Sunday, August 18, 2013

iphone လုယက်သူ မော်ဒယ်နိမ့်၍ ပိုင်ရှင်ထံပြန်လည်ပေးအပ်



အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်ရှိ ဆယ်ကျော်သက် လူငယ်နှစ်ဦးသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အမျိုးသမီးတစ်ဦးထံမှ iPhoneလုယက် ယူဆောင်လာခဲ့ပြီးနောက် အဆိုပါiPhoneသည် မော်ဒယ်နိမ့်နေသောကြောင့် ပိုင်ရှင်ထံပြန်လည် ပေးပို့ခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များသည် အမျိုးသမီးတစ်ဦးထံမှ iPhoneတစ်လုံးကို လုယက်ယူဆောင်မှု ဖြစ်ပွားခဲ့သောကြောင့် စုံစမ်းရှာဖွေမှုများပြုလုပ်ခဲ့ရာ အသက်၁၇နှစ်အရွယ် လူငယ်နှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။ အဆိုပါလူငယ်နှစ်ဦးသည် အမျိုးသမီးထံမှ iPhoneလုယက်ခဲ့ပြီးနောက် မော်ဒယ်နိမ့်နေသောကြောင့် ရောင်းချရန်မဖြစ်နိုင်သဖြင့် ပိုင်ရှင်ထံ ပြန်လည်ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ သို့ရာတွင် ထိုလူငယ်နှစ်ဦးသည် အမ်မရီဗယ်လီနှင့် အုတ်ကလန်ဒေသများတွင် အလားတူလုယက်မှုများ ကျူးလွန်သည်ကို စစ်ဆေး တွေ့ရှိရသောကြောင့် ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။
By ပြည်မြန်မာ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...