Wednesday, August 21, 2013

ငါးသလောက်ပေါင်း၊သရက်ချဉ်သုပ်၊ပဲနီလေးနှင့်ပဲကြာဇံဟင်းချို


ငါးသလောက်ပေါင်း

ငါးသလောက်ကို အကြေးထိုးပြီး ရေစင်ကြယ်အောင်ဆေး၍ ကြိုက်နှစ်သက်သလို အနေတော်အရွယ် အတုံးလေးတွေ တုံးပါ။ ဆား၊သကြား၊ငံပြာရည်၊နနွင်းမှုန့်၊ရှာလကာရည် တို့ဖြင့် ဆုပ်ပြီးနယ်ပေးပါ။ညက်အောင်ထောင်းထားသောငရုတ်၊ကြက်သွန်နီနှင့် ပါးပါးလှီးထားသော ခရမ်းချဉ်သီးများကို အစေ့များထုတ်၍ ငါးများနှင့်ရောနယ်ကာ နာရီဝက်ခန့်နှပ်ထားပါ။
ငါးသလောက်ပေါင်းမည့် ပေါင်းအိုးထဲသို့ အိုးမတူးမကပ်အောင် စပါးလင် အောက်တွင်ခင်းပေးပြီး အပေါ်မှ နှပ်ထားသော ငါးသလောက်များကို ဆီအသင့်အတင့်နှင့် ငါးကို ရေမြုတ်အောင်ထည့်ကာ အိုးအဖုံး လုံအောင်ပိတ်၍ နာရီဝက်ခန့် တည်ထားပါ။ ငါးသလောက်အရိုးများနူးလျှင် အပေါ့အငံမြည်းကာ အရသာ ကောင်းမွန်သော ငါးသလောက်ပေါင်းလေး သုံးဆောင်လို့ ရပါပြီရှင်။

ဒေါ်ပု လက်ရာ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...