Sunday, August 18, 2013

နိုင်ပွဲရ စာရင်းမှာ အာဆင်နယ် ပါမလာတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁


ပရီးမီးယားလိဂ်ကို လီဗာပူးနဲ့ စဖွင့်တော့ စတာရစ်က သူ့ကိုယ်သူ သက်သေပြနိုင်ခဲ့တယ်။ ဒါပေမဲ့

ဒီအောင်ပွဲမှာ မစ်နိုလတ်အတွက် တီးတဲ့ လက်ခုပ်သံတွေက ပိုကျယ်ခဲ့တယ်ဆိုရင် ဘယ်သူမှ မငြင်းဘူးမလား။ ပွဲချိန် ၈၈မိနစ် ရောက်နေတဲ့ ဒီလိုအချိန်မျိုးမှာ ဂျိုနသန်ဝေါ်တာ ကန်တဲ့ပင်နယ်တီကိုသာ သူ မပုတ်ထုတ်နိုင်ခဲ့ရင် လီဗာပူးအတွက် အဖွင့်လှစရာ အကြောင်းမရှိပါဘူး။

ဝင်းဂါးမပျော်နိုင်တဲ့ ပင်နယ်တီတွေ

ဒီနောက်မှာ အမြောက်တပ်ကြီးရဲ့ အိမ်ကွင်းရှုံးပွဲကြောင့် ပရိသတ်တွေ တောက်တစ်ခေါက်ခေါက် ကျန်ခဲ့ရတယ်။ ၆မိနစ်မှာ ဂီရောက်ဒ်ရဲ့ အဆုံးသတ် သေချာမှုနဲ့ ဂိုးစရခဲ့လို့ ပျော်ရမလိုရှိသေး ပင်နယ်တီ ပေးခဲ့ရပြီး ဘန်တီကီ ကန်တာကို ရှက်ဇီနီ ပုတ်ထုတ်နိုင်ပေမယ့် ထပ်ဆင့်ခေါင်းတိုက်ချက်ကြောင့် ချေပဂိုး ပေးခဲ့ရပါတယ်။ ဒီနောက်မှာ ကီရန်ဂစ်ဘ်လည်း အကွဲအပြဲနဲ့ လူစားလဲခဲ့ရသလို နောက်တစ်ဂိုးလည်း ထပ်ပေးခဲ့ရပြန်တာပေါ့။

ဒီဂိုးကိုလည်း ပင်နယ်တီကနေ ဘန်တီကီက သွင်းခဲ့ပြီး ကိုစီယယ်နီ ထုတ်ပယ်ခံရ၊ ဒီနောက်မှာ ဗီလာအတွက် နောက်ဆုံးဂိုးကို လူနာက သာသာယာယာ သွင်းခဲ့ပြီး အပြောင်းအရွှေ့ ဈေးကွက်မပိတ်မီ ၁၇ရက်အလိုမှာ ကစားသမားသစ်ခေါ်ဖို့ အာစင်ဝင်းဂါးကို သတိပေးခဲ့ပါပြီ။

မန်ယူ နိင်ပေမယ့် ရွန်နီ အောင်ပွဲမခံခဲ့ဘူး

ရာသီကြို ခြေစမ်းပွဲ ရလဒ်ဆိုးတွေကြောင့် ဝေဖန်ခံခဲ့ရတဲ့ ဒေးဗစ်တစ်ယောက် အခုချိန်မှာ ဝေဖန်သံတွေကို တိတ်စေခဲ့ပါပြီ။ ရင်ဘတ်နဲ့ထိန်းပြီး မြေမကျကန်တဲ့ ဗန်ပါစီရဲ့ဂိုးဟာ သရဲနီတပ်ဖွဲ့ကို အသက်သွင်းပေးခဲ့ပြီး ၀ဲလ်ဘက်ရဲ့ အနီးကပ် ပိတ်သွင်းမှုကနေ ဒုတိယဂိုး ထပ်ရခဲ့ချိန်မှာ အနိုင်သေချာသလောက်ဖြစ်လာခဲ့ပါတယ်။

ဒုတိယပိုင်း ၇၂မိနစ်မှာလည်း ဗန်ပါစီရဲ့ ဧရိယာထိပ် ကန်ချက်ဟာ မန်ယူအတွက် တတိယဂိုးဖြစ်စေခဲ့ပြီး နောက် ၁၀မိနစ်အကြာမှာ ကစားသမားသစ် ဘိုနီက ဆွမ်ဆီးအတွက် တစ်ဂိုးပြန်ချေပခဲ့ပေမယ့် ၀ဲလ်ဘက်ရဲ့ ဂိုးတိုင်၊ ဂိုးဘား ဆုံမှတ်ကြား ပင့်တင်မှုကနေ မန်ယူတို့ ပွဲသိမ်းဂိုးရခဲ့တာပါ။ ဒီပွဲမှာ အသင်းပြောင်းမယ်လို့ သတင်းထွက်ခဲ့တဲ့ ရွန်နီ လူစားဝင် ကစားခဲ့ပေမယ့် ခြေစွမ်းပြနိုင်ခြင်း မရှိသလို မန်ယူ ဂိုးရချိန်မှာ အောင်ပွဲမခံခဲ့တာလည်း တွေ့ရပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...