂ ယောက်မောင်း တိုက်လေယာဉ် ၆ စင်းသာ ထုတ်လုပ် ပေးမည်ဟု အဆိုပြု ခဲ့သည့်အပြင် ခန့်မှန်း အသုံးစရိတ် တွက်ချက် ဖော်ပြ ရာတွင်လည်း တောင်ကိုရီးယား နိုင်ငံက အမေရိကန် ဒေါ်လာဖြင့်သာ ဖော်ပြ ပေးစေလို သော်လည်း EADS ကုမ္ပဏီက ဗြိတိန်ငွေကြေး ပေါင် ဖြင့် ထွက်ချက် ဖော်ပြ ခဲ့ခြင်းတို့ကြောင့် ကန်ထရိုက် ပေးမည့် စာရင်းမှ ပယ်ဖျက် ခဲ့ခြင်း ဖြစ်ကြောင်း Yohap သတင်း အေဂျင်စီက ထုတ်ဖော် ပြောကြား ခဲ့သည်။


ထို့ကြောင့် လက်ရှိ အချိန်တွင် F 15 Silent Eagle တိုက်လေယာဉ် များ ထုတ်လုပ် ပေးမည့် Boeing ကုမ္ပဏီ တစ်ခုတည်းသာ နောက်ဆုံး တင်ဒါ ပေးမည့် ကုမ္ပဏီ အဖြစ် ကျန်ရှိတော့ ကြောင်း ၊ DAPA သည် တောင်ကိုရီးယား စစ်ဘက် အဆင့်မြင့် တာဝန်ရှိ သူများက နောက်ဆုံး လေ့လာ သုံးသပ်ချက် ပြုလုပ်ရေး အတွက် Boeing ကုမ္ပဏီ က အဆိုပြု ထားသည့် အချက်အလက် များကို တင်သွင်း သွားမည် ဖြစ်ကြောင်း နှင့် တောင်ကိုရီးယား နိုင်ငံသည် သက်တမ်းရင့် F 4 နှင့် F 5 ဂျက်တိုက်လေယာဉ် များနေရာတွင် ခေတ်မီ တိုက်လေယာဉ်များ ကို အစားထိုး အသုံးပြုရေး အတွက် အဆိုပါ ကန်ထရိုက် ကို ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...